Sunday , October 1 2017
Home / သတင်း / ကလေးများဆိုင်ရာ (page 3)

ကလေးများဆိုင်ရာ

ရခိုင်ပြည်နယ်တွင်း ကျောင်းနေအရွယ်ကလေးလုပ်သားများ ပိုများလာဟု မြို့နယ်လူမှုကွန်ယက်များဆို

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဒုတိယအနိမ့်ဆုံး ရခိုင်ပြည်နယ်အတွင်း မြို့နယ်ဒေသအသီးသီးရှိ ကျောင်းနေ အရွယ်ကလေးများ ကျောင်းပညာရေးကို အပြီးပိုင်စွန့်လွှတ်ပြီး  ပြင်ပအလုပ်ခွင်များတွင် အတွေ့များလာသည် ဟု ရခိုင်ပြည်နယ်မှ မြို့နယ်လူမှုကွန်ယက်များက ပြောကြားလိုက်သည်။ “ကျွန်တော်တို့ စစ်တွေမှာတင်မဟုတ်ဘဲ ကျောက်ဖြူ၊ သံတွဲစတဲ့ မြို့နယ်တော်တော်များများကို လေ့လာပြီး ပြောတာပါ။ကျောင်းနေအရွယ်ကလေးအလုပ်သမားက အရင့်အရင်နှစ်တွေကနဲ့ နှိုင်းယှဉ်ကြည့်ရင် ပိုများလာ တယ် လို့ပြောရမှာပါ။ ဒီကိစ္စဟာ အနာဂတ် ရခိုင်ပြည်နယ်အတွက် တော်တော်လည်းရင်လေးစရာပါ။ ဒီလို ဖြစ်ရတာက မိဘတွေရဲ့ဆင်းရဲကျပ်တည်းမှုရဲ့အရင်းခံတစ်ရပ်ဆိုပေမဲ့ စက်ရုံအလုပ်ရုံနှင့် အလုပ်အကိုင် အခွင့် အလမ်း မရှိတာကလည်း အစိုးရပိုင်းကို အပြစ်တစ်ပိုင်းပြောချင်ပါတယ်” ဟု ကျောက်ဖြူလူမှုကွန်ယက်မှ ဦးဘိုကျန်ကဆိုသည်။

Read More »

ကလေးငယ်များ ကားအကြောင်းစိတ်ဝင်စားအောင် စိတ်ကူးပန်းချီဖြင့် Toyota ဆွဲဆောင်

ကလေးသူငယ်များ၏ တီထွင်ဖန်တီးမှုနှင့် မော်တော်ကားများအကြောင်းစိတ်ဝင်စားမှုကို တွန်းအားပေး သည့် Toyota ၏ စိတ်ကူးပုံရိပ်မော်တော်ကား ပန်းချီလက်မှုပညာဆုချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ကမ္ဘာအေးလမ်းမပေါ်ရှိ Aye & Sons Services Ltd. Brand New Car Show Room ၌ မေလ(၄) နေ့ မနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ T.T.A.S Co.,Ltd,Toyota Authorized Service Station သည်  စိတ်ကူးပုံရိပ်မော်တော်ကားပန်း ချီလက်မှု ပညာက လေးများပန်းချီပြိုင်ကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီးယခုအ ကြိမ် သည်တစ်ကမ္ဘာ လုံးဆိုင်ရာ TOYOTA Dream Car Art Contest ၏(၈)ကြိမ်မြောက်ပြိုင်ပွဲဖြစ် သည်ဟုသိရသည်။ 

Read More »

အိမ်ခြေမဲ့ကလေးငယ် ကော်ရှူနှုန်းလျှော့ချနိုင်ရေး စည်းရုံးဖို့ ခက်ခဲနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံကျောင်းများ၌ ကော်ရှူခြင်းပညာပေးများ ပြုလုပ်နိုင်သော်လည်း အိမ် ခြေမဲ့ကလေးများအား စုစည်းရန်ခက်ခဲနေသည့်အတွက် ကော်ရှူနှုန်းများအမှန်တကယ်လျှော့ချနိုင်ခြင်း မရှိသေးကြောင်း မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်းမှ သိရှိရသည်။ လမ်းဘေးနေကလေးငယ်များကို ပညာပေးလုပ်ငန်းများဆောင်ရွက်ရန် ရံပုံငွေအခက်အခဲများနှင့် ပါဝင်လုပ် ဆောင်မည့် လူငယ်များနည်းပါးသည့်အတွက်လည်း ကော်ရှုနှုန်း မလျှော့ချနိုင်ခြင်းဖြစ်သည်။

Read More »

ပညာသင်ကြားခွင့်မရရှိဘဲ အလုပ်လုပ်နေရသည့် ကလေးငယ်များ ပိုမိုများပြားလာ

မြန်မာနိုင်ငံတွင် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားခွင့်မရရှိဘဲအလုပ်လုပ်နေရသည်မှာတစ်နှစ် ထက်တစ်နှစ်ပိုမိုများပြားလာကြောင်း လုပ်သားနှင့်လုပ်ငန်းခွင်ရေးရာအတိုင်ပင်ခံစင်တာမှသိရှိ ရသည်။ စီးပွားရေးအဆင်မပြေမှုများနှင့်ကျောင်းနေစရိတ်များပြားလာခြင်းစသည့်အကြောင်းအမျိုးမျိုးတို့ ကြောင့်ကလေး ငယ်များမှာ ပညာမသင်ကြားနိုင်ဘဲ မိသားစု           စားဝတ်နေရေးအတွက် ၀င်ငွေရသည့် အလုပ်ကိုသာလုပ်ကိုင်နေ ရခြင်းဖြစ်သည်။

Read More »

သက်ငယ်လိင်အကြမ်းဖက်ခံနေရမှုတွေအတွက် မရှိမဖြစ်လိုအပ်လာသည့် မိဘ၊ဆရာ စောင့်ရှောက်မှုအခန်းကဏ္ဍ

မြန်မာနိုင်ငံအတွင်း သက်ငယ်လိင်အကြမ်းဖက်မှု ပပျောက်ရေးဆောင်ရွက်ရာ၌ မိဘနှင့် ဆရာများ၏ ကဏ္ဍ သည် ပိုမို အရေးကြီးကြောင်း လူမှုရေးအသင်းအဖွဲ့များနှင့်လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောဆိုလာကြသည်။ သက်ငယ်လိင်အကြမ်းဖက်မှု ပပျောက်ရေးဆောင်ရွက်ရာ၌ မိဘများသာမက ကျောင်းဆရာ၊ ဆရာမများက လိင်အကြမ်း ဖက်မှုဆိုင်ရာ ဗဟုသုတများကို ကလေးများအား သင်ကြားပေးထားသည့်နည်းဖြင့် ပါဝင်ကူညီသင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။

Read More »