Monday , June 5 2017
Home / သတင်း / ရွေးကောက်ပွဲဆိုင်ရာ (page 5)

ရွေးကောက်ပွဲဆိုင်ရာ

ကော့မှူး မဲရုံအမှတ်(၁)နှင့်(၂)တွင် အရပ်ဘက်စောင့်ကြည့်ရေးအဖွဲ့များ မရှိ

အေမီအောင် (မြစ်မခ)   ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် အဖျောက်ကျေးရွာ မူလတန်းလွန်ကျောင်း အဖျောက် ကျေးရွာအုပ်စုတွင် အမှတ်(၁)နှင့်(၂)မဲရုံကိုဖွင့်ထားပြီး အဆိုပါမဲရုံနှစ်ခုတွင် မဲပေးမည့်သူ (၁၀၀) ဝန်းကျင်မှာ နံနက်(၅း၀၀) နာရီခန့်ကတည်းက ရောက်ရှိလျက်ရှိကြောင်း သိရှိရသည်။ မဲရုံအား နိုဝင်ဘာ(၈)ရက် နံနက် ၆ နာရီတွင် စတင်ဖွင့်လှစ်ပြီး နံက် ၈ နာရီ ၃၀ မိနစ်တွင် မဲပေးရန် တန်းစီနေသူ ၅၀၀ ဦးခန့်ရှိပြီဖြစ်သည်။

Read More »

ကမာရွတ်မြို့နယ် အမှတ်(၆)ရပ်ကွက် မဲရုံ ၂ ရုံတွင် ဆန္ဒမဲပေးနိုင်သူ ၃၆၀၀ ကျော် ရှိ

  ယုန်လေး (မြစ်မခ) ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် အမှတ်(၆) ရပ်ကွက် နာနတ်တော်လမ်း အထက(၃)အတွင်းရှိ မဲရုံ(၂)ရုံတွင် ဆန္ဒမဲပေးနိုင်သူဦးရေ ၃၆၀၀ ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အသိုင်းအ၀ိုင်းမှ သိရသည်။ ကမာရွတ်မြို့နယ်အမှတ်(၆) ရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲဆန္ဒရှင်(၂၀၆၇)ဦး၊ မဲရုံအမှတ်(၂)တွင် မဲဆန္ဒရှင် (၁၆၀၀)၀န်းကျင်ရှိနေခြင်းဖြစ်ပြီး နာနတ်တောလမ်း ၊ အထက(၃) ကမာရွတ်မြို့နယ်၊ ဒသမတန်းစာသင်ခန်း များအား မဲရုံအဖြစ်အသုံးပြုခဲ့ခြင်းဖြစ်သည်။   “ မဲပေးရမယ့် အခန်းဝမှာ အတန်းခွဲလို့ ကော်မရှင်ကတာဝန်ရှိသူတွေနဲ့ စကားများခဲ့ရသေးတယ်၊ တစ်ထောင် အထက် ဂဏန်းတွေကို အတန်းခွဲမယ်ဆို၊ မဲပေးချင်လွန်းလို့ အစောကြီးလာတဲ့သူတွေအတွက် နစ်နာပါတယ် ၊ ဒါလေးတောင် စီမံခန့်ခွဲမှု မလုပ်နိုင်ရင် ကော်မရှင်ဝန်ထမ်းတွေ လုပ်မနေပါနဲ့ …

Read More »

စမ်းချောင်းမြို့ မဲရုံ အမှတ် ၁၊ ၂ အနီးရှိ အမှိုက်ပုံးထဲတွင် လက်ပစ်ဗုံးဟု ယူဆရသည်ကို တွေ့ရှိ

