Friday , June 2 2017
Home / သတင်း / ပညာရေးသတင်း (page 30)

ပညာရေးသတင်း

ဂျပန်နှင့် နှစ်နိုင်ငံ ကူးလူးပညာသင်ကြားနိုင်ရေး ရန်ကုန်စီးပွားရေးတက္ကသိုလ်သဘောတူ

ကမာရွတ်မြို့နယ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံမှ နှစ်ဘက်ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများမှ နိုင်ငံကူးလူးပညာသင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲတစ်ရပ်ကို ဖေဖော်ဝါရီ လ(၇)ရက်နေ့က ကျင်းပခဲ့သည်။ အဆိုပါစာချွန်လွှာရေးထိုးမှုအစီအစဉ်ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ တာဝန်ရှိသူများနှင့်နှင့် ဂျပန်နိုင်ငံ APU( Ritsumeikan Asia Pacific University) တို့မှ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

Read More »

အခြေခံပညာနှင့်ပုဂ္ဂလိကကျောင်းများမှ သင်ရိုးညွှန်တမ်းအချို့ ပြင်ဆင်မည်

မြန်မာနိုင်ငံအတွင်း သင်ကြားပြသနေသော သင်ရိုးညွှန်တမ်းများ၌ ထပ်နေခြင်း၊ မလိုအပ်သည်များ ပါဝင်နေခြင်းတို့ကို ၂၀၁၄-၁၅ ပညာသင်နှစ်အတွင်း မလိုအပ်သည်မျာကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။ လက်ရှိသင်ကြားနေသောသင်ရိုးညွှန်တမ်းများတွင် အကြောင်းအရာများထပ်နေခြင်းများ၊ အသစ်ထပ်မံ ဖြည့်စွက်ရန် ကျန်ရှိ နေခြင်းများ၊သင်ကြားမှုပိုင်းဆိုင်ရာကိစ္စများအတွက် လိုအပ်ချက်များအပေါ် ယခုကဲ့သို့စီစဉ်ခြင်းဖြစ်သည်။

Read More »

အခမဲ့အလယ်တန်းအဆင့်ဖြစ်စေရေး မူလတန်းအဆင့်လုံးဝအခမဲ့ဖြစ်ရန် လိုနေသေး

မြန်မာနိုင်ငံအတွင်းမှ  ကလေးတိုင်းအခြေခံပညာသင်ကြားနိုင်ရေးအတွက်အခြေခံပညာကျောင်းတိုင်း မူလတန်းအဆင့်ကို အခမဲ့အဖြစ် သတ်မှတ်၍သင်ရိုးညွှန်းတမ်းနှင့် ဗလာစာအုပ်များ အခမဲ့ ဖြန့်ဝေပေး ပြီးနောက်ပိုင်းအစိုးရအပြင် အခြားထောက်ပံ့ပေးမည့်သူများရှိလာပါကကျောင်းဝတ်စုံများကိုလည်း အခမဲ့ ပေးအပ်ရန် ကြိုးစားနေသည်ဟုပြည်သူ့လွှတ်တော်မှဖွဲ့စည်းထားသည့် ပညာရေးမြှင့်တင်မှုကော်မတီ အတွင်းရေးမှူး ဒေါက်တာမြဦးက ပြောကြားသည်။ ၂၀၁၄- ၂၀၁၅ခုနှစ်၏ ဘဏ္ဍာရေးနှစ်အတွင်း ပညာရေးအသုံးစရိတ်တိုးမြှင့်ကာအခြေခံပညာအလယ်တန်းအဆင့်ကို အခမဲ့အဖြစ်တိုးမြှင့်ခြင်းနှင့် စပ်လျဉ်း၍မေးမြန်းရာ၌ ၄င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Read More »

ရန်ကုန်တက္ကသိုလ်အတွက် အလှူရှင်မလိုဟု ပါမောက္ခချုပ်ဆို

ရန်ကုန်တက္ကသိုလ် ပြင်ဆင်မွန်းမံမှုများဆောင်ရွက်ရာတွင် အလှူရှင်များလိုအပ်နေသည်ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနမှ ဌာနမှူး ဒေါက်တာ ဦးလှဆွေ၏ ပြောစကားအပေါ် တက္ကသိုလ်ဆရာ ဆရာမများနှင့် ၀န်ထမ်းများအကြား ဝေဖန်မှုများဖြစ်ပေါ်နေကြောင်း ရန်ကုန်တက္ကသိုလ်ဝန်ထမ်းများထံမှ သိရသည် နှစ်ပေါင်းများစွာ ဖွင့်လှစ်ခြင်းထားခြင်း မရှိသော ရန်ကုန်တက္ကသိုလ်ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ (၂)ရက်နေ့မှ စတင်၍ နယ်ပေါင်းစုံမှ ပထမနှစ်ကျောင်းသားများကို ပြန်လည်တက်ရောက် ပညာသင်ကြား ခွင့်ပြုခဲ့သည့် အတွက် စာ သင်ခန်းများနှင့် ကျောင်းသားအဆောင်များအား ပြန်လည် ပြုပြင်မှုများ ပြုလုပ်ရာတွင် အလှူငွေ များလည်း လိုအပ်နေသလို အလှူရှင်များပေါ်ပေါက်လာပါက ယခုထက် ပိုမိုကောင်းအောင် လုပ်ဆောင်နိုင်မည် ဟု ဒေါက်တာ ဦးလှဆွေမှ ပြောကြားခဲ့သည်ကို ရန်ကုန်တက္ကသိုလ် ဆရာ/ ဆရာမများနှင့် …

Read More »

ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတဲ့ မြန်မာ့ပညာရေးစနစ်

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတက်လာခဲ့တာ  ၂နှစ်ကျော် ၃နှစ်ဝန်းကျင် ဖြစ်ပေမယ့် ပညာရေးစနစ်မှာတော့သိသာ ထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ မတွေ့ရသေးဘူးလို့ ကျောင်းသားမိဘတွေက ဝေဖန်သုံးသပ်လာပါတယ်။ လက်ရှိမှာတော့ အခြေခံပညာနဲ့ အဆင့်မြင့်ပညာသင်ကြားပေးနေတဲ့ အစိုးရကျောင်းတွေမှာ ဆရာ၊ဆရာ လုံ လောက်မှု မရှိတဲ့အပြင် သင်ကြားရေးစနစ်အနေနဲ့လည်း ကြက်တူးရွေးလို့ နှုတ်တိုက် ကျက်မှတ်ရတဲ့ စနစ်မျိုး ဖြစ်နေတဲ့အတွက် ကျောင်းသားမိဘတွေအနေနဲ့ ပညာရေးသင်ကြားမှုစနစ်အပေါ်မှာ အားရကျေနပ်မှုမရှိဘူးလို့ ကျောင်းသားမိဘတွေက ဝေဖန်ပြောဆိုလာပါတယ်။

Read More »