Monday , November 27 2017
Home / သတင်း / ရွေးကောက်ပွဲဆိုင်ရာ (page 16)

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲတွင် အမျိုးသမီးထုပိုမိုပါဝင်စေရေး မန္တလေး၌ ပထမဆုံးအကြိမ် အမျိုးသမီးဖိုရမ်ကျင်းပ

ကိုဖြိုး(မြစ်မခ)   လာမည့်ရွေးကောက်ပွဲတွင် အမျိုးသမီးများပိုမိုပါဝင်လာနိုင်ရေးအတွက် မန္တလေးမြို့တွင် ပထမဆုံးအကြိမ် အမျိုးသမီးဖိုရမ်ကို အမျိုးသမီးအဖွဲ့များ၊ နိုင်ငံရေးပါတီအချို့နှင့် အရပ်ဖက်အဖွဲ့များ ပူးပေါင်းပြီး နှစ်ရက်တာ ကျင်းပကြသည်။ “အမျိုးသမီးတွေရဲ့အသံ၊ အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ အမျိုးသမီးတွေ ဦးဆောင်လာနိုင်ဖို့အပြင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့၊ လွှတ်တော်ထဲမှာလည်း အမျိုးသမီးတွေ ပါဝင်လာပြီး နိုင်ငံရေးကိစ္စတွေမှာ ဆုံးဖြတ်နိုင်စွမ်းရှိလာအောင် အဓိကရည်ရွယ်ပြီး ပြုလုပ်တာပါ” ဟု WON မှ ပဲ့ကိုင်ကော်မတီဝင် ဒေါ်ခင်လေးက ပြောသည်။

Read More »

တစ်နိုင်ငံလုံး၏ မဲဆန္ဒနယ်အားလုံးကိုစောင့်ကြည့်နိုင်ရေး မီဒီယာများအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေ

မင်းအောင်မြင် (မြစ်မခ) လာမည့်ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးရှိမဲဆန္ဒနယ်များလစ်လပ်မှုမရှိစေရန် စောင့်ကြည့်နိုင်ရေးသည် သတင်းမီဒီယာများနှင့် ရွေးကောက်ပွဲစောင့်ကြည့်ရေးအရပ်ဖက်လူမှုအဖွဲ့အစည်းများအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေကြောင်းမီဒီယာများနှင့် လူမှုအဖွဲ့အစည်များက ပြောဆိုနေကြသည်။ မြန်မာတစ်နိုင်ငံလုံး၌ မဲရုံပေါင်းခုနှစ်သောင်းကျော်ရှိနေပြီးစောင့်ကြည့်မည့် မီဒီယာများနှင့် အရပ်ဖက်အဖွဲ့အစည်းများတွင် လူဦးရေနည်းပါးခြင်းကြောင့် စိန်ခေါ်မှုဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ကလေးမြို့၌ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုရန် ကွန်ပြူတာ Software အသုံးပြုနည်း သင်ကြားပေး

ကျော်သူစိုး – စစ်ကိုင်း (မြစ်မခ) စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ရွေးကောက်ပွဲအတွက် အရေးကြီးသည့် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် တပြေညီတည်းဖြစ်စေရန်အတွက် IFES (International Foundation for Electoral Systems) က အသုံးပြုသည့် Software ဆိုင်ရာ သင်တန်းကို ပို့ချပေးလျက်ရှိကြောင်း အဆိုပါအဖွဲ့မှ သိရှိရသည်။ ကလေး၊ တမူးနှင့် မော်လိုက်ခရိုင်မှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား မတ်လ(၂၆)ရက်နေ့မှ (၂၇)ရက် အထိ မဲဆန္ဒ ရှင်များစာရင်းကို ကွန်ပျူတာဖြင့် ဖြည့်သွင်းရမည့် Software အသုံးပြုနည်းကို ကလေးခရိုင် စီမံခန့်ခွဲမှု ကော်မတီရုံးတွင် အဖွဲ့ဝင် ၆၀ ခန့်ကို နှစ်ရက်တာ သင်တန်းပေးခဲ့ခြင်းဖြစ်သည်။

Read More »

တစ်နိုင်ငံလုံး၌ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသွားမည်ဟု ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ဆို

မြန်မာတစ်နိုင်ငံလုံးတွင် ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေးပြည်သူများ ပူးပေါင်းလှုပ်ရှားမှု အဖွဲ့(Pace People’s Alliance For Credible Election)မှ ဧရာဝတီတိုင်းဒေသကြီးအပါအဝင် တစ်နိုင်ငံလုံး၌ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်များအား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အရပ်ဘက် လူမှုအဖွဲ့အစည်း၏ အဓိကရည်ရွယ်ချက်မှာ ၂၀၁၅ ခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲများ၏ အရည်အသွေးကောင်းမွန်မှုအတိုင်းအတာ၊ဒီမိုကရေစီစံနှုန်းများ၊ ပြည်သူပါဝင်မှုမြှင့်တင်ခြင်းတို့ကို လုပ်ဆောင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ရွေးကောက်ပွဲ ယှဉ်ပြိုင်လိုသည့် ကိုယ်စားလှယ်တစ်ဦး ငွေကျပ် ၃သိန်းသာပေးဆောင်ရမည်

လာမည့်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်လိုသည့် ကိုယ်စားလှယ်များအနေဖြင့် ပေးဆောင်ရမည့် မှတ်ပုံတင်ကြေး လျော့ချပေးခြင်းကို နည်းဥပဒေတွင် ပြဌာန်းပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲမှသိရှိရသည်။ အဆိုပါ မှတ်ပုံတင်ကြေးကို အာမခံကြေးဟု ပြောင်းလဲသတ်မှတ်ပြီး ယခင် ငွေကျပ်၅သိန်းမှ ယခု (၃)သိန်းသာ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

Read More »