Wednesday , March 7 2018
Home / သတင်း / မှုခင်းသတင်း (page 90)

မှုခင်းသတင်း

မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံး၌ ဒုရဲအုပ်မှရဲအုပ်အဆင့်ရှိသူအား သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

စက်တင်ဘာလ (၂)ရက်နေ့ ည(၁၁)နာရီအချိန်ခန့်ကမန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးအတွင်း သေနတ်ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားခဲ့ပြီးအဆိုပါပစ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး မှုခင်းအကူရဲတပ်ဖွဲ့မှူးရုံးမှရဲအုပ်တစ်ဦးသေဆုံးခဲ့သည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ရှိသူများထံမှ သိရှိရသည်။ ပစ်ခတ်သူမှာ ဒုရဲအုပ်သိန်းသန်းစိုးဖြစ်ပြီး အပြင်မှပြန်လာလာခြင်းရုံးအ၀င်းသို့ ၀င်ရောက်ကာ ရဲအုပ်မောင်တင့်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုရဲအဖွဲ့ဝင်တစ်ဦးထံမှ သိရှိရသည်။

Read More »

မုဒုံ၌ လူငယ်မူးယစ်ဂိုဏ်းအဖွဲ့များ ပေါ်ပေါက်နေ

မွန်ပြည်နယ်၊ မုဒုံမြို့တွင် ကျောင်းသားလူငယ်များအကြား ဂိုဏ်းဂဏပုံသဏ္ဌန်အသင်းအဖွဲ့များ ပေါ်ပေါက်လျက်ရှိပြီး လူငယ်ကျောင်းသားများအကြား၌ မူးယစ်စိတ်ကြွဆေးများ သုံးစွဲနေသည်ဆိုသော သတင်းများကြောင့် ကျောင်းသားမိဘများနှင့် မြို့ခံ ရပ်မိရပ်ဖများမှာ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှ သိရှိရသည်။ မုဒုံမြို့သည် မွန်ပြည်နယ်အတွင်း ပညာရေးကောင်းမွန်သော မြို့တစ်မြို့ဖြစ်သောကြောင့် ရပ်နီးရပ်ဝေးမှ မိဘများကမိမိတို့ သားသမီးပညာရေး ထူးချွန်စေရန် မုဒုံမြို့တွင် ကျောင်းလာထားလေ့ရှိကြောင်း၊ ယခုအခါ ကျောင်းသားလူငယ်များကို ပစ်မှတ်ထားသည့် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူများမှာ  မုဒုံမြို့၌ များပြားလာခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

Read More »

တီဗွီအပူလွန်ကဲရာမှ စားသောက်ဆိုင် တစ်ဆိုင်လုံးနီးပါး မီးလောင်ကျွမ်းမှု မော်လမြိုင်၌ဖြစ်ပွား

သြဂုတ်လ(၁၉)ရက်၊ နေ့လည် (၁၂း၀၀) နာရီဝန်းကျင်က မွန်ပြည်နယ်မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်၊ သံလွင်ဥယျာဉ် ၀င်းအတွင်းရှိ City Top စားသောက်ဆိုင်မှ ရုပ်မြင်သံကြားစက်အပူလွန်ကဲရာမှတဆင့် ဆိုင်အတွင်းရှိ  အသုံးဆောင်ပစ္စည်းများကို ကူးစက်ကာ မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့သည်။ မီးလောင်ကျွမ်းမှုမှာ ဆိုင်ဝန်ထမ်းတစ်ဦးမှ (၂၁)လက်မ Samsung TV ဖွင့်ထားစဉ် မေ့လျောနေခဲ့သောကြောင့် တီဗွီမှတဆင့် အပူလွန်ကဲ၍ ပေါက်ကွဲကာ စားသောက်ဆိုင်အတွင်းရှိ ဆိုဖာများပေါ်သို့ ကူးစက်၍ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။

Read More »

တိုင်းဧရာလွှတ်တော်ဥက္ကဋ္ဌနေအိမ်မှ ကျပ်သိန်း ၁၂၀ ကျော်ဖိုး ရတနာပစ္စည်းပျောက်ဆုံးမှုဖြစ်

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၏နေအိမ်မှ ကာလတန်ဖိုးကျပ်(၁၂၄)သိန်း တန်ဖိုးရှိရတနာပစ္စည်းများ သြဂုတ်လ(၁၁)ရက်နေ့က  ပျောက်ဆုံးမှုဖြစ်ပွားခဲ့ရာ အဆိုပါနေအိမ်၌ အိမ်အကူအဖြစ်လုပ်ကိုင်နေသူအား သက်ဆိုင်ရာရဲစခန်းက ဖမ်းဆီးစစ်ဆေးနေပြီး တရားခံမပေါ် သေးဟု သိရှိရသည်။ သြဂုတ်လ(၁၁)ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့ဝန်ကြီးများ အိမ်ယာအတွင်းရှိ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်စိုး၏ နေအိမ်တွင် ဖြစ်ပွားခဲ့သော ပစ္စည်းပျောက်မှုကြောင့်နေအိမ်တွင် အိမ်အကူအဖြစ်လုပ်ကိုင်နေသူ အသက်(၂၁)နှစ်အရွယ်ရှိ မဝေေ၀သင်း ဟင်္သာတမြို့နေသူအား ပုသိမ်မြို့အမှတ်(၂)ရဲစခန်းမှ ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။

Read More »