Thursday , March 8 2018
Home / သတင်း / မှုခင်းသတင်း (page 89)

မှုခင်းသတင်း

ငွေဖြင့်ဝယ်ယူခံ တရားမ၀င်တရုတ်ဇနီးများ လက်ဆင့်ကမ်းရောင်းချခံရမှုများရှိလာ

တရုတ်နိုင်ငံသို့ရောင်းစားခံရသည့် မြန်မာအမျိုးသမီးများမှာ တရုတ်အမျိုးသားက တရားမ၀င်ဇနီးမယားအဖြစ် ပေါင်းသင်းပြီး ၎င်းတို့အနေဖြင့် တရုတ်အမျိုးသမီးတစ်ဦးနှင့် တရားဝင် လက်ထပ်နိုင်သည့်အခါ ငွေဖြင့်ဝယ်ထားသည့် မြန်မာအမျိုးသမီးအား တခြားလူတစ်ဦးထံ ယွမ်ငွေ(၃)သောင်းနှင့်အထက် (မြန်မာငွေကျပ်သိန်းသုံးဆယ်နှင့်အထက်)ငွေကြေးများဖြင့် လက်ဆင့်ကမ်း ရောင်းချမှုများရှိကြောင်း နေပြည်တော် လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့မှ သိရသည်။ “အရင်တုန်းကတော့ လူကုန်ကူးတဲ့ပွဲစားတွေက လိမ်လည်ပြီးတော့ စုဆောင်းတယ်။ အခု နောက်ပိုင်းကျတော့ သူတို့ (ပွဲစား တွေ)က ပေါ်တင်စည်းရုံးတာပေါ့နော်။ တရုတ်မယား လုပ်ရမယ်။ ၆လပြည့်ရင် ပြန်လာလို့ရတယ်။ ရွှေတွေ ဘယ်လောက် ဆင် ပေးမယ်။ အိမ်အတွက် ဘယ်လောက်ပေးမယ် ဆိုပြီးတော့ ဒါမျိုးတွေနဲ့စည်းရုံးလာတယ်။”ဟု နေပြည်တော်လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Read More »

မာန်သစ္စာ ခရီးသည်တင်ယာဉ် ကျောက်ဖြူမြို့အထွက်၌ သစ်ပင်ဝင်တိုက် ခရီးသည် ၁၉ဦး ဒဏ်ရာရ

ကျောက်ဖြူ-ရန်ကုန်ပုံမှန်ပြေးဆွဲပေးနေသည့် မာန်သစ္စာ ခရီးသည်တင်မှန်လုံ(Express)ကားတစ်စီးမှာ ယနေ့ နံနက်၅နာရီ မိနစ် ၄၀ခန့်က ကျောက်ဖြူမြို့မှအထွက် လေးဖာလုံခန့်အကွာ၌ အချိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်ကိုအရှိန်ပြင်းပြင်းဖြင့် ၀င်တိုက်မှုကြောင့် ကားပေါ်၌ စီးနင်းလိုက်ပါလာသည့် ခရီးသည်အားလုံးဒဏ်ရာ အသီးသီးရရှိခဲ့ကြသည်ဟု ကျောက်ဖြူ ရဲစခန်းမှဆေးစစ်ဆေးချက်မှတ်တမ်းများအရ သိရှိရသည်။ အဆိုပါခရီးသည်တင်ယာဉ်၌ ယာဉ်မောင်းနှစ်ဦး၊ ယာဉ်နောက်လိုက်နှစ်ဦးအပါအ၀င် စုစုပေါင်း(၂၂)ဦး စီးနင်းလိုက်ပါ ခဲ့သည်ဟု သိရသည်။

Read More »

