Monday , June 5 2017
Home / သတင်း / ပညာရေးသတင်း (page 20)

ပညာရေးသတင်း

တက်သစ်ကျွန်းအလယ်တန်းကျောင်းခွဲပြိုပျက်နေသောကြောင့် ဘုန်းကြီးကျောင်းဓမ္မာရုံတွင်သင်ကြားနေရ

သီဟလွင် (မြစ်မခ) ပဲခူးတိုင်းအနောက်ပိုင်းပန်းတောင်းမြို့နယ် ဧရာဝတီမြစ်လယ်ကျွန်းဖြစ်သော တက်သစ်ကျွန်းရှိအလယ်တန်းခွဲ ကျောင်းဆောင်မှာပြိုပျက်နေသောကြောင့် ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ရွှေ့ပြောင်းကာ စာသင်ကြား နေရကြောင်း သိရှိရသည်။ ကျောင်းဆောင်ပြိုပျက်နေသောကြောင့် ကျောင်းအသစ်ပြန်လည်ချထားပေးရန် ပန်းတောင်းမြို့နယ် ပညာရေးမှူး ရုံးသို့  နှစ်စဉ်လျှောက်ထားခဲ့သော်လည်း ယခုအချိန်အထိချထားပေးခြင်းမရှိသောကြောင့် ယခုကဲ့သို့ အခက်အခဲများနှင့်ကြုံတွေနေရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

Read More »

စင်္ကာပူတွင် ကျောင်းတက်မည့် ကျောင်းသားများ ဗီဇာအငြင်းခံရမှုများရှိလာ

ချမ်းငြိမ်း (မြစ်မခ)   စင်ကာပူနိုင်ငံသို့ ကျောင်းသွားတက်မည့် မြန်မာကျောင်းသား၊ ကျောင်းသူများအား စင်္ကာပူလူဝင်မှု ကြီးကြပ် ရေး၏ ဗီဇာငြင်းပယ်မှုများ ဧပြီလနောက်ပိုင်းကတည်းက တွေ့ရှိလာကြောင်း ပညာရေးဝန်ဆောင်မှု လုပ်ငန်းများမှ သိရှိရသည်။ “အရင်တုန်းက စင်္ကာပူကျောင်းသွားတက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ IELTS မဖြေတော့ဘဲ ကိုယ်တက်မယ့် အတန်းမှာပဲ အင်္ဂလိပ်စာလိုအပ်ချက်ရှိတဲ့ Level မှာ စတက်လို့ရတယ်။ ကိုယ်သင်ယူမယ့် ဘာသာရပ်အလိုက် ဆက်တက်တာမျိုးသွားဖို့ ဗီဇာလဲရတယ်။ မြန်မာနိုင်ငံမှာ ရထားတဲ့ဘွဲ့ထက် နိမ့်နေတာမျိုးဆိုရင် ဗီဇာအငြင်း ခံရတာမျိုးတွေ ဖြစ်လာတာပါ။” ဟု CROWN EDUCATION မှ နိုင်ငံတကာပညာရေးအကြံပေး အတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ပြောသည်။

Read More »

မြို့နှင့်ဝေးလံသည့် ဒေသများမှတာဝန်ကျ ဆရာ၊ဆရာမများ တာဝန်ထမ်းဆောင်ခြင်းရှိမရှိ စစ်ဆေးမည်

ထက်မြက်(မြစ်မခ)   ပညာရေးဝန်ကြီးဌာနမှ ခန့်အပ်ထားသည့် ဆရာ၊ဆရာမများ မြို့နှင့် ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နေရာများ၌ သွားရောက်ပညာသင်ကြားခြင်း ရှိမရှိကို စစ်ဆေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရှိရသည်။ “ဝေးလံခေါင်သီတဲ့ ကျေးရွာတွေမှာ ခန့်အပ်ထားတဲ့ ကျောင်းအုပ်၊ ဆရာ၊ ဆရာမတွေ ရောက်လာခြင်းမရှိတာ၊ လူစားထိုးသင်ကြားစေတာတွေကို စိစစ်တော့မှာ ဖြစ်ပါတယ်။ နယ်မြေတွေက သတင်းပေးတာတွေအပြင် ၀န်ကြီး ဌာနအနေနဲ့လည်း လိုက်လံစစ်ဆေးမှာ ဖြစ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ) ဦးခင်မောင်မြင့်က ပြောသည်။

Read More »

လောက်ကိုင်ခရိုင်အတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၂၁ ဦးသာရှိကြောင်း သိရ

မမ – ရှမ်းပြည်(မြစ်မခ)   ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ခရိုင်အတွင်းမှ ၂၀၁၄-၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆို သူ ၉၆ ဦးရှိခဲ့ရာမှ ၂၁ ဦး အောင်မြင်ခဲ့ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ပညာရေးညွှန်ကြားရေးမှူးရုံးမှ သိရှိ ရသည်။ လောက်ကိုင်ခရိုင်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းတင်သူ ၁၁၆ ဦးရှိခဲ့သော်လည်း တပ်မ တော်နှင့် ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင် တပ်မတော်(MNDAA)တို့၏ တိုက်ပွဲကြောင့် ၉၆ ဦးသာ စာစစ်ဌာန ၇ ခု၌ ဖြေဆိုခဲ့ပြီး၂၁ ဦး အောင်မြင်ခဲ့သည့်အတွက် အောက်ချက် ၂၁ ဒသမ ၈၈ ရာခိုင်နှုန်း ရှိခဲ့ကြောင်း လောက်ကိုင်ခရိုင် ပညာရေးမှူး ဦးသန်းဝင်းက ပြောသည်။

Read More »

လောက်ကိုင်ဒေသနယ်မြေငြိမ်းချမ်းမှုကြောင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်

မမ-ရှမ်းပြည်(မြစ်မခ)   ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသတွင်၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း များ ဇွန်လ(၁)ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း လောက်ကိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။ လောက်ကိုင်ဒေသတွင် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MMDA) နှင့် တပ်မတော်တို့ ဖေဖော်ဝါရီ(၉)ရက်မှ စတင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အခြေခံပညာကျောင်းများကို ပိတ်ခဲ့ရခြင်းဖြစ်ပြီး ပညာရေးဌာန၀န်ထမ်းအများစုကိုလည်း လုံခြုံရေးအရ နေရပ်ဒေသအသီးသီးသို့ ပြန်ခွင့်ပြုခဲ့ပြီးနောက် လက်ရှိ နယ်မြေ အေးချမ်းမှုရှိပြီဟုဆိုကာ ကျောင်းများပြန်လည် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

Read More »