Friday , September 22 2017
Home / သတင်း / မှုခင်းသတင်း (page 85)

မှုခင်းသတင်း

ရထားလမ်းပေါ် အိပ်ပျော်နေသည့် လျှာထိုးခံအပါအ၀င် ကလေးတစ်ဦး ပွဲချင်းပြီးသေဆုံး

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၄ နာရီ ၂၀မိနစ်ခန့်တွင်  ရန်ကုန်-မန္တလေး အဆန် သံလမ်းမိုင်တိုင်အမှတ်(၄/၅)နှင့်(၄/၆)ကြား ရထားလမ်းပေါ်၌ အိပ်ပျော်နေသည့် ကလေးငယ် ၃ ဦးရထားတိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရှိရသည်။ သင်္ဃန်းကျွန်းမြို့နယ် သင်္ကန်းကျွန်းဘူတာအနီးတွင် အတိုက်ခံရခြင်းဖြစ်ပြီးကလေးငယ် ၃ ဦးအနက်၂ ဦး မှာ ပွဲချင်းပြီးသေဆုံးပြီး ကျန်တစ်ဦးမှာသင်္ဃန်းကျွန်းစံပြဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။

Read More »

အောက်စီဂျင်အပူကန်၍ တန်ဆောင်တိုင်ယှဉ်ပြိုင်မည့်မီးပုံး ပေါက်ကွဲလောင်ကျွမ်းမှုဖြစ်ပေါ်

ရှမ်းပြည်နယ်တောင်းပိုင်း တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ နီလာလမ်း၊နယ်မြေ (၁၅)၌နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၁ နာရီ ၅၀ မိနစ်အချိန်က တန်ဆောင်တိုင်ပွဲတော်၌ ၀င်ရောက်ယှဉ်ပြိုင်မည့် BEST World မီးပုံးမှာ ယမ်းပေါက်ကွဲမှု ကြောင့် မီးလောင်မှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့အရန်မီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးတင့်ဆွေထံ မှ သိရရှိသည်။

Read More »

အပုပ်နံ့ထွက်မှ သိရှိရသည့် စစ်တွေတက္ကသိုလ်ဆရာမတစ်ဦး သေဆုံးမှု

ရခိုင်ပြည်နယ်စစ်တွေတက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေသည့် ဆရာမတစ်ဦးသေဆုံးနေမှုကို နှစ်ရက်ကြာမှ တွေ့ရှိခဲ့သည်ဟု စစ်တွေမြို့နယ် ရဲစခန်းမှ သိရှိရသည်။ စစ်တွေမြို့မ ကျည်းမြိုင်ရပ်ကွက်တက္ကသိုလ်ဆရာ/ဆရာမများအဆောင် တိုက်နံပါတ်(၁)အခန်း(၉)နေ ဆရာမ ဒေါ်လှအုန်း(မြန်မာစာကထိက)၏အခန်းမှ အပုပ်နံ့ရသဖြင့်ဘေးခန်းနေဆရာများက သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြားရာ အောက်တိုဘာလ၂၇ ရက်နေ့ကစစ်တွေမြို့နယ်ရဲစခန်း၌ တာဝန်မှူးအဖြစ် တာဝန်ထမ်းဆောင်နသည့် ရဲအုပ်ဘိုထင်ကျော်က သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆရာမဒေါ်လှအုန်းသည် အိမ်သာခန်း၌ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ရဲစစ်ချက်မှတ်တမ်းအရ သိရသည်။

Read More »

ဘုရားသွားမည်ဟုဆိုကာ တည်းခိုခန်းခေါ်၍ အဓမ္မပြုကျင့်ခံရမှု တစ်ပတ်အကြာမှ တိုင်ကြား

ရန်ကုန်တိုင်းဒေသကြီးသန်လျင်မြို့ရှိ တည်းခိုခန်းတစ်ခု၌ အသက်၁၇နှစ်အရွယ် ၁၀ တန်းကျောင်းသူတစ်ဦးကို အဓမ္မကျင့်မှုတစ်ခုဖြစ်ပွာခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးကသိရသည်။

Read More »

ဘုရားမီးပူဇော်ရာမှ မြိတ်ဘုရားကြီးညောင်ရိပ်သာကျောင်း မီးလောင်

တနင်္သာတိုင်းဒေသကြီး မြိတ်မြို့ မြစ်ငယ်ရပ်ကွက် သာကေတလမ်းရှိ ဘုရားကြီးညောင်ရိပ်သာကျောင်း၌ ကျောင်းနေ ကပ္ပိယ ဘုရားမီးပူဇော်ရာမှ အဆိုပါဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အောင်တိုဘာလ(၂၁)ရက် ညနေ(၄)နာရီအချိန်က ဘုန်ကြီးကျောင်းနေ ဦးဘချစ်၏သား ကပ္ပိယဦးဖိုးညိုသည် ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားရာ ပျဉ်ထောင် ပျဉ်ခင်း ဘုန်းကြီးကျောင်းတစ်ဆောင် မီးလောင်ခံရပြီး ဘုန်းကြီး ကျောင်း ပိုင် သင်္ကန်းတန်ဖိုး ကျပ်ငါးသိန်းကျော်ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။

Read More »