ရန်ကုန်၌ ၁၅ ရက်အတွင်း စည်းကမ်းမဲ့ယာဉ်ခုနစ်ထောင်ကျော် စစ်ဆေးအရေးယူခဲ့

ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းမဲ့ယာဉ်များလျော့ကျစေရန် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၊ ပူးပေါင်းစစ်ဆေးအရေးယူရေး အထူးအဖွဲ့ ၁၀ဖွဲ့မှ နှစ်ဖွဲ့စီ ခွဲကာ နေ့စဉ်စစ်ဆေး အရေးယူမှုများပြုလုပ် နေသော်လည်း ရန်ကုန်မြို့ အတွင်း စည်းကမ်းမဲ့ယာဉ်များ ပိုမိုများပြားလာသည်ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ရေးကြီးကြပ်မှု ဗဟိုကော်မတီမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ အထူးစစ်ဆင်ရေးအဖွဲ့၁၀ဖွဲ့သည် သြဂုတ်လ ၂၁ရက်မှ စတင်ကာ သတ်မှတ်ထားသော မီးပွိုင့်၅၀၊ မှတ်တိုင်ပေါင်း၃၀၊ တက္ကစီနှင့်ကိုယ်ပိုင်ယာဉ်လမ်းမကြီးပေါင်း ၃၂လမ်း၊ လမ်းမကြီး ပေါ်ရှိ ကျောင်းများ၁၅ကျောင်းအား တစ်နေ့လျှင် အဖွဲ့(၂)ဖွဲ့ ဦးဆောင်၍ စစ်ဆေးခဲ့ပြီး ၂၀၁၃ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၁၅ ရက်ထိ စည်းကမ်းမဲ့ယာဉ် ၇၄၂၇ စီးကို …

Read More »

မဒေးကျွန်း၌ မစ္စတာလီမော်ဟိုသေဆုံးမှုအတွက် တရုတ်ရဲအရာရှိသုံးဦးက ကျောက်ဖြူသို့ ရောက်ရှိစစ်ဆေး

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မဒေးကျွန်းရှိ တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ CNPC ကုမ္ပဏီလက်အောက်ခံ ယူနန်ကုမ္ပဏီမှ တရုတ်အလုပ်သမားတစ်ဦး သေဆုံးမှုအား စစ်ဆေးရန် တရုတ်နိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိ အရာရှိတစ်ဦးနှင့် ရဲအရာရှိနှစ်ဦးပါ အဖွဲ့သည် စက်တင်ဘာ(၁၂)ရက်က ကျောက်ဖြူမြို့သို့ရောက်ရှိကာ အမှုကိုစတင်စစ်ဆေးလျက်ရှိသည်ဟု ကျောက်ဖြူ မြို့နယ်ရဲစခန်းမှ သိရှိရသည်။ တရုတ်လုပ်သားမစ္စတာလီမော်ဟိုသေဆုံးမှုနှင့် ပတ်သက်၍ ယူနန်ကုမ္ပဏီမှ မန်နေဂျာ မစ္စတာ Mar Wai အပါအ၀င် အလုပ် သမား(၁၁)ဦးကို ကျောက်ဖြူမြို့နယ်ရဲစခန်းက ထိန်းသိမ်းပြီး သေမှုသေခင်း ဖြစ်စဉ်ဒဏ်ရာမျာနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက် ရေးအတွက် အကြိမ်ကြိမ်စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိန်းသိမ်းစစ်ဆေးခံ အလုပ်သမား(၁၁)ဦးစလုံးက သေဆုံး မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိကြောင်းကိုသာ အဖြေတစ်မျိုးတည်း ထွက်ဆိုကြောင်း …

Read More »

တရုတ်အလုပ်သမားတစ်ဦးသေဆုံးမှု အလုပ်သမား(၁၁)ဦးကို စစ်ဆေးနေ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ တရုတ်ရေနံနှင့် ရွှေဂက်(စ်)စီမံကိန်းရုံးချုပ် အခြေစိုက်ရာ ယူနန်ကုမ္ပဏီမှ တရုတ်အလုပ်သမား မစ္စတာလီမော်ဟို(၃၉)နှစ်သေဆုံးမှုကို တရုတ်အလုပ်သမား(၁၁) ဦး အား ကျောက်ဖြူမြို့နယ်ရဲစခန်းက ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။ သေဆုံးသူ မစ္စတာ လီမော်ဟို၏ ရုပ်အလောင်းကို စက်တင်ဘာ(၄)ရက် ယူနန်ကုမ္ပဏီမှ အလုပ်သမားများ  အခြေချတည်းခိုနေထိုင်ရာ အဆောင်နှင့် မနီးမဝေးကမ်းစပ်တွင် သေဆုံးလျက် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရဲစစ်ဆေးချက် မှတ်တမ်းများအရ သိရသည်။

Read More »