Friday , September 22 2017
Home / သတင်း / မှုခင်းသတင်း (page 4)

မှုခင်းသတင်း

သထုံမြို့နယ်တွင် တရားမဝင်သယ်ဆောင်လာသော ကျွန်းသစ်ခွဲသားများ ဖမ်းဆီးရမိ

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဇွန် ၈ ရက်။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ ကြာပန်းတိုးဂိတ်တွင် ဇွန် ၇ ရက်က တရားမဝင်သယ် ဆောင်လာသော ကျွန်းသစ်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း သထုံခရိုင် မှုခင်းအကူနှိမ်နင်းရေးဌာနမှ သိရှိရသည်။ “သူတို့တွေက သစ်တွေကို ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်းဘက်ကနေ သယ်ဆောင်လာတာ သတင်းရလို့ စောင့်ဖမ်းတာပါ။ ကရင်ပြည်နယ်ကနေတဆင့် တစ်ဘက်နိုင်ငံကို ပို့ဖို့ ဖြစ်နိုင်ခြေများတယ်။ သယ်ဆောင်လာ သူကိုတော့ ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာပါ။”ဟု သထုံခရိုင် မှုခင်းအကူနှိမ်နင်းရေးဌာနမှ ရဲအရာရှိတစ်ဦးက ပြောသည်။

Read More »

ကျိုင်းတုံမြို့နယ်တွင် ဖမ်းဆီးရမိထားသည့် တရားမဝင်သစ်ပိုင်ရှင်များကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေ

ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ ဇွန် ၅ ရက်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခုတ်-ကျိုင်းတုံကားလမ်းပေါ်ရှိ ပန်လီရွာအနီးတွင် ဖမ်းဆီးရမိ ထားသော တရားမဝင်ပိတောက်သစ်ခွဲသားများ၏ ပိုင်ရှင်ဖြစ်သူများကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေ ကြောင်း သိရှိရသည်။ အဆိုပါ သစ်များကို မေ ၃ ရက်၊ နံနက်(၃)နာရီတွင် (၁၀)ဘီးယာဉ်(၂)စီးဖြင့် သယ်ဆောင်လာစဉ်  ဖမ်းဆီးရမိခဲ့ပြီး မေ ၄ ရက်၊ ည(၁၁)နာရီကျော်တွင် ကျိုင်းတုံမြို့မ ရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရှိရသည်။

Read More »

(၈)တန်းကျောင်းသူနှစ်ဦးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းဆရာကို ထောင်ဒဏ်နှစ်(၄၀)ချမှတ်

မျိုးမင်းထွန်း(မြစ်မခ) ပုသိမ်၊ ဇွန် ၁ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ အ.လ.က(ခွဲ)မှ (၈)တန်းကျောင်းသူနှစ်ဦး ကို စာသင်ကျောင်းအတွင်း အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သော ကျောင်းဆရာအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်(၄၀)ကျခံစေရန် ဖျာပုံခရိုင်တရားရုံးက မေ ၃၁ ရက်တွင် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။ သမိုင်းဘာသာပြဆရာဖြစ်သူ ရန်နိုင်အား ကျောင်းသူနှစ်ဦးစလုံး၏ ဖခင်များက ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၇၆) ဖြင့် တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ရာဇဝတ်ကြီးအမှုအမှတ်(၆၉)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ် (၂၀)နှင့် ရာဇဝတ်ကြီးအမှုအမှတ်(၇၀)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်(၂၀)ကို ဖျာပုံခရိုင်တရားသူကြီး ဒေါ်ခင်လင်းက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

Read More »

မန္တလေး ချမ်းမြသာစည်မြို့နယ်တွင် လှည့်​ကင်း​ဆောင်​ရွက်​​နေသည့်​ ရဲတပ်​ဖွဲ့ဝင်​များအား ကားဖြင့်​ ​တိုက်မိသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် သုံးဦး သေဆုံး

မင်းခန့်​ (မြစ်​မခ) မန္တလေး၊ ​မေ (၂၃) ရက်​။ မန္တ​လေးမြို့၊ ချမ်းမြသာစည်​မြို့နယ်​၊ မြို့သစ်​ အမှတ်​(၃)ရပ်​ကွက်​၊ (၆၂)လမ်း၊ ဒေလီယာလမ်းနှင့်​ ဇလပ်​ဝါလမ်း ကြား၌ မေ ၂၃ ရက်​​၊ နံနက်(၁)နာရီက လှည့်ကင်းတာဝန်ထမ်းဆောင်နေသည့် ရဲတပ်​ဖွဲ့ဝင်​များကို ​အရက်သောက်သုံးသူ မောင်းနှင်လာသည့်​ ကားတစ်​စီးက အရှိန်​မထိန်းနိုင်​ဘဲ ဝင်​​ရောက်​တိုက်​မိမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ် သားနှစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။ အမှတ်​(၁၁)နယ်​​မြေရဲစခန်းမှ နယ်​ထိန်း​ခေါင်း​ဆောင်​ ရဲအုပ်​ ​ဇော်​မင်းထိုက်​ဦး​ဆောင်​ပြီး တပ်​ကြပ်​ ​ဇော်​​ဇော်​နိုင်၊ တပ်​ကြပ်​ ​ကျော်​မြင့်​ထွန်း၊ တပ်​ကြပ်​ ​မောင်​​မောင်​​ထွေး၊ ဒုတပ်​ကြပ်​ ရဲလင်း​အောင်​နှင့်​ မိတ်​ဖက်​အဖွဲ့အစည်းများ သည် ညဉ့်​နက်​လှည့်​ကင်းဆောင်​ရွက်​​နေစဉ် ယာဉ်တိုက်ခံခဲ့ရခြင်းဖြစ်သည်။

Read More »

သထုံတွင် စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲဖြန့်ဖြူးသူများနှင့် ဆက်စပ်တရားခံများ ဖမ်းဆီးရမိ

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ မေ ၂၂ ရက်။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာတွင် မေ ၂၁ ရက်ညပိုင်းက WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား များ ဖြန့်ဖြူးရောင်းချသူနှင့် ဆက်စပ်တရားခံများအား ဖမ်းဆီးရမိခဲ့ကြောင်း သထုံခရိုင်ရဲတပ်ဖွဲ့မှ သိရှိရသည်။ “ဆေးပြားတွေ ရောင်းချနေတယ်လို့ သတင်းအရစောင့်ဖမ်းတာပါ။ ဖြန့်ဖြူးရောင်းချသူနဲ့ ဆက်စပ်ဝယ်ယူ သုံးစွဲသူတွေကိုပါ ဖမ်းမိထားပါတယ်။ နောက်ထပ်ကွင်းဆက်တရားခံတွေ ရှိ၊ မရှိစစ်ဆေးပြီး အရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားမှာပါ။”ဟု သထုံခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးကပြောသည်။ သိမ်ဆိပ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ ဝီယော်ကျေးရွာနှင့် ကြာပန်းကျေး ရွာသွားကားလမ်းမတွင်စောင့်ဆိုင်းနေစဉ် ဝီယော်ကျေးရွာမှ ကြာပန်းကျေးရွာသို့ နီတွတ်(ခ) အောင်စိုးဦး(၂၂) နှစ်မောင်းနှင်လာသောဆိုင်ကယ်အား စစ်ဆေးရာ အောင်စိုးဦးမှ …

Read More »