Wednesday , June 7 2017
Home / သတင်း / ပညာရေးသတင်း (page 3)

ပညာရေးသတင်း

ကျူရှင်များတက်နေရခြင်းကြောင့် မွန်စာပေသင်ကြားသူများ လျော့နည်းလာ

အောင်မြင့်ထွန်း (မြစ်မခ) ပေါင်၊ ဧပြီ (၃) ရက်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကလေး ငယ်များအား မွန်စာပေများသင်ကြားပေးနေသော်လည်း ကျူရှင်များတက်နေရခြင်းကြောင့် မွန်စာပေသင်ကြား သူများ တစ်နှစ်ထက်တစ်နှစ်လျော့နည်းလာကြောင်း မွန်စာပေသင်ကြားတတ်မြောက်ရေးကော်မတီအဖွဲ့မှ သိရှိရသည်။ မွန်စာပေနှင့် ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများ မပျောက်စေဘဲ ရေရှည်ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ပေါင် မြို့နယ်အတွင်းရှိ မွန်ဘုန်းတော်ကြီးကျောင်းများ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကလေးငယ်များအား မွန်စာပေများ သင်ကြားပေးလျှက်ရှိနေကြောင်း ပေါင်မြို့၊ ကဒုံစီးတိုက်ကျောင်းဆရာတော် ဥူးပညာသာမိက မိန့်ကြားသည်။

Read More »

မိုးညှင်းဒီဂရီကောလိပ်ကို အဆင့်မြှင့်တင်နိုင်ရေး ပြည်ထောင်စုအဆင့်သို့ တင်ပြမည်

အေမီအောင် (မြစ်မခ) ရန်ကုန်၊ မတ် (၃၀) ရက်။ မိုးညှင်းဒီဂရီကောလိပ်ကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်အဆင့်တိုးမြှင့်ပေးရန် ကချင်ပြည်နယ် အစိုးရသို့တိုက်တွန်းကြောင်းအဆိုကို မိုးညှင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးတင်အေးက ကချင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့ကြောင်း သိရှိရသည်။ ယင်းအဆိုကို မတ် ၂၉ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော်၊ ဆဌမပုံမှန်အစည်းအ ဝေး၊ ပဉ္စမနေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

Read More »

ပဲခူးတိုင်းဒေသကြီးတွင် မာလ်တီမီဒီယာအတတ်ပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း(PGDMA)လျှောက်ထားသူ (၁၃၀)ကျော်ရှိနေ

မျိုးမြတ်(မြစ်မခ) ပဲခူး၊ မတ် (၂၈)ရက်။ ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် မာလ်တီမီဒီယာအတတ်ပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (PGDMA)အတွက် လျှောက်လွှာတင်သွင်းရမည့် သတ်မှတ်နောက်ဆုံးရက်အထိ လျှောက်ထားသူ(၁၃၄)ဦးရှိ ကြောင်း ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရှိရသည်။ ပညာရေးဝန်ကြီးဌာနသည် မာလ်တီမီဒီယာအတတ်ပညာဘွဲ့လွန်ဒီပလိုမာသင်တန်း(PGDMA)ခေါ်ယူရာတွင် (၁၈)ကြိမ် မြောက်ခေါ်ယူခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးတွင် ယခုနှစ်အတွက် ပြင်ပမှလျှောက်ထားသူ(၁၀၈)ဦး၊  ပညာရေး ဝန်ထမ်း(၂၃)ဦး၊ အခြားဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၁၃၄)ဦးရှိကြောင်း သိရသည်။

Read More »

လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းများကို လူငယ်များ ပိုမိုစိတ်ဝင်စားရန် တက္ကသိုလ်ကျောင်းများတွင် သင်ကြားပေးရန် လိုအပ်

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ မတ် (၂၇) ရက်။ လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်း(Social Enterprise)ဘာသာရပ်ကို လူငယ်များ ပိုမိုစိတ်ဝင်စားစေရန် တက္ကသိုလ်ကျောင်းများတွင် သင်ကြားပေးရန်လိုအပ်ကြောင်း စီးပွားရေးပညာရှင်များက သုံးသပ် ပြောဆိုလိုက်သည်။ “လူငယ်တွေစိတ်ထဲမှာ သိလာရင် လုပ်ချင်စိတ်ဖြစ်လာမယ်။ ရွေးချယ်စရာတွေ အများကြီး၊ အစိုးရအလုပ်မှ မဟုတ်ဘူး။ ကိုယ်ပိုင်အလုပ်လည်း လုပ်လို့ရတယ်။ ဈေးဝယ်၊ ဈေးရောင်းမဟုတ်ဘဲ လူမှုအကျိုးပြုလုပ်လို့ရ တယ်ဆိုတာကို အားပေးချင်တာပါ။”ဟု စီးပွားရေးပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။

Read More »

လေယာဉ်ပေါ်သို့ သံသေတ္တာတင်ဆောင်ခွင့်မပြုသောကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကို စက္ကူပုံး၊ ပလတ်စတစ်အိတ်များဖြင့် သယ်ဆောင်ခဲ့ရ

ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ မတ် (၂၁) ရက်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲမေးခွန်းများနှင့် အဖြေလွှာများကို သံသေတ္တာအတွင်းထည့်သွင်းကာ လေယာဉ်ဖြင့် သယ်ဆောင်ရာတွင် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစတင်၍ သံသေတ္တာတင်ဆောင်ခွင့်မပြုတော့သောကြောင့် ပညာရေးဝန်ထမ်းများ အခက်အခဲတွေ့ကြုံခဲ့ရကြောင်း သိရှိရသည်။

Read More »