Sunday , June 4 2017
Home / သတင်း / ပညာရေးသတင်း (page 4)

ပညာရေးသတင်း

ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၉၀၀၀ ကျော်သာရှိ

  မြတ်မိုးကျော် (မြစ်မခ) ချင်းပြည်နယ်တွင် ၂၀၁၇ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ စာစစ်ဌာန (၂၄)ခုမှ စာရင်းရှိ (၁၁၃၆၉) ဦးအနက် ဖြေဆိုသူ (၉၇၂၄)ဦးသာရှိခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။ ၂၀၁၅-၁၆ ပညာသင်နှစ်တွင် ချင်းပြည်နယ်မှ ဖြေဆိုသူပေါင်း (၉၆၄၆) ဦးရှိရာ အောင်မြင်သူ ၁၄၁၄ ဦးဖြင့် အောင်ချက် ၁၄.၃၆ ရာခိုင်နှုန်းရရှိခဲ့ကြောင်း သိရသည်။ “မြို့နယ်အလိုက်ဆိုရင်တော့ မြို့နယ်အလိုက် ဦးရေမှာ  ဟားခါးက ဖြေဆိုသူ အများဆုံးပါပဲ။ ပြီးရင်တော့ ပလက်ဝမြို့နယ်ပေါ့။ နောက်မှာတော့ တီးတိန်တို့ မတူပီတို့ စသဖြင့် ရှိတာပေါ့။” ဟု ချင်းပြည်နယ် ပြည်နယ်ပညာရေးမှူးရုံးမှ စာရင်း (၂) ဦးပါးကုန်က ပြောသည်။

Read More »

ကျူရှင်သင်ကြားသည့် စနစ်ကိုအားမပေးရန်နှင့် အတန်းချိန်အတွင်း စနစ်တစ်ကျဖြင့် ထိရောက်စွာသင်ကြားရန် ပညာရေးဝန်ကြီးပြော

သီဟ(မြစ်မခ) ထားဝယ်၊ မတ် (၆) ရက်။ ဆရာဆရာမများအနေဖြင့် ကျူရှင်သင်ကြားသည့်စနစ်ကိုအားမပေးရန်နှင့် အတန်းချိန်အတွင်း စနစ်တကျဖြင့် ထိရောက်စွာသင်ကြားရန် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တိုက်တွန်း ပြောကြားလိုက်သည်။

Read More »

၂၀၁၆ -၂၀၁၇ စာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဧရာဝတီတိုင်းမှ ကျောင်းသား/သူ ရှစ်သောင်းကျော် ၀င်ရောက်ဖြေဆိုမည်

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ ဖေဖော်ဝါရီ (၂၂)ရက်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ကျောင်းသား၊ ကျောင်းသူ (၈၈၀၀၀)ကျော် ၂၀၁၆-၂၀၁၇ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၀င်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရှိရသည်။

Read More »

ပြည်နည်းပညာတက္ကသိုလ်တွင် နိုင်ငံတကာ ကျောင်းသားများမှ လူငယ်စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်များ ပြုလုပ်

သီဟလွင် (မြစ်မခ) ပြည်၊ ဇန်နဝါရီ (၃၁)ရက်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်နည်းပညာတက္ကသိုလ်တွင် နိုင်ငံတကာ ကျောင်းသားများဦးဆောင်၍ တက္ကသိုလ်တွင် ကျောင်းသားများနှင့် လူငယ်စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်များအား ပြုလုပ်ခဲ့ကြောင်း  သိရှိရသည်။

Read More »

မန္တလေးနည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၏ တီထွင်မှုများကို လက်တွေ့နယ်ပယ်များတွင်ပါ အသုံးချနိုင်ရန်ရည်ရွယ်

ကျော်မျိုးထွဋ် (မြစ်မခ) မန္တလေး၊ ဒီဇင်ဘာ (၂၀) ရက်။ မန္တလေးနည်းပညာတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတုအခမ်းအနားတွင်ပြသသည့် ကျောင်းသား၊ ကျောင်းသူများ ၏ တီထွင်ပြသမူများကို စိတ်ဝင်စားသူများပြားပြီး လက်တွေ့နယ်ပယ်များတွင်ပါ အသုံးချနိုင်ရန်ရည်ရွယ် ကြောင်း မန္တလေးနည်ပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြင့်သိန်းက ပြောဆိုလိုက်သည်။

Read More »