Friday , September 22 2017
Home / သတင်း / သဘာဝပတ်ဝန်းကျင်ဆိုင်ရာ (page 10)

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ

d

ရေကြီးမှု ခံစားနေရသည့် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့တွင် အလှူပစ္စည်းများ လိုအပ်နေ

မျိုးသက်ဦး(မြစ်မခ) သာပေါင်း၊ သြဂုတ် (၁၇)ရက်။ ရေကြီးမှု ခံစားနေရသည့် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့သို့ အလှူရှင်များ လာရောက်သော်လည်း တစ်မြို့နယ်လုံးသို့ အလှူပစ္စည်းများ မရရှိသေးကြောင်း ရေဘေးကူညီရေးလုပ်ငန်း ဆောင်ရွက် နေသူများထံမှ သိရှိရသည်။ “ဒီနှစ်က ထောက်ပံ့လှူဒါန်းမှုတွေ နည်းပါးနေတယ်လို့ ပြောရမှာပါ။ ရေကြီးနေတဲ့ ဧရိယာကများတော့ လွှမ်းခြုံ နိုင်မှုမရှိသေးပါဘူး။” ဟု ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းထွန်းက ပြောသည်။

Read More »

ပုသိမ်မြို့တွင် စံချိန်တင် ရေကြီးမှုအဖြစ် င၀န်မြစ်၏ စိုးရိမ်ရေ အမှတ်ထက် ၅၀ စင်တီမီတာ ကျော်လွန်နေ

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊သြဂုတ်(၁၅)ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သြဂုတ်(၁၅)ရက်၊ နေ့လည်(၁၂း၀၀)နာရီအချိန် တိုင်းထွာချက်များအရ င၀န်မြစ်ရေသည် စိုးရိမ်ရေမှတ်ထက်(၅၀)စင်တီမီတာ ကျော်လွန်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ သိရှိရသည်။ ပုသိမ်မြို့၏ င၀န်မြစ်ရေစိုးရိမ်ရေမှတ်သည် (၃၅၀)စင်တီမီတာဖြစ်ပြီး သြဂုတ်လ(၁၅)ရက်တွင် (၄၀၀)စင်တီမီ တာအထိ ရောက်ရှိနေကြောင်း သိရသည်။

Read More »

ရေဘေးအတွက် တိုင်းဧရာအစိုးရမှ တာတမံ ကြံခိုင်မှုများကို အဓိကဦးစားပေးလုပ်ဆောင်သွားမည်

မျိုးမင်းထွန်း (မြစ်မခ) ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၃ ခု၌ဖြစ်ပွါးနေသော ရေကြီးနစ်မြုပ်မှုများ ဆက်လက်မဖြစ်ပွားစေရန် အစိုးရမှ တာတမံများကြံခိုင်မှုရှိစေရန် ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်မန်းဂျော်နီက ပြောဆိုလိုက်သည်။ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင် နှင့် မအူပင်ခရိုင် များတွင် လတ်တလောဖြစ်ပွားနေသော ရေကြီးနစ်မြုပ် မှုများအတွက် အစိုးရမှမည်သို့စီမံမည်ကို သိရှိလိုကြောင်း သြဂုတ်လ ၇ ရက်နေ့က မီဒီယာများ၏ မေးမြန်းမှုကို ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်မန်းဂျော်နီက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Read More »

ရခိုင်ပြည်နယ်အတွင်း ရေကြီးမှုမဖြစ်ပေါ်စေရန် သဲသောင်များအား တူးဖော်ပေးရန်လိုအပ်နေ

ပန်လှအောင် (မြစ်မခ) မင်းပြား၊ သြဂုတ် (၃)ရက်။ ရခိုင်ပြည်နယ်တွင် ရေကြီးမူ မဖြစ်ပွားစေရန် ပြည်နယ်အတွင်းရှိ မြစ်ကြောင်း၊ မြစ်ဝ၊ ချောင်း၊ ချောင်းဝများတွင် ပိတ်ဆို့နေသည့် သဲသောင်များအား တူးဖော်ပေးရန်လိုအပ်ကြောင်း ဒေသခံများနှင့် ဒေသတွင်း အင်ဂျင်နီယာတို့ထံမှ သိရှိရသည်။ ရခိုင်ပြည်နယ်တွင် တောင်ပေါ်မြို့များမှ မြစ်ချောင်းများ ပင်လယ်အတွင်းသို့ ရေများစီးဝင်ရာတွင် သဲသောင်များ ပိတ်ဆို့နေသည့်အတွက် မြေပြန့်မြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ပိတ်ဆို့နေသည့် သဲသောင်များအား ရှင်းလင်းမည်ဆိုပါက ရေကြီးမှုမဖြစ်ပေါ်နိုင်ကြောင်း ဒေသခံများနှင့် အတွေ့အကြုံရှိ အင်ဂျင်နီယာများက ထောက်ပြပြောဆိုသည်။

Read More »

ဧရာဝတီတိုင်းဒေသကြီး၏ အကြီးဆုံး ငဝန်ရေကာတာသည် ရေဘေးအန္တရာယ်များကို ခံနိုင်မှုရှိ

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ ဇူလိုင်(၂၉)ရက်။ ဧရာဝတီတိုင်းဒေသကြီး၏ အကြီးဆုံးငဝန်ရေကာတာ၏ ကြံ့ခိုင်ရေးလုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက် ထားပြီး ဖြစ်သဖြင့် မိုးရာသီအတွင်းကြုံတွေ့လာနိုင်သည့် ရေဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်မှုရှိကြောင်း ပုသိမ်ခရိုင်နှင့် ဟသာင်္တခရိုင် ဆည်မြောင်းဦးစီးဌာနမှ သိရှိရသည်။ ငဝန်တာသည် ဟင်္သာတမြို့ မိုင်တိုင် ၂/၀ မှစ၍ မြို့နယ်(၆)မြို့နယ်အတွင်း မိုင်ပေါင်း(၇၃)မိုင်(၇) ဖာလံ ရှည်လျားသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အကြီးဆုံးရေတား တာဖြစ်ပြီး စိုက်ပျိုးမြေဧက (၂)သိန်း ကျော်ကို ကာကွယ်ထားကြောင်း သိရသည်။

Read More »