Friday , September 22 2017
Home / သတင်း / မှုခင်းသတင်း (page 5)

မှုခင်းသတင်း

ရေပူဂိတ်၌ဖမ်းဆီးရမိသော ကျပ် ၈၈ သိန်းတန်ဖိုးရှိ တရုတ်နိုင်ငံထုတ်စားသောက်ကုန်များ မီးရှို့ဖျက်ဆီး

  နောင် (မြစ်မခ) လားရှိုး၊ မေ ၁၉ ရက်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန္နီမြို့နယ်ရှိ ရေပူစစ်ဆေးစခန်း၌ တရုတ်နိုင်ငံမှ တင်သွင်းပြီး  ဖမ်းဆီးရမိထား သော စားသုံးရန်မသင့်သည့်အစားအစာ ကာလတန်ဖိုးကျပ်(၈၈)သိန်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

Read More »

(၁၄) နှစ်အရွယ်ကလေးအား ရေနွေးပူဖြင့် လောင်းသည့် အလုပ်ရှင်ကို အလုပ်နှင့် ထောင်ဒဏ် (၇)နှစ်ချမှတ်

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ မေ (၁၉)ရက်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် (၁၄)နှစ်အရွယ်ကလေးအား လိမ္မော်သီးခိုးစားသည်ဟုဆိုကာ ရေနွေးပူဖြင့် လောင်းသည့် အလုပ်ရှင်ကို မော်လမြိုင်မြို့နယ် တရားရုံးမှ အလုပ်နှင့် ထောင်ဒဏ်(၇)နှစ်ကျခံစေရန် အမိန့်ချ မှတ်လိုက်ကြောင်း သိရှိရသည်။ အရေပြားအထူးကုဆရာဝန်၏ မှတ်ချက်အရ ကလေးငယ်မှာ ရေနွေးပူဖြင့် လောင်းခံရခြင်းကြောင့် အမြဲတမ်း ရုပ်ပျက်ဆင်းပျက်ဖြစ်နိုင်သဖြင့် ပြစ်မှုကျူးလွန်သူအား မြို့နယ်တရားရုံး၏ စီရင်ပိုင်ခွင့် အာဏာအရ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ အရ အလုပ်နှင့် ထောင်ဒဏ်(၇)နှစ်နှင့် ပုဒ်မ ၃၂၃ အရ အလုပ်နှင့် ထောင်ဒဏ်(၁)နှစ် တစ်ပေါင်းတည်း ကျခံစေရန် မေ ၁၈ ရက်က ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

Read More »

မူဆယ်မြို့ရှိ ပုဂ္ဂလိကဘဏ်တစ်ခုနှင့် နေအိမ်တွဲလျက်အဆောက်အဦးတစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

နောင် (မြစ်မခ) မူဆယ်၊ မေ (၁၇) ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ ပုဂ္ဂလိကဘဏ်တစ်ခုနှင့် နေအိမ်တွဲလျက် အဆောက်အဦး တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်သား(၂)ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

Read More »

သထုံမြို့နယ်အတွင်း ကားဘထ္ထရီများ လှည့်လည်ခိုးယူနေသည့် (၅)ဦးပါ အဖွဲ့အား ဖမ်းဆီးရမိ

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ မေ (၁၅) ရက်။ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ညအိပ်ရပ်နားထားသည့် ကားများထံမှ ဘထ္ထရီများ လှည့်လည် ခိုးယူနေ သည့် အဖွဲ့အား သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၌ မေ ၁၄ ရက်၊ ညပိုင်းက ဖမ်းဆီးရမိခဲ့ ကြောင်း သိရှိရသည်။ ကျိုက္ကော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးစိုးနှင့် နယ်မြေခံရဲစခန်းမှတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး လှည့်ကင်း ဆောင်ရွက်နေစဉ် ကျိုက္ကော်ရပ်ကွက် အပေါ်တန်းပိုင်း၊ ရွှေမြင့်မိုရ်လမ်းမပေါ်၌ မသင်္ကာဖွယ် ဆောင်းဦးကို(ခ)မဲ လေးဆိုသူကို ပီနံအိတ်ငယ်နှင့်အတူ ကွဲကြေနေသည့် (၅)လက်မအရွယ် ရေစုပ်စက်မော်တာတစ်လုံးနှင့်အတူ တွေ့ရှိရသဖြင့် စစ်ဆေးရာ ပိုင်ဆိုင်ကြောင်းအထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသည့်အပြင် ခိုးယူ လာကြောင်းယူဆရသဖြင့် သိမ်ဆိပ်နယ်မြေရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် တရားမ၀င်သစ်(၅၅၆.၆၈၀)တန်၊ တရားခံ(၁၇၀)ဦး ပိုမိုဖမ်းဆီးရမိ

မျိုးမြတ်(မြစ်မခ) ပဲခူး၊မေလ(၁၅)ရက်။ ပဲခူးတိုင်းဒေသကြီး၊၂၁၀၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်သည် ယခင်ဘဏ္ဍာနှစ်ထက် တရားမ၀င်သစ်တန်ချိန် (၅၅၆.၆၈)တန်နှင့် တရားမ၀င်သစ်လုပ်ငန်းလုပ်ကိုင်သူ တရားခံ(၁၇၀)ဦး ပိုမိုဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနရုံးမှ သိရှိရသည်။ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီး၌ တရားမ၀င်ကျွန်းသစ် (၂၄၈၉.၇၅၇၇)တန်၊ သစ်မာ (၁၅၅၂. ၃၇၄၉)တန်၊ အခြားသစ်(၂၀၈၂.၁၄၅၀)တန်၊ စုစုပေါင်း(၆၁၂၄.၁၇)တန် ၊ယာဉ်(၁၇၂)စီး၊ တရားခံ(၇၅၈)ဦး ဖမ်းမိခဲ့ကြောင်း သိရသည်။

Read More »