Friday , September 22 2017
Home / သတင်း / မှုခင်းသတင်း

မှုခင်းသတင်း

အင်းနယ်နိမိတ်သတ်မှတ်မှုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးနှင့် ဌာနဆိုင်ရာများ တရားစွဲ

မျိုးမင်းထွန်း (မြစ်မခ) ပုသိမ်၊ စက်တင်ဘာ ၅ ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်အတွင်း မြေလွတ်မြေရိုင်းများကို လုပ်ကိုင်ခွင့် ရရှိထားသော ပင်လုံ ရတနာကုမ္ပဏီက သလိတ်သုံးခွအင်းနယ်နိမိတ် အငြင်းပွားမှုနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့သည့် အပေါ် တွင် နစ်နာခဲ့သည်ဟုဆိုကာ ညောင်တုန်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦးနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲ(၅)ဦးကို တရားစွဲဆိုထားကြောင်း တိုင်းတရားလွှတ်တော်ရုံးမှ သိရှိရသည်။

Read More »

ပဲခူးမြို့တွင် g&g စတိုးဆိုင်သို့ ဝင်ရောက်၍ အနုကြမ်းစီးမှုဖြစ်ပွား

  မျိုးမြတ် (မြစ်မခ) ပဲခူး၊ သြဂုတ် ၁၇ ရက်။ ပဲခူးတိုင်းဒေသကြီး ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေး၊ ဥဿမြို့သစ်အမှတ်(၂)ရပ်ကွက်ရှိ g&g   စတိုးဆိုင်အား အနုကြမ်းစီးသူကို ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ အသက် (၁၈)နှစ်အရွယ် လူငယ်တစ်ဦးသည် သြဂုတ် ၁၆ ရက်၊ ညနေ(၃)နာရီခန့်က အဆိုပါ g&g စတိုးဆိုင်သို့ ဝင်ရောက်၍ ဝန်ထမ်းအမျိုးသမီးအား ကျင်စက်ဖြင့်တို့ပြီး လုယက်ရန်ကြံစည်ခဲ့ခြင်းဖြစ်သည်။

Read More »

သထုံမြို့တွင် ရဲတပ်ဖွဲ့ဝင် တစ်ဦး ဓားထိုးခံရပြီး သေဆုံး

  အောင်မြင့်ထွန်း (မြစ်မခ) သထုံ၊ သြဂုတ် ၄ ရက်။ မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ စတိုးဆိုင်တစ်ဆိုင်ရှေ့တွင် သြဂုတ် ၃ ရက်၊ ည(၁၁း၀၀)နာရီချိန်ခန့်က ရဲတပ်သားတစ်ဦး ဓားထိုးခံရမှုကြောင့် သေဆုံးခဲ့ကြောင်း သထုံမြို့မ ရဲစခန်းမှ သိရှိရသည်။

Read More »

ရေပူစစ်ဆေးရေးစခန်းကိုမဖြတ်တော့ဘဲ အနီးရှိရွာတွင် ရပ်ထားသည့် သစ်ကားများ ဖမ်းဆီးရမိ

နောင် (မြစ်မခ) လားရှိုး၊ ဇူလိုင် ၁၂ ရက်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ ရေပူစစ်ဆေးရေးစခန်းအနီးရှိ ရွာတစ်ရွာတွင်ရပ်ထားသော ကုန်တင် ခြောက်ဘီးယာဉ် နှစ်စီးပေါ်မှ တရားမဝင်သယ်ဆောင်လာသော ပိတောက်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ တာဝန်ရှိသူများသည် တရားမဝင်သစ်များတင်ဆောင်လာသော ယာဉ်များ ဖြတ်သန်းသွားကြောင်းသတင်းအရ စောင့်ဆိုင်းနေသော်လည်း ရောက်ရှိလာခြင်း မရှိသဖြင့် လိုက်လံရှာဖွေရာမှ ဇူလိုင် ၁၁ ရက်၊ ညပိုင်းတွင်တွေ့ရှိကာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

Read More »

လားရှိုးမြို့တွင် ဗုံးဖောက်မည်ဆိုသည့် ဖောက်ခွဲရေးသမား(၂)ဦး ဓါတ်ပုံကို ထုတ်ပြန်ကြေညာ

နောင် (မြစ်မခ) လားရှိုး၊ ဇူလိုင် ၁၁ ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လူစည်ကားရာနေရာများတွင် ဗုံးဖောက်ခွဲမှုများ ပြုလုပ်ရန် တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုက ဖောက်ခွဲရေးသမားများ စေလွှတ်ထားသည်ဆိုသည့် သတင်းအရ ဖောက်ခွဲ ရေးသမားနှစ်ဦး၏ ဓာတ်ပုံများနှင့် သတိပေးလက်ကမ်းစာစောင်များကို ထုတ်ပြန်ကြေညာထားကြောင်း သိရှိရသည်။

Read More »