Thursday , June 1 2017
Home / သတင်း / မှုခင်းသတင်း (page 2)

မှုခင်းသတင်း

သထုံမြို့နယ်အတွင်း ကားဘထ္ထရီများ လှည့်လည်ခိုးယူနေသည့် (၅)ဦးပါ အဖွဲ့အား ဖမ်းဆီးရမိ

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ မေ (၁၅) ရက်။ မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ညအိပ်ရပ်နားထားသည့် ကားများထံမှ ဘထ္ထရီများ လှည့်လည် ခိုးယူနေ သည့် အဖွဲ့အား သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်၌ မေ ၁၄ ရက်၊ ညပိုင်းက ဖမ်းဆီးရမိခဲ့ ကြောင်း သိရှိရသည်။ ကျိုက္ကော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးစိုးနှင့် နယ်မြေခံရဲစခန်းမှတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး လှည့်ကင်း ဆောင်ရွက်နေစဉ် ကျိုက္ကော်ရပ်ကွက် အပေါ်တန်းပိုင်း၊ ရွှေမြင့်မိုရ်လမ်းမပေါ်၌ မသင်္ကာဖွယ် ဆောင်းဦးကို(ခ)မဲ လေးဆိုသူကို ပီနံအိတ်ငယ်နှင့်အတူ ကွဲကြေနေသည့် (၅)လက်မအရွယ် ရေစုပ်စက်မော်တာတစ်လုံးနှင့်အတူ တွေ့ရှိရသဖြင့် စစ်ဆေးရာ ပိုင်ဆိုင်ကြောင်းအထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသည့်အပြင် ခိုးယူ လာကြောင်းယူဆရသဖြင့် သိမ်ဆိပ်နယ်မြေရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီးတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် တရားမ၀င်သစ်(၅၅၆.၆၈၀)တန်၊ တရားခံ(၁၇၀)ဦး ပိုမိုဖမ်းဆီးရမိ

မျိုးမြတ်(မြစ်မခ) ပဲခူး၊မေလ(၁၅)ရက်။ ပဲခူးတိုင်းဒေသကြီး၊၂၁၀၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်သည် ယခင်ဘဏ္ဍာနှစ်ထက် တရားမ၀င်သစ်တန်ချိန် (၅၅၆.၆၈)တန်နှင့် တရားမ၀င်သစ်လုပ်ငန်းလုပ်ကိုင်သူ တရားခံ(၁၇၀)ဦး ပိုမိုဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနရုံးမှ သိရှိရသည်။ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီး၌ တရားမ၀င်ကျွန်းသစ် (၂၄၈၉.၇၅၇၇)တန်၊ သစ်မာ (၁၅၅၂. ၃၇၄၉)တန်၊ အခြားသစ်(၂၀၈၂.၁၄၅၀)တန်၊ စုစုပေါင်း(၆၁၂၄.၁၇)တန် ၊ယာဉ်(၁၇၂)စီး၊ တရားခံ(၇၅၈)ဦး ဖမ်းမိခဲ့ကြောင်း သိရသည်။

Read More »

ဘီးလင်းမြို့တွင် (၆)ဘီးယာဉ်တိမ်းမှောက် လူ(၃)ဦးသေ (၅)ဦးဒဏ်ရာရ ယာဉ်မောင်းမှာ ထွက်ပြေးနေ

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ မေ (၁၅) ရက်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဗိုလ်တေဇရပ်ကွက်တွင် မေ ၁၄ ရက်က (၆)ဘီးယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သဖြင့် (၃)ဦး သေဆုံးကာ (၅)ဦးဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ၆ ဘီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။

Read More »

ပြည်မြို့လယ်ရှိ အင်တာနက်ဆိုင်တစ်ဆိုင်တွင် ဓားထောက် အနုကြမ်းစီး လုယက်ခံရမှုဖြစ်ပွား

  သီဟလွင် (မြစ်မခ) ပြည်၊ မေလ(၁၂)ရက်။ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့လယ်ရှိ အင်တာနက်ဆိုင်တစ်ဆိုင်တွင် မေလ(၁၁)ရက်၊ ည (၈း၄၀)နာရီအချိန်ခန့်တွင် လည်ပင်းဓါးထောက်အနုကြမ်းစီး လုယက်ခံရမှုဖြစ်ပွားခဲ့ကြောင်း ပြည်မြို့ အမှတ်(၁)ရဲစခန်းမှ သိရှိရသည်။

Read More »

ဖခင်အား ထင်းချောင်းဖြင့် ရိုက်နှက်ပြီး ထွက်ပြေးသည့် သားဖြစ်သူကို စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းဆီးရမိ

ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ မေ (၉) ရက်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ဖခင်အား ထင်းချောင်းဖြင့် ရိုက်နှက်ပြီး ထွက်ပြေး တိမ်းရှောင် နေသည့် သားဖြစ်သူကို စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှ သိရှိရသည်။ ဖခင်ကို ထင်းချောင်းဖြင့် ရိုက်နှက်ပြီး သွေးများနှင့် လဲကျနေသော ဖခင်ကို ပစ်ထားခဲ့သည့်သားဖြစ်သူကို မိခင်က ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ရာ မေ ၉ ရက်၊ နံနက်(၁)နာရီခွဲတွင် သားဖြစ်သူကို မူးယစ်ဆေးဝါးများနှင့် အတူ တွေ့ရှိဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ 

Read More »