Friday , March 9 2018
Home / သတင်း / ပညာရေးသတင်း (page 5)

ပညာရေးသတင်း

ပဲခူးတိုင်းဒေသကြီးတွင် မာလ်တီမီဒီယာအတတ်ပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း(PGDMA)လျှောက်ထားသူ (၁၃၀)ကျော်ရှိနေ

မျိုးမြတ်(မြစ်မခ) ပဲခူး၊ မတ် (၂၈)ရက်။ ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် မာလ်တီမီဒီယာအတတ်ပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (PGDMA)အတွက် လျှောက်လွှာတင်သွင်းရမည့် သတ်မှတ်နောက်ဆုံးရက်အထိ လျှောက်ထားသူ(၁၃၄)ဦးရှိ ကြောင်း ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရှိရသည်။ ပညာရေးဝန်ကြီးဌာနသည် မာလ်တီမီဒီယာအတတ်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်း(PGDMA)ခေါ်ယူရာတွင် (၁၈)ကြိမ် မြောက်ခေါ်ယူခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးတွင် ယခုနှစ်အတွက် ပြင်ပမှလျှောက်ထားသူ(၁၀၈)ဦး၊  ပညာရေး ဝန်ထမ်း(၂၃)ဦး၊ အခြားဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၁၃၄)ဦးရှိကြောင်း သိရသည်။

Read More »

လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းများကို လူငယ်များ ပိုမိုစိတ်ဝင်စားရန် တက္ကသိုလ်ကျောင်းများတွင် သင်ကြားပေးရန် လိုအပ်

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ မတ် (၂၇) ရက်။ လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်း(Social Enterprise)ဘာသာရပ်ကို လူငယ်များ ပိုမိုစိတ်ဝင်စားစေရန် တက္ကသိုလ်ကျောင်းများတွင် သင်ကြားပေးရန်လိုအပ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ် ပြောဆိုလိုက်သည်။ “လူငယ်တွေစိတ်ထဲမှာ သိလာရင် လုပ်ချင်စိတ်ဖြစ်လာမယ်။ ရွေးချယ်စရာတွေ အများကြီး၊ အစိုးရအလုပ်မှ မဟုတ်ဘူး။ ကိုယ်ပိုင်အလုပ်လည်း လုပ်လို့ရတယ်။ ဈေးဝယ်၊ ဈေးရောင်းမဟုတ်ဘဲ လူမှုအကျိုးပြုလုပ်လို့ရ တယ်ဆိုတာကို အားပေးချင်တာပါ။”ဟု စီးပွားရေးပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။

Read More »

လေယာဉ်ပေါ်သို့ သံသေတ္တာတင်ဆောင်ခွင့်မပြုသောကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကို စက္ကူပုံး၊ ပလတ်စတစ်အိတ်များဖြင့် သယ်ဆောင်ခဲ့ရ

ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ မတ် (၂၁) ရက်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းများနှင့် အဖြေလွှာများကို သံသေတ္တာအတွင်းထည့်သွင်းကာ လေယာဉ်ဖြင့် သယ်ဆောင်ရာတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစတင်၍ သံသေတ္တာတင်ဆောင်ခွင့်မပြုတော့သောကြောင့် ပညာရေးဝန်ထမ်းများ အခက်အခဲတွေ့ကြုံခဲ့ရကြောင်း သိရှိရသည်။

Read More »

နေ့စားလပေး ဆရာ၊ ဆရာမများကို ပြန်လည်သင်ကြားပေးနိုင်ရန် ဆရာအတတ်ပညာသင်တန်း ပို့ချ

  နောင်ဒီလင်း (မြစ်မခ) မြစ်ကြီးနား၊ မတ် (၂၁) ရက်။ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ပညာရေးဝန်ထမ်း (၁၄၀)ကျော်ကို မြို့နယ်အခြေပြု ဆရာအတတ်ပညာ ဗဟိုနည်းပြသင်တန်း ပို့ချသင်ကြားပေးလျှက်ရှိကြောင်း သိရှိရသည်။ သင်တန်းကို မြစ်ကြီးနားမြို့ လေ့ကျင့်ရေးကျောင်း၊ မူကြိုခန်းမဆောင်၌ပြုလုပ်နေခြင်းဖြစ်ပြီး မတ် ၂၀ ရက်မှ ၃၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ကချင်ပြည်နယ်တွင်းရှိ မြို့နယ်(၁၈)ခုမှ သေးငယ်သောမြို့နယ်များကို ပေါင်းစည်း၍ (၁၁)မြို့နယ်အဖြစ်သတ် မှတ်ကာ တစ်မြို့နယ်လျှင်(၁၃)ဦးနှုန်းဖြင့် ဒုတိယမြို့နယ်ပညာရေးမှူးများ၊ အထက်တန်းကျောင်းအုပ်ကြီးများ၊ အထက်တန်းပြဆရာ၊ ဆရာမများ၊ အလယ်တန်းကျောင်းအုပ်ကြီးများ၊ အလယ်တန်းပြဆရာ၊ ဆရာမများ၊ မူလတန်းကျောင်းအုပ်ကြီးများ(၁၄၃)ဦးကို ခေါ်ယူသင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

Read More »

မန္တလေးတိုင်းအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာတွဲနှင့် ဘောဂဗေဒဘာသာတွဲတွင် ဖြေဆိုရန် ပျက်ကွက်သည့်ကျောင်းသား (၅၅၀၀)ကျော်ရှိ

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ မတ် (၁၆) ရက်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၇ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာတွဲနှင့် ဘောဂဗေဒ ဘာသာတွဲတွင် ဖြေဆိုရန် ပျက်ကွက်သည့်ကျောင်းသား (၅၅၀၀)ကျော်ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရှိရသည်။

Read More »