Sunday , May 28 2017
Home / သတင်း / သဘာဝပတ်ဝန်းကျင်ဆိုင်ရာ (page 2)

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ

d

ဧရာဝတီမြစ်တွင်း မြစ်သဲကျောက်စုပ်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးမည်

သီဟလွင် (မြစ်မခ) ပြည်၊ မတ်လ (၁၀)ရက်။ ပဲခူးတိုင်းဒေသကြီး ဧရာဝတီမြစ်အတွင်း မြစ်သဲကျောက်စုပ်ခြင်းများနှင့် ပတ်သက်၍ လိုင်စင်ချထားမှု ကိစ္စရပ်များ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကိစ္စရပ်များအား ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး လွှတ်တော်သစ်တောသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ တာဝန်ရှိသူများထံမှ သိရှိရသည်။

Read More »

ပဲခူးမြစ်ရေမှာ သုံးစွဲရန်မသင့်တော်တော့သည့် အခြေအနေအထိ ညစ်နွမ်းနေ

မျိုးမြတ်(မြစ်မခ) ပဲခူး၊ မတ် (၈) ရက်။ ပဲခူးမြို့သို့ဖြတ်သန်းစီးဆင်းနေသော ပဲခူးမြစ်ရေကို နော်ဝေနိုင်ငံမှ ရေသုတေသနအဖွဲ့(NIVA)၏ စစ်ဆေး  စမ်းသပ်ချက်အရ သုံးစွဲရန် မသင့်တော်တော့သည့် အနီရောင်အဆင့်သို့ ပြောင်းလဲသတ်မှတ်ထားကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရှိရသည်။ 

Read More »

သထုံခရိုင်အတွင်းရှိ ပင်လယ်ကမ်းစပ်ဒေသကျေးရွာများ ရေပြတ်လပ်မှုနှစ်စဉ်ခံစားနေရ

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ မတ် (၃) ရက်။ မွန်ပြည်နယ်၊ သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စာရင်းကောက်ယူများအရ မြေအောက်ရေမရှိသော ပင်လယ်ကမ်းစပ်ဒေသရှိ ကွင်းရွာများမှာ ရေပြတ်လပ်မှုကို နှစ်စဉ်ကြုံတွေ့ခံစားနေရကြောင်း သိရှိရသည်။

Read More »

ကျောက်မီးဖိုနှင့် ကျောက်အုတ်ထုတ်လုပ်မှုများကြောင့် ထိပ်စွန်းထုံးကျောက်တောင်တန်း ပျက်စီးယိုယွင်းနေ

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ ဖေဖော်ဝါရီ(၁၇)ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း အနောက်ဖက်ရှိ ထိပ်စွန်း ထုံးကျောက်တောင်တန်းမှ  တောင်များကို ဖြို၍ ကျောက်မီးဖိုနှင့် ကျောက်အုတ်ထုတ်လုပ်ငန်းများ လုပ်ဆောင်နေကြသည့်အတွက် ထုံးကျောက်တောင်တန်းများ တဖြည်းဖြည်းပျက်စီးယိုယွင်းလာနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

Read More »

စစ်တွေဟိုတယ်ရှေ့ ပွိုင့်ကမ်းခြေမှ သဲများအား ထုတ်ယူမှုကို စစ်တွေမြို့ အခြေစိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲများနှင့် မြို့ခံများကန့်ကွက်

ပန်လှအောင် (မြစ်မခ) မင်းပြား၊ ဖေဖော်ဝါရီ(၈)ရက်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနောက်စံပြရပ်ကွက် စစ်တွေဟိုတယ်ရှေ့ ပွိုင့်ကမ်းခြေမှ သဲများအား ထုတ်ယူရန် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ စီစဉ်နေခြင်းအပေါ် စစ်တွေမြို့ အခြေစိုက်သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး အဖွဲ့များ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများမှ ကန့်ကွက်လျက်ရှိကြောင်း သိရှိရသည်။

Read More »