Monday , January 8 2018
Home / သတင်း / ရွေးကောက်ပွဲဆိုင်ရာ (page 9)

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲတရားမျှတပါက ရေးNLD အနေဖြင့် ယှဉ်ပြိုင်သည့်နေရာအားလုံး အောင်မြင်နိုင်ဟုဆို

ဝင်းနိုင်သက် (မြစ်မခ)   နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွှေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတပါက ရေးမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ပါတီအနေဖြင့် နေရာအားလုံးတွင် အနိုင်ရရှိလိမ့် မည်ဟု ယုံကြည်ကြောင်း ယင်းပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လောင်း ဦးမျိုးဝင်း ပြောဆိုလိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနေဖြင့် မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်စသဖြင့် ၅ နေရာဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။

Read More »

တောင်ကိုရီးယားနှင့် စင်္ကာပူရောက် မြန်မာများ ကြိုတင်မဲပေးရာ၌ အခက်အခဲရှိနေ

ဇော်မင်း (မြစ်မခ)   ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် တောင်ကိုရီးယားနိုင်ငံနှင့် စင်္ကာပူနိုင်ငံမှ ပြည်ပရောက်မြန်မာ နိုင်ငံသားများ၏ ကြိုတင်မဲများကို သက်ဆိုင်ရာနိုင်ငံများမှမြန်မာသံရုံးများတွင် ကြိုတင်မဲပေးကြပြီဖြစ်ကြောင်း သိရှိရသည်။ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများသည် အောက်တိုဘာ(၁၅)ရက် နံနက်ပိုင်းမှ စတင် ကာ သက်ဆိုင်ရာသံရုံးများတွင် ကြိုတင်မဲပေးရာတွင် အမည်မပါဝင်ခြင်းများ၊ မဲ လက်မှတ်အပြည့်အစုံ မထုတ် ပေးခြင်းများ ဖြစ်ပေါ်နေကြောင်း ပြည်ပရောက်မြန်မာနိုင်ငံသားများ မဲပေးလှုံ့ဆော်ရေး ကော်မတီဝင်များထံမှ သိရသည်။

Read More »

လူငယ်များ၏ ဦးဆောင်မှုဖြင့် ရေးမြို့နယ်အတွင်း ရွေးကောက်ပွဲအသိပညာပေးလုပ်ငန်းများ စတင်

ဝင်းနိုင်သက် (မြစ်မခ)   လာမည့်အထွေထွေရွေးကောက်ပွဲအတွင်း ပြည်သူများ ရွေးကောက်ပွဲဆိုင်ရာ အသိပညာရရှိစေရေး အတွက် ရေးမြို့နယ်အတွင်းမှ မွန်လူငယ်များ ဦးဆောင်ကာ ကျေးလက်နေ ပြည်သူများအား အသိ ပညာပေးခြင်း လုပ်ငန်းများကို အောက်တိုဘာလ ၁၄ ရက်နေ့မှ စတင်ကာ ဆောင်ရွက်နေပြီဖြစ် ကြောင်း သိရသည်။ ရွေးကောက်ပွဲ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် မဲရုံ အပြင် အဆင်၊ မဲစာရွက်များ၊ တံဆိပ် တုံးများ၊ မဲပေးမည့်အခန်းစသည့် လက်တွေ့ကျသည့်ဆောင်ရွက်မှုမျိုးဖြင့် ပြုလုပ်မည် ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ ပိုမို နားလည်လွယ်စေမည်ဖြစ်ကြောင်း မွန်လူငယ် ရွေးကောက်ပွဲပညာပေးအဖွဲ့မှ  ဦးမင်းစိုးသိန်းက ပြောသည်။

Read More »

စင်္ကာပူရောက် ကလေးမြို့မှဒေသခံများ ရွေးကောက်ပွဲနေ့ မဲပေးနိုင်ရေးအမှီ ပြန်လာမည်

ကျော်သူစိုး (မြစ်မခ)   စင်္ကာပူနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအဖြစ် ရောက်ရှိနေသော ကလေးမြို့မှ ဒေသခံများသည် ရွေးကောက် ပွဲ ကျင်းပမည့်နေ့အမီ ပြန်လာကာ ဆန္ဒမဲပေးမည်ဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင် များထံမှ သိရှိရသည်။ အောက်တိုဘာလ (၁၃) ရက်နေ့ ညပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ  ကော်မတီ အဖွဲ့ဝင်များ၏ တင်ပြချက်များအရ ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းလိုက်ပါက ဖြစ်ပေါ်လာနိုင်သည့် အကျိုးအပြစ်များကို လေ့လာသုံးသပ်၍ ရက်ရွှေ့ဆိုင်းခြင်းမပြုတော့ပဲ မူလသတ်မှတ်ထားသည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။

Read More »

သဘာဝဘေးအန္တရာယ်များကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းမည့်အစီအစဉ်ရှိနေကြောင်း သတင်းများထွက်ပေါ်  

မင်းအံ့သွန်း(မြစ်မခ) နိုင်ငံရေးပါတီများက ရွေးကောက်ပွဲရွှေ့ဆိုင်းမည်ကို စိုးရိမ်နေကြသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သဘာဝဘေးအန္တရာယ်များကြောင့်ဟုဆိုကာ ရွေးကောက်ပွဲကို ရွေ့ဆိုင်းမည့် အစီအစဉ်ရှိနေ သည်ဟု နိုင်ငံရေးပါတီအသိုင်းအ၀ိုင်းမှ သိရှိရသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ဆိုင်းရန် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အောက်တိုဘာ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် ပါတီ(၁၀)ပါတီကို ဖိတ်ကြားကာ အစည်းအဝေးတစ်ရပ်ခေါ်ယူရာတွင် ယခုကဲ့သို့ သတင်းများပေါ်ထွက်ခဲ့ခြင်းဖြစ်သည်။

Read More »