Saturday , March 10 2018
Home / သတင်း / သဘာဝပတ်ဝန်းကျင်ဆိုင်ရာ (page 12)

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ

d

အင်္ဂပူမြို့နယ်၊ ကညင်ရိုးကျေးရွာတွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ်များ ဘေးလွတ်ရာသို့ နေ့စဉ် ပြောင်းရွှေ့ နေရ

ချမ်းငြိမ်း (မြစ်မခ) ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ သက္ကယ်ပြင်(သံ)အုပ်စု၊ ကညင်ရိုးကျေးရွာတွင် င၀န်မြစ်ကမ်းပါးပြိုကျ သဖြင့် ဇူလိုင်လ(၄)ရက်နေ့မှ စတင်ကာ အန္တရာယ်ရှိ နေအိမ်များ ဘေးလွတ်ရာသို့   နေစဉ် ပြောင်းရွှေ့နေ ရကြောင်း  ဒေသခံများထံမှ သိရှိရသည်။ ငဝန်မြစ်ရေ မြင့်တက်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် သက္ကယ်ပြင်(သံ)အုပ်စု ကညင်ရိုး ကျေးရွာ တွင် ကမ်းပါးနှင့်နီးသည့် အိမ်ခြေ(၁၉)လုံးကို ပြောင်းရွှေ့ရန် သက်ဆိုင်ရာ အစိုးရဌာနများသို့ တင်ပြထားပြီး  ဇူလိုင်လ(၄)ရက်နေ့မှ ဇူလိုင်လ (၁၂)ရက်အထိ အိမ်ခြေ(၈)လုံး ပြောင်းရွှေ့ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

Read More »

သံလွင်မြစ်တလျှောက် သန့်ရှင်းကောင်းမွန်သော မြန်မာ့ မြစ်ချောင်းများ ပေါ်ပေါက်ရန် ဆောင်ရွက်လျက်ရှိ

ချိုမာအောင် (မြစ်မခ) သံလွင်မြစ်တလျှောက်နေထိုင်သော ပြည်သူများကို တွေ့ဆုံ၍ သန့်ရှင်းကောင်းမွန်သော မြန်မာ့မြစ်ချောင်းများ ဖြစ်ပေါ် လာရေး ရှေ့ပြေးဆောင်ရွက်ခြင်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း မြန်မာ ပြည် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း MIID (Myanmar Institute For Integrated Development) အဖွဲ့မှ သိရှိရသည်။ သန့်ရှင်းကောင်းမွန်သောမြန်မာ့မြစ်ချောင်းများဖြစ်ပေါ်လာရေး ရှေ့ပြေးဆောင်ရွက်ခြင်း စီမံချက်ကို ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနရှိ ရေသေရေလဲအုပ်ချုပ်ရေးဌာနတို့ဖြင့် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ တက္ကသိုလ်များ၊ ရပ်ရွာလူထုနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ၂၀၁၅ ခုနှစ်မှ စတင်ကာ ၂၀၁၇ ခုနှစ်အထိ စီမံကိန်းအကောင်အထည်ဖော်ဆောင်နေခြင်းဖြစ်သည်။

Read More »

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင် ဇူလိုင် ၇ ရက်နေ့၊ မနက်ပိုင်းမှစ၍ မိုးရွာသွန်းမူ ရပ်တန့်ကာ ရေပြန်ကျ

ပန်လှအောင် (မြစ်မခ) မင်းပြား၊ ဇူလိုင် (၇) ရက်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင် ဖြစ်ပေါ်နေသော ရေကြီးမှုများမှာ ဇူလိုင် ၇ ရက်နေ့ နံနက်ပိုင်းမှစ၍ မိုးရွာသွန်းမှု ရပ်တန့်သွားကာ ရေပြန်ကျဆင်းနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မိုးဆက်တိုက်ရွာသွန်းနေမူကြောင့် ဇူလိုင်လ ၄ ရက်နေ့မှ စ၍ ကစ္ဆပနဒီ နှင့် လေးမြို့မြစ်တို့ ပင်လယ်ဒီရေမြင့်တတ်ကာ ဘူးသီးတောင်၊ ပုဏ္ဍာကျွန်း၊ မင်းပြား၊ မြောက်ဦးမြို့တို့တွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။   

Read More »

ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကစ္ဆပနဒီမြစ်နှင့် လေးမြို့မြစ်ရေ မြင့်တက်

ပန်လှအောင် (မြစ်မခ) မင်းပြား၊ ဇူလိုင် (၅) ရက်။ ရခိုင်ပြည်နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကစ္ဆပနဒီမြစ်နှင့် လေးမြို့မြစ်ရေ  မြင့်တတ် လာပြီး ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ရေကြီးမှုများဖြစ်ပေါ်နေကြောင်း သိရှိရသည်။ ဇူလိုင်လ ၄ ရက်နေ့မှစ၍  ကစ္ဆပနဒီနှင့် လေးမြို့မြစ်များတွင် ဒီရေတိုးလာခြင်းဖြစ်ပြီး ဇူလိုင် ၅ ရက်နေ့တွင် ပိုမိုမြင့်တတ်လာကာ အဆိုပါ မြို့နယ်(၃)ခုရှိ  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ ရေနစ်မြုပ်နေပြီး မြစ်ကြောင်း တစ်လျှောက်ရှိ ဒေသခံများ ရေဘေးလွှတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။

Read More »

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် မိုးရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေ (၃)ပေနီးပါးခန့်မြင့်တက်

နန္ဒ-စစ်ကိုင်းတိုင်း(မြစ်မခ) မုံရွာ၊ဇူလိုင်(၄)ရက်။ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် မိုးရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေသည် လက်ရှိရေအမှတ်၏ထက် (၃)ပေနီးပါးခန့်မြင့်တက်လာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။ ဇူလိုင်လ(၃)ရက်နေ့က ခန္တီးမြို့တွင် (၇.၄၈)လက်မနှင့် ဟုမ္မလင်းမြို့တွင်(၄.၃၃)လက်မ မိုးရွာသွန်းခဲ့မှုကြောင့် မုံရွာမြို့ ချင်းတွင်းမြစ်ရေမြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read More »