သန့်ဇင်ဦး(မြစ်မခ) ——————— ရန်ကုန် – နိုဝင်ဘာ(၈)ရက်။ ရန်ုကုန်မြို့ စမ်းချောင်းမြို့နယ်၊ ကျွန်းတောမြောက်ရပ်ကွက်၊ ငှက်ပျောတောလမ်းထိပ် မဲရုံ အမှတ် ၁၊ ၂ တည်ရှိရာ အမှတ် ၈ အခြေခံပညာ မူလတန်းကျောင်းရှေ့ အမှိုက်ပုံးထဲတွင် လက်ပစ်ဗုံးဟု ယူဆရသည်ကို တွေ့ရှိခဲ့ပြီး ပြည်သူများ အထိတ်တလန့် ဖြစ်ပွားခဲ့ပြီး လက်ရှိ မိုင်းရှင်းလင်းရေး အဖွဲ့ခေါ်ထားကြောင်း သိရသည်။ ဒုတိယ ရဲမှူးကြီး ကျော်ထွဋ်နှင့် အဖွဲ့သည် ၁၀ နာရီ ၁၂ မိနစ်တွင် လာရောက် စစ်ဆေးကာ ကလေး ကစားစရာဟု ပြောဆိုပြီး ယူဆောင်သွားကြောင်း သိရသည်။ စမ်းချောင်းမြို့နယ်၊ မုန့်လက်ဆောင်းကုန်းတောင်ရပ်ကွက် မဲရုံအမှတ် (၁) တွင် နံနက် …

Read More »

မဲပေးခွင့်ဆုံးရှုံးတဲ့ နိုင်ငံသား ဘယ်လောက်များများရှိနေလဲ

(ရွေးကောက်ပွဲဆိုင်ရာ အတွေးအမြင်ဆောင်းပါး ) မေသင်္ကြန်ဟိန်(မြစ်မခ) ရွေးကောက်ပွဲနေ့ နီးကပ်လာတာနဲ့ အမျှ မြန်မာနိုင်ငံသားတွေ မဲပေးဖို့ စိတ်အား ထက်သန် လာကြတာ တွေ့ရပါတယ်။  စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရင်းက ရုံးချိန်အတွင်းမှာပဲ ရပ်ကွက်ရုံးတွေကို အပြေးအလွှားသွားပြီး မဲစာရင်းကြည့်ကြတာတွေ သက်သေခံမဲလက်မှတ် ထုတ်ကြသူတွေနဲ့ ရပ်ကွက်ရုံးတွေမှာ လူစည်ကားဆုံး ကာလလို့တောင် ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ၀မ်းနည်းဖွယ်ကောင်းတာကတော့ မဲပေးချင်တဲ့ မဲဆန္ဒရှင်အချို့က မဲစာရင်းထဲမှာ နာမည် မပါတဲ့အတွက် မဲပေးခွင့်မရှိဘူးဆိုတာပါပဲ။ `မဲစာရင်းကို ပထမကြေညာတုန်းက ကျွန်မ နာမည်ပါပါတယ်။ အခု သက်သေခံလက်မှတ် ကဒ်ပြားသွားထုတ်တော့ ကျွန်မနာမည်မပါတော့ဘူး၊ မဲပေးခွင့်မရှိတော့ဘူး`လို့ အသက် ၂၇နှစ် အရွယ်၊ မရမ်းကုန်းမြို့နယ်မှာ နေထိုင်တဲ့ မခိုင်က ပြောပါတယ်။

Read More »

မဲဆန္ဒရှင်သက်သေခံလက်မှတ် နိုဝင်ဘာလ ၅ ရက်နေ့မှစ၍ ကိုယ်တိုင်ထုတ်ယူရမည်

ချမ်းငြိမ်း(မြစ်မခ)   မဲစာရင်းမှားသည်ဟု သံသယမရှိစေရန် မဲဆန္ဒရှင်သက်သေခံလက်မှတ်များအား မဲဆန္ဒရှင်ကိုယ်တိုင် လာရောက်ထုတ်ယူခိုင်းသည့်စနစ်အား ပြောင်းလဲကျင့်သုံးလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ခွဲမှ အဖွဲ့ဝင် ဦးရဲမြင့်ထံမှ သိရှိရသည်။ မဲဆန္ဒရှင်သက်သေခံလက်မှတ်များကို နိုဝင်ဘာလ(၂)ရက်နေ့မှ (၆)ရက်နေ့အထိနံနက်(၁၀)နာရီမှ ညနေ(၆)နာရီအတွင်း လာရောက်ထုတ်ယူနိုင်ကြောင်းကြေညာထားပြီး သက်သေခံလက်မှတ်များအား ယခင်ကအိမ်တိုင်ရာရောက် လာရောက်ပေးအပ်သော်လည်း နိုဝင်ဘာလ ၅ ရက်နေ့တွင် မဲဆန္ဒရှင် ကိုယ်တိုင်လာရောက်ထုတ်ယူရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

Read More »