Thursday , November 30 2017
Home / သတင်း / ရွေးကောက်ပွဲဆိုင်ရာ (page 2)

ရွေးကောက်ပွဲဆိုင်ရာ

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူများစာရင်းကို ပထမအကြိမ်အဖြစ် ဖေဖော်ဝါရီ(၁) ရက်မှ (၁၄)ရက်ထိ ထုတ်ပြန်မည်

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ ဇန်နဝါရီ(၃) ရက်။ ဧပြီ(၁)ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူများစာရင်းကို ပထမအကြိမ်အဖြစ်  ဖေဖော်ဝါရီ (၁) ရက်မှ (၁၄)ရက်ထိ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများတွင် စာရင်းကပ်ကာ ကြေညာ သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ သိရှိရသည်။

Read More »

၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် နိုဝင်ဘာ(၂)ရက်မှ စတင်ကာ မဲစာရင်းကောက်ပြီ

မြတ်မိုးကျော် (မြစ်မခ) ထန်တလန်၊ နိုဝင်ဘာ(၂)ရက်။ ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့တွင် ကျင်းပမည့် ၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲအတွက် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်မှ စတင်ကာ တစ်အိမ်တက်၊ ဆင်း မဲစာရင်းများ လိုက်လံ ကောက်ယူနေကြောင်း ထန်တလန် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သိရှိရသည်။

Read More »

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲပေးရာ၌ တံဆိတ်တုံးထု စနစ်ဖြင့်သာ ကျင်းပမည်

ဝေဖြိုး(မြစ်မခ) နေပြည်တော်၊ အောက်တိုဘာ(၂၄)ရက်။ ၂၀၁၇ ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးရာ၌ တံဆိတ်တုံးထု စနစ်ဖြင့်သာ ကျင်းပပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်မှ သိရှိရသည်။

Read More »

ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ပြည်သူများ အခမဲ့ထုတ်ယူနိုင်မည့် စင်တာတစ်ခုဖွင့်လှစ်

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ သြဂုတ် (၁၉) ရက်။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အချက်အလက်များကို ပြည်သူများပိုမိုသိရှိနားလည်စေရန်ရည်ရွယ်၍ ပြည်သူများ အခမဲ့ထုတ်ယူနိုင်မည့် စင်တာတစ်ခု ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်ကွန်ရက်မှ သိရှိရသည်။ “အဓိကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အချက်အလက်တွေကို အရပ်ဖက်အဖွဲ့တွေစုပြီး စင်တာသဘောမျိုး ထားမှာပါ။ လိုချင်တဲ့လူတိုင်း၊ အဖွဲ့တိုင်း အဲဒီစင်တာမှာ လာယူနိုင်တယ်။ ရွေးကောက်ပွဲဖြစ်စဉ်၊ ဒီမိုကရေစီဖြစ် စဉ်တွေကို ပြည်သူတွေပိုနားလည်လာစေဖို့ပါ။”ဟု ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်လက်ကွန်ရက်မှ ပရိုဂ ရမ်မန်နေဂျာ ကိုဇေရဲဦးကပြောသည်။

Read More »

တိုင်းဧရာအတွင်း ရွေးကောက်ပွဲဥပဒေဖြင့် ရဲစခန်းတွင် ဖွင့်သည့် အမှုပေါင်း ၈၂ မှု ဖြစ်ပွား

  မျိုးမင်းထွန်း – ဧရာဝတီတိုင်း(မြစ်မခ) ပုသိမ်၊ ဒီဇင်ဘာ(၁၇) ရက်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ရွေးကောက်ပွဲကာလ မဲမသမာမှုပြုလုပ်ခြင်းနှင့် ဘာသာရေး အကြောင်းပြ မဲဆွယ်ခြင်းများပြုလုပ်သည်ဟု စွပ်စွဲကာ ရွေးကောက်ပွဲ ဥပဒေဖြင့် ဖွင့်ထားသည့် အမှုပေါင်း (၈၂) မှုရှိနေပြီး အမှု (၄) မှုကို သက်ဆိုင်ရာမြို့နယ် တရားရုံးများ၌ တရားစွဲဆိုထားကြောင်း သိရှိရသည်။ အမှုများအနက် ရဲတပ်ဖွဲ့က စစ်ဆေးဆဲအမှု (၆၀) ရှိနေပြီး ဥပဒေအကြံတောင်းတင်ပြထားသည့်အမှု (၁၈)မှု ရှိကာ  တရားရုံးတွင် တရားစွဲဆိုထားသည့် အမှုများမှ စွပ်စွဲခံရသူအားလုံးကိုရဲတပ်ဖွဲ့က အာမခံပေးထားပြီး ဖမ်းဆီးထိမ်းသိမ်းထားခြင်းမရှိကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Read More »