Monday , May 29 2017
Home / သတင်း / ရွေးကောက်ပွဲဆိုင်ရာ (page 3)

ရွေးကောက်ပွဲဆိုင်ရာ

မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်သို့ ရွေးကောက်ပွဲ အသုံးစရိတ်တင်သွင်းသူ ၉၀ ဦးအထိရှိလာ

ချိုမာအောင် (မြစ်မခ) မော်လမြိုင် – ဒီဇင်ဘာ(၉)ရက်။ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်သို့ ရွေးကောက်ပွဲအသုံးစရိတ်တင်သွင်းရမည့် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်လောင်း (၁၄၈)ဦးအနက် ဒီဇင်ဘာလပထမပတ်အတွင်း (၉၀)ဦး တင်သွင်းပြီးဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။ “ရွေးကောက်ပွဲအသုံးစရိတ်က ရွေးကောက်ပွဲရလဒ်တစ်ခုကို အချိန်မရွေးပြောင်းလဲသွားနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အသုံးစရိတ်အတွက် ကြိုတင်ပြင်ဆင်ထားတယ်။ ဘာအတွက်ကြောင့် သုံးတယ်ဆိုတဲ့ ဖြတ်ပိုင်းလေးတွေကအစ သိမ်းထားတယ်။ ကျွန်တော်တို့က စာရင်းအင်းပညာရှင် မဟုတ်တဲ့အခါကျတော့ စာရင်းရုံးက တတ်ကျွမ်းတဲ့သူတွေကို အကူအညီတောင်းရတယ်”ဟု သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးဥာဏ်ဟိန်းက ပြောသည်။

Read More »

ချင်းတိုင်းရင်းသားပါတီများနေ၍ ရွေးကောက်ပွဲရှုံးသည်ဟု ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နိုထန်ကပ်ဆို

ကျော်သူစိုး (မြစ်မခ) ကလေးမြို့- နိုဝင်ဘာ (၁၉) ရက်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းတိုင်းရင်းသားပါတီများရှုံးနိမ့်ရခြင်းမှာ ချင်းတိုင်းရင်းသား ပါတီများ နေ၍ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နိုထန်ကပ်က ပြောဆိုလိုက်သည်။ “အခုလိုရွေးကောက်ပွဲမှာ ချင်းတိုင်းရင်းသားပါတီငယ်တွေ ရှုံးနိမ့်ခဲ့ရတာဟာ ချင်းတိုင်းရင်းသား ပါတီတွေ (၁၀)ခု လောက်ပေါ်လာတော့ အင်အားပြန့်ကုန်တယ်။ နွားကွဲလို့ ကျားဆွဲခံရတဲ့အဖြစ်ပါ။ တိုင်းရင်းသား ဒေသတွေမှာ NLD လှိုင်းကြီးတိုက်ခတ်လာပြီး အနိုင်ယူတဲ့အခါ တစ်ခုတော့ကောင်းတယ်။ ဒီလှိုင်းကြီးကြောင့် ကျွန်တော်တို့ စုစည်းလာပါလိမ့်မယ်။ တစ်ပါတီတည်းစုစည်းပြီး စည်းစည်းလုံးလုံးနေမှ အကျိုးရှိမယ်ဆိုတာ သိလာကြပါလိမ့် မယ်လို့ အကောင်းဘက်ကမြင်ပါတယ်”ဟု ချင်းတိုးတက်ရေးပါတီမှ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုထန်ကပ်က ပြောသည်။

Read More »

အငြင်းပွားမှုဖြစ်နေသည့်ကျောင်းကုန်းမြို့နယ် မဲရလာဒ် NLD မှ သက်သေခိုင်လုံစွာမပြနိုင်သဖြင့် အတည်ပြု

မျိုးမင်းထွန်း – ဧရာဝတီတိုင်း(မြစ်မခ) ပုသိမ် – နိုဝင်ဘာလ (၁၂) ရက်။ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်အမှတ်(၁) မဲဆန္ဒနယ်တို့၏ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အောင်နိုင် ရေးအဖွဲ့မှ သက်သေခိုင်လုံစွာမပြနိုင်သဖြင့် မဲရလာဒ်များအား အတည်ပြုလိုက်ကြောင်း သိရှိရသည်။ သက်ဆိုင်ရာမြို့နယ်အတွင်းရှိ မဲရုံတစ်ရုံချင်းစီ၏ မဲရလာဒ်စာရင်းဖြစ်သည့် ပုံစံ ၁၆ စာရင်းများကို ပြင်ဆင် ထားသည့် မဲရလဒ်အငြင်းပွားမှုကို ကျောင်းကုန်းမြို့နယ် ကော်မရှင်ရုံး၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများက ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံညှိုနှိုင်းခဲ့ရာ သက်သေမပြနိုင်သဖြင့် မဲရလဒ်များကို နိုဝင်ဘာ(၁၁) ရက်နေ့ညပိုင်းက အတည်ပြုလိုက်ခြင်းဖြစ်သည်။

Read More »

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်လောင်းများ စာရင်းကို နိုဝင်ဘာ (၁၅)ရက်နေ့ အပြီးကြေငြာမည်

အေမီအောင်(မြစ်မခ)   ရွေးကောက်ပွဲတွင် အနိုင်ရသည့် တစ်နိုင်ငံလုံး ကိုယ်စားလှယ်လောင်းများ၏ မဲရလဒ်စာရင်းများကို နိုဝင်ဘာ (၁၅)ရက်တွင် အပြီးသတ်ကြေငြာပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့၊ ရွေးကောက်ပွဲ ဆိုင်ရာဌာနမှ ညွှန်ကြားရေးမှူး စိုင်းကျော်သူထံမှ သိရှိရသည်။ “တစ်နိုင်ငံလုံးက အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတွေ မဲရလဒ်တွေကို နိုဝင်ဘာ ၁၄ ရက် ကျော် ၁၅ ရက်နေ့ လောက်မှ ကြေငြာတာ အကုန်ပြီးမယ်။ နိုဝင်ဘာ ၁၅ ရက်ကို အပြီးကြေငြာပေးသွားမှာပါ။” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ၊ ရွေးကောက်ပွဲဆိုင်ရာ ဌာနမှ ညွှန်ကြားရေးမှူး စိုင်းကျော်သူက  ပြောသည်။

Read More »

မဲရလဒ်ကို ဒုတိယအကြိမ်ပြင်ဆင်ထုတ်ပြန်ခဲ့သည့် ကလေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်

ကျော်သူစိုး (မြစ်မခ)   စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်က မဲရလဒ်များထုတ်ပြန်ရာတွင် ကိန်းဂဏန်း မှားယွင်းမှုအချို့ရှိခဲ့သောကြောင့် ဒုတိယအကြိမ်ပြန်လည်ပြင်ဆင်ထုတ်ပြန်မှုပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။ မြို့နယ်ကော်မရှင်သည် ရွေးကောက်ပွဲအနိုင်၊ အရှုံးရလာဒ်များကို နိုဝင်ဘာ(၉)ရက်နေ့ ည(၁၂)နာရီက ပထမ အကြိမ်အရေးပေါ်ထုတ်ပြန်ပေးခဲ့ရာတွင် ကိန်းဂဏန်းကွာဟမှုအချို့ရှိသဖြင့် ပြန်လည်ပြင်ဆင်ကာ နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းတွင် ထပ်မံထုတ်ပြန်သည့် ပုံစံ(၁၉)ကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read More »