Sunday , September 24 2017
Home / သတင်း / ရွေးကောက်ပွဲဆိုင်ရာ (page 4)

ရွေးကောက်ပွဲဆိုင်ရာ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ယှဉ်ပြိုင်သည့် ဘုတလင်မြို့နယ်မဲဆန္ဒနယ်တွင် NLD အပြတ်အသတ် အနိုင်ရ

ကောင်းခန့်လင်း(မြစ်မခ)   စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)၌ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်ဇေလင်းက စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးကို မဲ(၆၈)ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း ဘုတလင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ သိရသည်။ “နိုင်မယ်ဆိုတာ စည်းရုံးရေးလှည့်တုန်းကတည်းက ကြိုသိပါတယ်။ မဲရေတွက်ပြီးလို့ ပုံစံ(၁၆)ကနေ ပုံစံ(၁၉) သွင်းပြီးချိန်ထိ ပါတီကိုယ်စားလှယ်တွေ လက်မှတ်မထိုးသေးလို့ အနည်းငယ်ကြန့်ကြာနေပါတယ်”ဟု ဘုတလင် မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာကျော်ဇေလင်းက ပြောသည်။

Read More »

ကြိုတင်မဲ မှန်ကန်ရဲ့လားဟု ဒေါ်အောင်ဆန်းစုကြည် ကော့မှူးကော်မရှင်ကို မေးမြန်း

အေမီအောင် (မြစ်မခ)   ကြိုတင်မဲပေးခြင်းနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်ဖြစ်ရဲ့လားဟု ရန်ကုန်တိုင်းဒေသကြီး ကော့မှူး မြို့နယ်ရှိ မဲရုံများတွင်တာဝန်ကျနေသော ရွေးကောက်ပွဲကော်မရှင်များကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းခဲ့ကြောင်း သိရှိရသည်။ ကော့မှူးမြို့ မြို့သစ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်း ကျောင်းရှိ မဲရုံအမှတ်(၁) သို့သွားရောက် ကြည့်ရှုစဉ် ကြိုတင်မဲနှင့် ပတ်သက်သည်ကို မေးမြန်းခဲ့သည်ဟု မြို့သစ်ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသန်းချစ်က ပြောသည်။

Read More »

အခက်အခဲတွေကြားက ပေးခဲ့ရတဲ့ မဲပြားတွေ 

မြစ်မခ အလင်းရောင်ပင် မရသေး ကမာရွတ်မြို့နယ် အထက(၃)ကျောင်းဝင်းအတွင်းက မဲဆန္ဒရှင် ပြည်သူ တွေ လှုပ်လှုပ်ရှားရှားဖြစ်လို့နေကြပြီ၊ တစ်နာရီသာသာလောက်ကြာတော့ သူတို့တစ်တွေရဲ့ မျက်နှာ တွေပေါ်မှာ ဒီမိုကရေစီ အစိုးရသစ် ရွေးချယ်ဖို့ စိတ်အားထက်သန်နေတဲ့ အရိပ်အယောင်တွေက လည်း  မနက်ခင်း နေခြည်နုနုနှင့်အတူ လန်းဆန်းလာတော့သည်။ နိုဝင်ဘာလ (၈)ရက်နေ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံအ၀ှမ်းမှ မဲဆန္ဒရှင်ပြည်သူ အားလုံးအနည်းနှင့်အများဆိုသလို စိတ်လှုပ်ရှားခဲ့ကြသည့် နံနက်ခင်းတစ်ခုပင် ဖြစ်၍ နေပါတော့သည်။ မဲပေးစဉ် စိတ်လှုပ်ရှားခဲ့ကြသလို မဲရလာဒ် ကြေညာချိန်၌လည်း သူတို့မဲပေးခဲ့တဲ့ ကိုယ်စားလှယ်တွေ အနိုင်ရပါ့မလား၊ အနိုင်ရခဲ့ရင်ရော လွှတ်တော်ထဲရောက်ရှိပါ့မလား၊ အစိုးရကရော ၁၉၉၀ ရွေးကောက်ပွဲတုန်းကလို လွှတ်တော်မခေါ်ဘဲ နေမလား စတဲ့ အတွေးတွေနဲ့ ပူပင်မှုတွေ ရှိနေ …

Read More »

မင်းပြားUSDP ပါတီဝင်တစ်ဦး ရွေးကော်အင်္ကျီဝတ်၍ မဲရုံများသို့ လှည့်လည်ကြည့်ရှုနေ

ပန်လှအောင်(မြစ်မခ) မင်းပြား – နိုဝင်ဘာလ (၈) ရက် ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးက ရွေးကောက်ပွဲ ကော်မရှင် မှ ထုတ်ထားသည့်အင်္ကျီကိုဝတ်ကာ ကျေးရွာအချို့ရှိ မဲရုံများသို့ သွားရောက်ကြည့်ရှု နေသဖြင့် အရေးယူသွားရန် စိစဉ်နေကြောင်း ဂျမ်းတိုက်ရွာမဲရုံတွင် တာဝန်ကျ အထူးရဲထံမှ သိရှိ ရသည်။ “ သူ့ကို အဲဒီအက င်္ျီပေးထားတာမရှိဘူး။ အဲဒီအတွက်စစ်ဆေးနေတယ်။ သူ့ကိုမေးပြီး ကော်မရှင်က အဖွဲ့ဝင်တွေနဲ့ တိုင်ပင်ပြီး အရေးယူမှုတွေဆောင်ရွက်သွားမယ်။” ဟု မင်းပြားမြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးထွန်းသာအောင်က ပြောသည်။

Read More »

ပဲခူးတိုင်းဝန်ကြီးချုပ် လာရောက်မဲထည့်မည့် ဇီးကုန်းမြို့ အမှတ်(၅)ရပ်ကွက် မဲရုံအမှတ်(၁)တွင် မှင်ယို့စိမ့်မှု ဖြစ်ပွား

  သီဟလွင်- ပြည် (မြစ်မခ) ပဲခူးတိုင်းဝန်ကြီးချုပ် လာရောက်မဲထည့်မည့် ဇီးကုန်းမြို့ အမှတ်(၅)ရပ်ကွက် မဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေးရာတွင် မှင်ယိုစိမ့်ခြင်းနှင့်မှင်မထင်ခြင်း ပြဿနာများဖြစ်ပေါ်နေပြီး နေကြောင်း မဲပေးခဲ့သော ဆန္ဒရှင်များထံမှ သိရှိရသည်။ မဲစတင်ပေးစဉ် မနက် (၆း၃၀) ခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မဲလက်မှတ်အား အမှန်ခြစ်တံဆိပ်တုံး ရိုက်နှိပ်ရာတွင် တံဆိပ်တုန်းမှ မှင့်ယိုစိမ့်နေခြင်းဖြစ်ပြီး ပေးခဲ့သည့်မဲများပဲမဲဖြစ်သွားမည်ကို မဲဆန္ဒရှင် များက စိုးရိမ်နေကြသည်။

Read More »