Saturday , September 23 2017
Home / သတင်း / ကလေးများဆိုင်ရာ (page 4)

ကလေးများဆိုင်ရာ

ကလေးတိုင်း အကြမ်းဖက်မှုမှန်သမျှမှ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်ရှိရမည်ဟု ယူနီဆက်(ဖ်)မြန်မာဌာနေ ကိုယ်စားလှယ် ဆို

ကမ္ဘာတစ်ဝှမ်းအပြည်ပြည်ဆိုင်ရာကလေးများနေ့နှင့် ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘော တူစာချုပ် လက်မှတ်ရေးထိုးသည့် ၂၄နှစ်ပြည့်မြောက်အထိမ်းအမှတ်ကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

Read More »

သက်ငယ်လိင်အကြမ်းဖက်ခံရမှုအပေါ် ပြည်သူ့အသံများ

  မြန်မာပြည်မှာသတင်းမီဒီယာတွေ လွတ်လပ်ခွင့်မရခင်တုန်းကတော့ သတင်းမီဒီယာတွေမှာ မူခင်းသတင်းအနေနဲ့ လူသတ်မှု၊ ခိုးမှုလောက်ကိုပဲ အများဆုံးတွေ့မြင်ခဲ့ရတယ်။ ၂၀၁၂ ခုနှစ် သြဂုတ်လ နောက်ပိုင်းမှာတော့ မှုခင်း သတင်းတွေထဲမှာ လိင်အကြမ်းဖက်မှု သတင်းတွေက အများဆုံး အနေနဲ့ တွေ့လာရပြန်တယ်။ အထူးသဖြင့် အသက် ၁၀ နှစ်အောက်ကလေးတွေကို အိမ်နီးချင်းတွေ၊ ဆွေမျိုးနီးစပ် တော်သူတွေကနေ လိင်အကြမ်းဖက်တာတွေ လိင်အကြမ်းဖက်ခံရတဲ့ ကလေးတွေ သေဆုံးသွားရတာတွေအဲဒီလို မှုခင်းတွေက မကြားချင်အဆုံးဖြစ်လာခဲ့တယ်။ အခုနောက်ပိုင်းမှာ အဘွားကြီးတွေကိုတောင် လိင်အကြမ်းဖက်မှု ကျူးလွန်တဲ့အထိ လိင်စိတ်ထကြွသောင်းကြမ်းသူတွေက ကျူးလွန်လာတာလည်း တွေ့နေရပါတယ်။

Read More »

လွှတ်တော်သမိုင်းမှာ ရုပ်ဆိုးစေခဲ့တဲ့ဖြစ်ရပ် (သို့) သက်ငယ်လိင်အကြမ်းဖက်ခံရမှုအတွက် ပြည်သူတို့၏ ရင်ဖွင့်သံများ(၂)

  မြန်မာနိုင်ငံမှာ သက်ငယ်လိင်အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အတွက် သမီးငယ်ရှိတဲ့ မိဘပြည်သူတွေအနေနဲ့လူမမယ်အရွယ်သားသမီးတွေ အိမ်မှာစိတ်ချလက်ချထားခဲ့နိုင်ဖို့ ပူပင်နေရတဲ့ အနေအထားနဲ့ ကြုံတွေ့နေရပြီလို့ မိဘပြည်သူတွေက ပြောဆိုလာကြပါတယ်။   မိဘပြည်သူတိုင်း စိုးရိမ်ပူပင်နေရတဲ့အတွက် ပြည်သူအများစုက ဖြစ်ပွားနေတဲ့ သက်ငယ်မုဒိန်းတွေကို ဟန့်တားစေနိုင်တဲ့ ထိရောက်တဲ့ ပြစ်ဒဏ်မျိုးကို လိုလားနေကြတာလည်း တွေ့မြင်ရပါတယ်။

Read More »

လွှတ်တော်သမိုင်းမှာ ရုပ်ဆိုးစေခဲ့တဲ့ဖြစ်ရပ် (သို့) သက်ငယ်လိင်အကြမ်းဖက်ခံရမှုအတွက် ပြည်သူတို့၏ ရင်ဖွင့်သံများ

မြန်မာပြည်မှာ မုဒိန်းမှုဖြစ်ပွားမှုနှုန်းက လူသတ်မှုပြီးရင် ဒုတိယအများဆုံးအမှုအနေနဲ့ ဖြစ်ပွားမှုနှုန်း တက်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။ မုဒိန်းမှုကျူးလွန်သူတွေအနေနဲ့ အရွယ်ရောက်အမျိုးသမီးတွေကိုသာမက အရွယ်မရောက်သေးတဲ့ လူမမယ်အရွယ်အသက် ၁၂ နှစ်အောက်ကလေးတွေကို ကျူးလွန်မှု နှုန်းဟာလည်းတိုးလာခဲ့ပြီး တစ်ပြည်လုံးအတိုင်းအတာနဲ့ဆိုရင်တော့ တစ်နေ့ကို နှစ်မှုနှုန်းလောက်နဲ့ ဖြစ်ပွားနေတာကို သတင်းထုတ်ပြန်ချက်တွေအရ သုံးသပ်ရရှိပါတယ်။

Read More »