Wednesday , March 7 2018
Home / သတင်း / မှုခင်းသတင်း (page 10)

မှုခင်းသတင်း

တာချီလိတ်မြို့တွင် လက်နက်၊ မူးယစ်ဆေးနှင့် ကျောက်စိမ်းတုံးများ တရားမဝင်သိမ်းဆည်းထားသူကို ဖမ်းဆီးရမိ

ထက်တိုင်းကျော် (မြစ်မခ) တာချီလိတ်၊ ဧပြီ (၂၅)ရက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်တစ်ခုမှ လက်နက်ခဲယမ်း၊ မူးယစ် ဆေးဝါးမျိုးစုံနှင့် ကျောက်စိမ်းတုံးများကို အိမ်ရှင်နှင့်အတူ ဧပြီ ၂၄ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့မ ရဲစခန်းမှ သိရှိရသည်။ “မူးယစ်ဆေးဝါးမျိုးစုံ ကျပ်(၄၃၁)သိန်းကျော်တန်ဖိုးနဲ့ လက်လုပ်သေနတ်(၃)လက်ကျည်(၉)တောင့် အပါအဝင် ကျောက်စိမ်းတုံး စုစုပေါင်း(၄၈)ကီလိုကျော်အလေးချိန်ရှိတဲ့ (၁၀)တုံးကို ဖမ်းဆီးရမိခဲ့ပါတယ်။”ဟု တာချီလိတ်မြို့ အမှတ်(၃၀)မူးယစ်တပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်ကျော်စွာထွန်းက ပြောသည်။

Read More »

သိန္နီမြို့နယ် ရေပူစစ်ဆေးရေးစခန်း၌ တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့မည့် ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိ

နောင် (မြစ်မခ) သိန္နီ၊ ဧပြီ (၂၅) ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ် ရေပူစစ်ဆေးရေးစခန်း၌ တရုတ်နိုင်ငံသို့ တရားမဝင်တင်ပို့မည့် ကျောက်စိမ်းတုံးများအား ဧပြီ ၂၄ ရက်၊ ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရှိရသည်။ ရေပူစစ်ဆေးရေးစခန်း၌ တာဝန်ကျနေသော အဖွဲ့စုံက သတင်းအရစောင့်ဆိုင်းရှာဖွေရာမှ YGN လိုင်စင်ပါ ယာဉ်ဖြင့် တင်ဆောင်လာသော အရွယ်စုံကျောက်စိမ်းတုံး(၅၅)တုံးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read More »

သထုံမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖြန့်ဖြူးရောင်းချနေသူတစ်ဦးကို ဖမ်းဆီးရမိ

အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ ဧပြီ (၂၄) ရက်။ မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ခုတွင် ဧပြီ ၂၃ ရက်၊ ညပိုင်းက လာရောက်စား သောက်သူထံမှ WY စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သထုံခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှ သိရှိရသည်။ “ကျွန်တော်တို့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် မလွတ်စေရအောင် စစ်ဆေးဖမ်းဆီးမှုတွေလုပ်နေတာပါ။ အခု လည်း သတင်းအရ စားသောက်ဆိုင်ထဲမှာ စားသောက်နေသူတစ်ယောက်ကနေပြီး ဆေးဖြန့်နေတဲ့ပုံစံရှိတယ် လို့ ကျွန်တော်သတင်းပေးတစ်ယောက်ဆီကရတဲ့သတင်းအရ ဝင်ဖမ်းတာပါ။ ကွင်းဆက်တရားခံကိုလည်း ဖမ်းမိ နိုင်ရေးဆောင်ရွက်နေပါတယ်။”ဟု သထုံခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှ ရဲအုပ် အောင်သူကပြောသည်။

Read More »

ရေပူစစ်ဆေးရေးစခန်း၌ တရုတ်နိုင်ငံသို့ပို့ဆောင်မည့်မြွေမျိုးစုံကို ဖမ်းဆီးရမိ

နောင်(မြစ်မခ) လားရှိုး၊ ဧပြီ ၂၀ ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်ရှိ ရေပူစစ်ဆေးရေးစခန်း၌ တရုတ်နိုင်ငံသို့ပို့ဆောင်မည့်မြွေမျိုးစုံကို ဧပြီလ၂၀ ရက်နေ့ နံနက်ပိုင်းကဖမ်းဆီးရမိခဲ့ကြောင်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ သိရသည်။

Read More »

ကျိုင်းတုံမြို့ရှိ ဘော်ဒါဆောင်တစ်ခုအား မီးရှို့ရန်ကြံစည်သူကို ဖမ်းဆီး

ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ ဧပြီ(၂၀)ရက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အမှတ်(၃)ရပ်ကွက်၊ ကျိုင်းလန်းရပ်ဈေးတန်းလေးလမ်းတွင်ဖွင့်လှစ်ထား သည့် CEC ဘော်ဒါဆောင်အား ဧပြီလ ၁၈ ရက်နေ့က ဓာတ်ဆီလောင်းမီးရှို့ရန် ကြံစည်ကြိုးစားခဲ့သူကို ဧပြီ ၁၉ ရက်နေ့က ဖမ်းဆီးရမိထားကြောင်း အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Read More »