Friday , June 2 2017
Home / သတင်း / ပညာရေးသတင်း (page 10)

ပညာရေးသတင်း

ပဲခူးတိုင်းအတွင်းရှိ ဘ.က ကျောင်းများတွင် ကျောင်းသား/သူ (၂၇၀၀၀)ကျော် ပညာသင်ကြားနေ

မျိုးမြတ် (မြစ်မခ) ပဲခူး၊ သြဂုတ် (၃)ရက်။ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၄၃) ကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူဦးရေ (၂၇၀၀၀)ကျော်ရှိနေကြောင်း ပဲခူးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ သိရှိရသည်။ ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်(၂၈)ခုတွင် ဘုန်းတော်ကြီးသင်ပညာရေး အလယ်တန်းကျောင်း(၂၂)ခု၊ မူလတန်း လွန်ကျောင်း(၅၀)ခု၊ မူလတန်းကျောင်း(၇၁)ခုတို့တွင် ကျောင်းသား၊ ကျောင်းသူ(၂၇၇၁၅)ဦး ပညာသင်ကြား လျှက်ရှိနေကြောင်း သိရသည်။

Read More »

အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း ပညာသင်ကြားနေသောအကျဉ်းသားများအနေဖြင့် ပြင်ပမှ ကျောင်းသားများကဲ့သို့ တန်းတူပညာသင်ယူနိုင်တော့မည်

ဝါးဝါး(မြစ်မခ) ရန်ကုန်၊ သြဂုတ် (၂) ရက်။ အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းရှိ ပညာသင်ကြားနေသောအကျဉ်းသားများအနေဖြင့် ထောင်အတွင်းရှိ အမှတ်(၁၃)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြင်ပမှကျောင်းသားများကဲ့သို့ တန်းတူပညာသင်ယူနိုင်တော့ မည်ဖြစ်ကြောင်းသိရသည်။ ယခင်က အကျဉ်းသားများနေထိုင်ရာ အဆောက်အအုံအတွင်းရှိ စာသင်ခန်းများတွင်သာ စာသင်ကြားခဲ့ရသဖြင့် ပြင်ပမှစာသင်ကျောင်းများတွင်တက်ရောက်ပြီး ပညာသင်ကြားရသကဲ့သို့ဖြစ်စေရန် အဆိုပါကျောင်းအား အင်း စိန်ဗဟိုအကျဉ်းထောင်အတွင်း တည်ဆောက်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

Read More »

တော့ဆန်ကျေးရွာမှ ကျောင်းသားများအတွက် ကျောက်မဲမြို့တွင် ယာယီစာသင်ကျောင်းဖွင့်လှစ်

နောင် (မြစ်မခ) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ တော့ဆန်ကျေးရွာတွင် လက်နက်ကိုင်အဖွဲ့အစည်းများအကြား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပိတ်ထားရသည့် အထက ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာသင် ကြားနိုင်ရန် ယာယီစာသင်ကျောင်းဆောင်တစ်ခုကို ကျောက်မဲမြို့တွင်ဖွင့်လှစ်လိုက်ကြောင်း သိရှိရသည်။ တိုက်ပွဲများကြောင့် ဖေဖော်ဝါရီလကတည်းက ပိတ်ထားခဲ့ရပြီး ၂၀၁၆-၁၇ ပညာသင်နှစ်အထိ ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့် တော့ဆန်ကျေးရွာရှိ အထကကျောင်းမှ ကျောင်းသားများအတွက် ကျောက်မဲမြို့နေ ကိုသားဇော် ဦးစီး၍ သီးသန့်ယာယီကျောင်းဆောင်သစ်ကို ဇူလိုင် ၂၁ ရက်တွင်ဖွင့်လှစ်ခဲ့သဖြင့် ကျောင်းသားများ ကျောင်းစာ ဆက်လက်သင်ကြားနိုင်ပြီဖြစ်ကြောင်း သိရသည်။

Read More »

ဧရာဝတီတိုင်းတွင် ၂၀၁၆ ခုနှစ်၌ ၄ တန်းအောင်မြင်ပြီး ၅ တန်း ဆက်မတက်သူ တစ်သောင်းကျော်ရှိနေ

မျိုးမင်းထွန်း(မြစ်မခ) ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ၂၀၁၅-၂၀၁၆  ခုနှစ်တွင် စတုထ္ထတန်းအောင်မြင် ပြီး ၂၀၁၆-၂၀၁၇ ပညာ သင်နှစ်၌ ပဉ္စမတန်းသို့ ဆက်လက်တက်ရောက်ခြင်းမရှိသည့် ကျောင်းသူ၊ ကျောင်းသား(၁၀၁၄၂)ဦးအထိ ရှိနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူး ရုံးစာရင်းများအရ သိရသည်။ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် စတုတ္တတန်းအောင်မြင်သူ (၁၀၇၀၀၅)ဦးရှိသော်လည်း၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ပဉ္စမတန်းသို့ တက်ရောက်သင်ယူသူ (၉၆၈၆၃)ဦးသာရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးစာရင်းများအရ သိရသည်။

Read More »

မဲဆောက်ဒေသတွင် မြန်မာရွှေ့ပြောင်းကလေး ထက်ဝက်ခန့်သာ ပညာသင်ကြားနေရ

မင်းအောင်မြင် (မြစ်မခ) နေပြည်တော်၊ ဇူလိုင် (၇) ရက်။ ထိုင်းနိုင်ငံ၊ မဲဆောက်ဒေသတွင် ကျောင်းနေအရွယ် မြန်မာရွှေ့ပြောင်းကလေးငယ်ဦးရေ သုံးသောင်းခန့်ရှိရာ တွင် ကလေးငယ်(၁၅၀၀၀)ဦးခန့်သာ ပညာသင်ယူနိုင်မှုရှိနေကြောင်း မဲဆောက်ဒေသ အရုဏ်ဦးအခြေစိုက် စခန်း၊ ကျောင်းအုပ် ဦးကျော်ဆန်းထံမှ သိရှိရသည်။ နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ဇူလိုင် ၆ ရက်က ကျင်းပသည့် Alternative Education Forum အခမ်းအနားတွင် နယ်စပ်ဒေသရှိရွှေ့ပြောင်းကလေးများ ပညာရေးအခြေအနေနှင့် ပတ်သက်၍ ကျောင်းအုပ် ဦးကျော်ဆန်းက ယင်းကဲ့သို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

Read More »