Friday , September 22 2017
Home / သတင်း / မှုခင်းသတင်း (page 30)

မှုခင်းသတင်း

ဇလွန်မြို့ ပြည်တော်ပြန်ဘုရားကြီးပေါ်၌ ကလေးစွန့်ပစ်ခဲ့သည့် အမျိုးသမီး ၂ ဦး၏ CCTV မှတ်တမ်း ဓါတ်ပုံ အား ကျေးရွာအုပ်စု(၁၁)ခုသို့ ဖြန့်ဝေ

မျိုးမင်းထွန်း (မြစ်မခ) ဇလွန်၊ အောက်တိုဘာ(၂၅)ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့ရှိ ဇလွန်မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားပေါ်၌ မွေးကင်းစကလေးတစ်ဦး စွန့်ပစ်ခဲ့သည့် အမျိုးသမီး ၂ ဦးကို ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ဇလွန်မြို့နယ်ရဲတပ်ဖွဲ့မှ CCTV ရုပ်သံမှတ် တမ်းများမှရရှိသည့် ဓာတ်ပုံများကို ဇလွန်မြို့နယ်ရှိ ကျေးရွာအုပ်စု (၁၁)ခုသို့ ဖြန့်ဝေစုံစမ်းနေကြောင်း သိရှိရသည်။

Read More »

လားရှိုးမြို့တွင် ပစ္စတိုသေနတ်နှင့် ဘိန်းမဲဟုယူဆရသည်များကို သယ်ဆောင်လာသူ တစ်ဦးကို ဖမ်ဆီးရမိ

နောင်(မြစ်မခ) လားရှိုး၊ အောက်တိုဘာ ၂၁ ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လမ်းမတော်လမ်း အလက(၅)ကျောင်းရှေ့တွင် မြို့တော်ခန်းမဘက်မှ မြို့မဈေးဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်၏ တူးဘောက်အတွင်းထည့်ကာ ပစ္စတို တစ်လက်နှင့် ဘိန်းမဲဟု ယူဆရသော အရည်များကို သယ်ဆောင်လာသူအား အောက်တိုဘာ ၂၁ ရက်၊ ညပိုင်းက ဖမ်းဆီးရမိကြောင်း လားရှိုးမြို့မ ရဲစခန်းမှ သိရှိရသည်။

Read More »

မင်းပြားမြို့နယ်တွင် သုံးနှစ်အရွယ်မြေးဖြစ်သူအား နှိပ်စက်သည့်ပထွေးကို အဖွားဖြစ်သူက အမှုဖွင့်

ပန်လှအောင် (မြစ်မခ) ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ပြင်ယောင်ကျေးရွာအုပ်စုရှိ ဒိုင်းနက်တိုင်းရင်းသားများ နေထိုင်ရာ င / တာ ကျေးရွာတွင် (၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ပထွေးဖြစ်သူမှ ညှင်းပန်းနှိပ်စက်သည့် အတွက် အဖွားဖြစ်သူမှာ အောက်တိုဘာ(၂၀)ရက်က မင်းပြားမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရှိရသည်။

Read More »

ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်ခဲ့သည့် ရေယာဉ်မှာ ဦးခေါင်းပိုင်း ဝိတ်များမှုကြောင့် ဆယ်ယူနိုင်ခြင်းမရှိသေး

ကောင်းခန့်လင်း (မြစ်မခ) ကနီ၊အောက်တိုဘာ(၁၈)ရက်။ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်ကင်းအုပ်စု မိချောင်းတွင်းကျေးရွာ ချင်းတွင်းမြစ်အတွင်း နစ်မြှပ်သွားသည့် အောင်စိုးမိုးကျော်(၂)ရေယာဉ်မှာ ဦးခေါင်းပိုင်း ဝိတ်များမှုကြောင့် ဆယ်ယူနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

Read More »

ပေါင်မြို့တွင် ဘုရားဖူးယာဉ် တစ်စီး တိမ်းမှောက် (၁)ဦးသေဆုံး (၁၅) ဦးဒဏ်ရာရ

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ အောက်တိုဘာ (၁၇) ရက်။ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုကျိကျေးရွာတွင် အောက်တိုဘာ ၁၇ ရက်မနက်က မန္တလေးတိုင်းဒေသကြီး မိတ္ထီ လာခရိုင်၊ ဝမ်းတွင်းမြို့နယ်ဘက်မှ မွန်ပြည်နယ်၊ ကျိုက္ခမီရေလယ်ဘုရားသို့ ဘုရားဖူးလာသောယာဉ်မှာ ဘီး ပေါက်၍ တိမ်းမှောက်မှုဖြစ်ပွားခဲ့သဖြင့် လူ (၁) ဦးသေဆုံးပြီး (၁၅) ဦးဒဏ်ရာရရှိခဲ့ကြောင်း ပေါင်မြို့မရဲစခန်းထံ မှ သိရှိရသည်။

Read More »