Friday , June 2 2017
Home / သတင်း / ပညာရေးသတင်း (page 2)

ပညာရေးသတင်း

စာကြည့်တိုက်နှင့် သုတပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း ဝင်ခွင့်ဖြေဆိုရမည့် အမည်စာရင်း မေ ၂၅ ရက် တွင် ထုတ်ပြန်မည်

ကျော်​မျိုးထွဋ် (မြစ်မခ) မန္တလေး၊ ဧပြီ (၂၅) ရက်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စာကြည့်တိုက်နှင့် သုတပညာ ဘွဲ့လွန်ဒီပလိုမာအမှတ်စဉ်(၃)သင်တန်း ဝင်ခွင့် စာမေးပွဲဖြေဆိုရမည့် အမည်စာရင်းကို မေ ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ပေးမည်ဖြစ်ပြီး လူတွေ့နှုတ်ဖြေ စာမေးပွဲကို ၂၇ ရက်တွင် ဖြေဆိုရမည်ဖြစ်ကြောင်း သိရှိရသည်​။ ဝိဇ္ဇာဘွဲ့ရရှိပြီးသူများ ဘွဲ့လွန်သင်တန်းများအထိ ဆက်လက်လေ့လာဆည်းပူးနိုင်သည့် အခွင့်အလမ်းများ ရရှိစေ ရန်နှင့် စာကြည့်တိုက်များတွင် တာဝန်ထမ်းဆောင်နေကြသူများ စာကြည့်တိုက်နှင့် သုတပညာရပ်ကို လေ့လာ ဆည်းပူး၍ လုပ်ငန်းစွမ်းဆောင်ရည်များမြှင့်တင်နိုင်ကြစေရန်ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ဇွန်လတွင် ရတနာပုံတက္က သိုလ် စာကြည့်တိုက်နှင့် သုတပညာဌာနတွင် ဖွင့်လှစ်ပို့ချမည်ဖြစ်သည်​။

Read More »

ရန်ကုန်တိုင်းဒေသကြီး၌ စတုတ္ထတန်းနှင့် အဌမတန်း အောင်ချက်ရာခိုင်နှုန်း ၉၉ ရာခိုင်နှုန်းကျော်ရှိ

ဇော်မင်း (မြစ်မခ) ရန်ကုန်၊ ဧပြီ ၂၃ ရက်။ ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် အခြေခံပညာအဆင့် စတုတ္ထတန်းနှင့် အဌမတန်းတို့၏ အောင်ချက်ရာခိုင်နှုန်းမှာ ၉၉ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွန်ကြားရေမှူး(ပညာ) ဒေါ်ဆွေဆွေလဲ့၏ ပြောပြချက်အရ သိရသည်။

Read More »

ဟင်္သာတမြို့နယ် လက်ပံစု(နောက်) မူလတန်းလွန်ကျောင်း ပျက်စီးယိုယွင်းနေသောကြောင့် ကျောင်းသားများအတွက် မိဘများစိုးရိမ်နေ

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ ဧပြီ(၂၀) ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ လက်ပံစု(နောက်) မူလတန်းလွန်ကျောင်းသည် ပျက်စီးယိုယွင်းမှု များစွာ ဖြစ်ပေါ်နေခြင်းကြောင့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ကျောင်းတက်ရမည့် ကျောင်းသားများအတွက် ကျောင်းသားမိဘများ စိုးရိမ်နေကြကြောင်း ကျောင်းသားမိဘများထံမှ သိရှိရသည်။ ယင်းကျောင်းဆောက်လုပ်ခဲ့သည့်မှာ နှစ်ပေါင်း(၆၀)ကျော် ကြာမြင့်နေပြီဖြစ်ကာ အောက်ခြေသစ်သားတိုင်များ ခိုင်ခံ့မှုမရှိခြင်း၊ အမိုးအကာနှင့် ပြတင်းပေါက်များ ပျက်စီးနေခြင်းတို့ကြောင့် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် အစိုးရမှတာဝန်ရှိသူများထံ ၂၀၁၃ ခုနှစ်တွင် တင်ပြခဲ့သော်လည်း ပြင်ဆင်ပေးခဲ့ခြင်းမရှိကြောင်း သိရသည်။

Read More »

ကျူရှင်များတက်နေရခြင်းကြောင့် မွန်စာပေသင်ကြားသူများ လျော့နည်းလာ

အောင်မြင့်ထွန်း (မြစ်မခ) ပေါင်၊ ဧပြီ (၃) ရက်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကလေး ငယ်များအား မွန်စာပေများသင်ကြားပေးနေသော်လည်း ကျူရှင်များတက်နေရခြင်းကြောင့် မွန်စာပေသင်ကြား သူများ တစ်နှစ်ထက်တစ်နှစ်လျော့နည်းလာကြောင်း မွန်စာပေသင်ကြားတတ်မြောက်ရေးကော်မတီအဖွဲ့မှ သိရှိရသည်။ မွန်စာပေနှင့် ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများ မပျောက်စေဘဲ ရေရှည်ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်၍ ပေါင် မြို့နယ်အတွင်းရှိ မွန်ဘုန်းတော်ကြီးကျောင်းများ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကလေးငယ်များအား မွန်စာပေများ သင်ကြားပေးလျှက်ရှိနေကြောင်း ပေါင်မြို့၊ ကဒုံစီးတိုက်ကျောင်းဆရာတော် ဥူးပညာသာမိက မိန့်ကြားသည်။

Read More »

မိုးညှင်းဒီဂရီကောလိပ်ကို အဆင့်မြှင့်တင်နိုင်ရေး ပြည်ထောင်စုအဆင့်သို့ တင်ပြမည်

အေမီအောင် (မြစ်မခ) ရန်ကုန်၊ မတ် (၃၀) ရက်။ မိုးညှင်းဒီဂရီကောလိပ်ကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်အဆင့်တိုးမြှင့်ပေးရန် ကချင်ပြည်နယ် အစိုးရသို့တိုက်တွန်းကြောင်းအဆိုကို မိုးညှင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးတင်အေးက ကချင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့ကြောင်း သိရှိရသည်။ ယင်းအဆိုကို မတ် ၂၉ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော်၊ ဆဌမပုံမှန်အစည်းအ ဝေး၊ ပဉ္စမနေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

Read More »