Thursday , January 11 2018
Home / သတင်း / ပညာရေးသတင်း (page 38)

ပညာရေးသတင်း

အနာဂါတ်ကြယ်ပွင့်လေးတွေရဲ့ နေပြည်တော်ခရီး ( မသန်စွမ်းသက်ငယ် သင်တန်းကျောင်းသူ/ကျောင်းသားများ၏ နေပြည်တော် လေ့လာရေးခရီး )

နံနက်ခင်း လေပြေက လတ်ဆတ် သန့်ရှင်းလှပါတယ်။ မော်တော်ယာဉ်တွေ အုံနဲ့ကျင်းနဲ့ ထွက် မလာသေးတော့ ရန်ကုန်မြို့ရဲ့ လေထုက မီးခိုးနံ့ ကင်းစင်နေပါသေးတယ်။ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်း နဲ့ မင်းဓမ္မလမ်းထောင့် အနီးမှာတော့ မော်တော်ကားကြီး ၃-စင်းရပ်ထား ပြီး ကားငယ်တွေ ဝင်လိုက်ထွက်လိုက် လူတွေလည်း အုပ်စုငယ်လေးတွေအလိုက် ရပ်နေကြပြီး မလာ သေးဘူးလား ရောက်နေပြီစသဖြင့် အသံတွေ ဆူညံနေပါတယ်။ မျက်စိကစားလိုက်တော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းဆိုင်းဘုတ်ကို တွေ့လိုက်ရပါတယ်။

Read More »

စင်္ကာပူ NUS Science Summer Campအစီအစဉ်၌ မြန်မာကျောင်းသားငယ်များပါဝင်နိုင်

 စင်္ကာပူနိုင်ငံ NUS တွင် (၅) ရက်ကြာ ကျင်းပပြုလုပ်မည့် နွေရာသီသိပ္ပံလေ့ကျင့်ရေးစခန်း (Science Summer Camp) အစီအစဉ်တွင် မြန်မာနိုင်ငံမှ ကျောင်းသားလေးများပါဝင်နိုင်မည်ဖြစ်ကြောင်း မြန်မာ့ပညာရေးဝန်ဆောင်မှုအသိုင်းအ၀ိုင်းက သိရသည်။ အဆိုပါ NUS Science Summer Camp အစီအစဉ်တွင် လူငယ်များအတွက် သိပ္ပံနှင့်နည်းပညာ၏ အရေးပါပုံများ၊ ကမ္ဘာကျော် စင်္ကာပူအမျိုးသားတက္ကသိုလ်၏ ပညာရေးစနစ်နှင့် Campus Life ကိုအတွေ့အကြုံရရှိစေရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပြီး လာမည့် ဇွန် ၂၄ ရက်မှ ၂၈ အထိ (၅) ရက် အကြာပြုလုပ်သွားမည်ဖြစ်သည်။

Read More »

ဒီပလိုမာအတွက် အင်ဂျင်နီယာဘာသာရပ်ကင်းလွတ်ခွင့် လျှောက်ထားနိုင်

မြိုပြအထူးပြု AGTI/B Tech နှင့်BE Civil လက်မှတ်ကိုင်ဆောင်ထားသူများ အနေဖြင့် Nanyang Institute of Management ၏ Diploma in Construction Engineering ဘာသာရပ်အား လျှောက်ထားရာ၌ ၂၀၁၃ မှစ၍ ဘာသာရပ်ကင်းလွတ်ခွင့်ဖြင့် လျှောက်ထားနိုင်တော့မည့်ဖြစ်ကြောင်း မြန်မာ့ပညာရေး ၀န်ဆောင်မှုအသိုင်းအ၀ိုင်းက သိရသည်။ AGTI လက်မှတ်ကိုင်ဆောင်ထားသူများအတွက်(၈)ဘာသာ၊ BTech လက်မှတ် ကိုင်ဆောင်ထားသူများ အတွက် (၁၁)ဘာသာနှင့် BE ပြီးထားသူများအနေဖြင့် (၁၄) ဘာသာအထိ ဘာသာရပ်ကင်းလွတ်ခွင့် ရရှိခြင်း ဖြစ်သည်။

Read More »

လိုအပ်ချက်များနှင့် နောင်ချိုအမေ့အိမ်ပညာဒါန ကျောင်းကလေး

နောင်ချိုအမေအိမ်ပညာဒါနကျောင်းအနေဖြင့် ချို့ချို့တဲ့တဲ့ဖြင့် ရပ်တည်နေရသည့်အတွက် စေတနာရှင် အလှူရှင်များ၊ အဖွဲ့အစည်းများအနေဖြင့် ကျောင်းအတွက် လှူဒါန်းနိုင်ကြောင်း နာယကကြီး ဦးအောင်ကျော်က ဆိုသည်။ ရန်ပုံငွေနည်းပါးစွာဖြင့် ပညာသင်ကြားနေကြရသည့် ဆယ်တန်းကျောင်းသားများမှာ ဆရာဆရာများ၏ စေတနာကို လေးစားသောအားဖြင့် စာမေးပွဲအောင်မြင်ရန် ကြိုးစားနေကြောင်းကိုလည်း ကျောင်းသားများ ထံက သိရသည်။

Read More »

PSB Academy သို့တက်ရောက်လိုသူများ အခမဲ့စာရင်းပေးသွင်းနိုင်

PSB Academy သို့တက်ရောက်ကာ Engineering ဘာသာရပ်အား လေ့လာလိုသည့် ကျောင်းသူကျောင်းသားများအနေဖြင့် Engineering Foundation တွင် အခမဲ့ စာရင်းပေးသွင်းတက်ရောက်နိုင်ကြောင်း မြန်မာ့ပညာရေးဝန်ဆောင်မှုအသိုင်းအ၀ိုင်းက သိရသည်။ စင်္ကာပူနိုင်ငံ PSB Academy တွင် အင်္ဂလန်၊ သြစတြေလျနိုင်ငံတို့ မှ ပေးအပ်ချီးမြင့်မည့် Mechanical Engineer/ Electronic Electrical Engineer ဘာသာရပ်များကို တက်ရောက်မည့်သူများအတွက် အခြေခံ သင်္ချာနှင့် ရူပဗေဒဘာသာရပ်များကို အခမဲ့သင်ကြား ပို ချပေးသွားမည်ဖြစ်ကြောင်း CROWN Education မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Read More »