Wednesday , June 7 2017
Home / သတင်း / ရွေးကောက်ပွဲဆိုင်ရာ (page 10)

ရွေးကောက်ပွဲဆိုင်ရာ

ဘုတ်ဖိုး မတတ်နိုင်၍ မဲစာရင်းမကပ်မှု ရေကြည်-ညောင်ပင်ကျေးရွာအုပ်စု၌ဖြစ်ပွား

ကိုဖြိုး(မြစ်မခ) မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေကြည်- ညောင်ပင်ကျေးရွာအုပ်စုအတွင်း မဲစာရင်းများ ကပ်ထားခြင်း မရှိသည့်အတွက် ဒေသခံများမဲစာရင်းစစ်ရန် အခက်အခဲကြုံနေရကြောင်း ရေကြည်- ညောင်ပင် ကျေးရွာ ဒေသခံများထံမှ သိရှိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်စာရင်းများကို တစ်နိုင်ငံလုံးတွင် စက်တင်ဘာ (၁၄)ရက်မှ (၂၇) ရက်အထိ ထုတ်ပြန်ခြင်းဖြစ်သော်လည်း ရေကြည် – ညောင်ပင်ကျေးရွာတွင် အောက်တိုဘာ(၇) ရက်အထိ မဲစာရင်းကပ်ပေးခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

Read More »

ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ်ပါလီမန်ကို ထိန်းချုပ်နိုင်ရန် ကြိုးစားမည်ဟု ဒေါက်တာအေးမောင်ပြောဆို

မိုးဝေ(မြစ်မခ) ရခိုင်အမျိုးသားပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးနှင့် ရခိုင်ပြည်နယ်ပါလီမန်ကို ထိန်းချုပ်နိုင်ရန် ကြိုးစားမည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောဆိုလိုက်သည်။ “ရခိုင်အမျိုးသားပါတီ လွှတ်တော် အမတ်နေရာ အများစုရရှိပြီးလျှင် ပါလီမန်ကို ထိန်းချုပ်လိုက်ခြင်းဖြင့် အစိုးရဖွဲ့နိုင်သော ပါတီကြီးများက လာချည်းကပ်ရလိမ့်မယ်။ အဓိက ရခိုင်အမျိုးသားပါတီ အမတ်အများစု ရရှိမှသာ ပါလီမန်ကို ထိန်းချုပ်နိုင်ခြင်းဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အများကြီးဆောင်ရွက် ပေးနိုင်မယ်။” ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောသည်။

Read More »

မဲစာရင်း သွားမကြည့်၍ မဲပေးခွင့်ဆုံးရှုံးပါက ရွေးကောက်ပွဲကော်မရှင်နှင့်မဆိုင်ဟုဆို

နေ၀န်းနီ(မြစ်မခ)   မဲဆန္ဒရှင်ပြည်သူများအနေဖြင့်  မဲစာရင်းတွင်နာမည်ပါမပါ သွားရောက်ကြည့်ရှုခြင်းမရှိပဲ မဲပေးခွင့်ဆုံးရှုံးပါက ရွေးကောက်ပွဲကော်မရှင်နှင့် မသက်ဆိုင်ကြောင်း ကယားပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်း ကပြောသည်။ မဲစာရင်းများ ကြေငြာမှုကို စက်တင်ဘာလ(၂၇) ရက်နေ့တွင် အပြီးသတ်ကြေငြာခဲ့ပြီး အမည်မပါဝင်သေးသည့် သူများရှိပါက သက်ဆိုင်ရာရပ်ကွက်ရုံးများသို့ သွားရောက်လျှောက်ထားနိုင်သေးကြောင်းနှင့် အောက်တိုဘာလ (၇)ရက်နေ့တွင် နောက်ဆုံးကြေငြာမည့် မဲစားရင်းတွင်ပါဝင်ရန် လုပ်ဆောင်နိုင်ကြောင်း ထိုမဲစာရင်းတွင်မပါဝင်ပါက ရွေးကောက်ပွဲကော်မရှင်နှင့် မသက်ဆိုင်ကြောင်း ၄င်းကဆိုသည်။

Read More »

တရားမ၀င်လုပ်သားများ ဆန္ဒမဲ ပြန်လာပေးပါက လ.၀.က. အရေးယူခြင်းကို တာဝန်မယူနိုင်ဟု ဦးတင်အေးဆို

ကိုမင်း(မြစ်မခ)   ထိုင်းနိုင်ငံအတွင်း တရားမ၀င်နေထိုင်သည့် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများ မွေးရပ်မြေသို့ ပြန်လာကာ ဆန္ဒမဲပေးပါက လူဝန်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့် တရားစွဲဆိုမှုများရှိပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ တာဝန်ယူမည်မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားလိုက်သည်။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့သို့ ရောက်ရှိကာ ထိုဒေသအတွင်း ရွေးကောက်ပွဲဝင်မည့် ပါတီများနှင့် စက်တင်ဘာလ (၂၉) ရက်နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။

Read More »

ကရင်တိုင်းရင်းသားလက်နက်ကိုင်နယ်မြေမှ ကျေးရွာ(၁၀၀)ကျော်၌ မဲရုံထားမည်မဟုတ်

အေမီအောင် (မြစ်မခ) ကရင်ပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေမှ ကျေးရွာ (၁၀၀) ကျော်တွင် လုံခြုံရေးအခြေအနေအရ မဲရုံထားရှိနိုင်ခြင်းမရှိကြောင်း ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ သိရှိရသည်။ ကရင်ပြည်နယ်တွင် ရပ်ကွက်နှင့် ကျေးရွာ (၄၆၀)ကျော်ရှိသည့်အနက် (၃၅၉)ခု တွင်သာ မဲရုံထားရှိနိုင်ကြောင်း သိရသည်။ “လုံခြုံရေးအရ အာမခံချက်မရှိတဲ့ရွာ (၁၀၂)မှာ မဲရုံမထားနိုင်ဘူး။ ၂၀၁၀ တုန်းက ဒါထက်များတယ်။ တိုက်ပွဲ တွေတော့မရှိပါဘူး။ ရက်ပိုင်းလောက်က ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကြောင့် မဲရုံအပြည့်မထားနိုင် တာပါ။ ဖာပွန်နဲ့ ကြာအင်းဆိပ်ကြီးဘက်က ရွာတွေမှာ မဲရုံမထားနိုင်ဘူး။ အာဏာပိုင်တွေ သွားလာလို့ မရတဲ့ ရွာတွေ ဖြစ်လို့ပါ။” ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဦးကျော်ဝင်းမောင်က ပြောသည်။

Read More »