Monday , December 18 2017
Home / သတင်း / စီးပွားရေးသတင်း (page 79)

စီးပွားရေးသတင်း

“ဘ”အက္ခရာသတင်းများကြောင့် စလစ်ဈေးအနည်းငယ်ကျ

ရန်ကုန်ကားဈေးကွက်အတွင်း ယခုနောက်ပိုင်းစလစ်ဈေးများမှာ ကျပ်သိန်း ၈၀ မှ ၉၀ကြားရှိနေသည့် အတွက် ယခင်ကထက် ဈေးနှုန်းအနည်းငယ်လျှော့ကျလာကြောင်း သိရသည်။ ယခင်က ရန်ကုန်ဈေးကွက်တွင် စလစ်ဈေးများမှာ ကျပ်သိန်း ၉၀ မှ ၁၀၀ အတွင်းရှိနေခြင်းဖြစ်ပြီး နယ်အချို့တွင် ၁၁၀ မှ ၁၂၀ အတွင်း ရှိနေသော စလစ်များသည် ယခုနောက်ပိုင်း အရောင်းအ၀ယ် နည်းပါးလာခြင်း၊ `ဘ´အက္ခရာ ယာဉ်များ အပ်နှံခွင့်ရတော့မည်ဟူသည့် ကောလဟာလများကြောင့် စလစ် ဈေးများထိုးကျလာကြောင်း သိရှိရသည်။

Read More »

သာမာန်ကားများထက် အရောင်းသွက်လာသည့် ပြိုင်ကား

ကားဈေးကွက်အတွင်း မော်ဒယ်မြင့်ကားများထက် 1300 CC ကားများမှာ အရောင်းပြခန်းများ၌ အရောင်းအ၀ယ်ဖြစ်လျက်ရှိပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်မူ မော်ဒယ်မြင့်ကားများ အနည်း ငယ် အရောင်းအ၀ယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ 1300 CC ကားများတွင် လူငယ်ကြိုက်ဖြစ်သော Mazda(1300 CC) အမျိုးအစား ပြိုင်ကားသည် အခြားကားများထက် စိတ်ဝင်စားမှုများကြောင်း သင်္ကန်းကျွန်း မြို့နယ်၊ Car Show Room တစ်ခုမှ မန်နေဂျာ ကိုမင်းထက်ကိုမှ ပြောသည်။ အဆိုပါကားတန်ဖိုးမှာ ကျပ် ၂၁၀ သိန်း ၀န်းကျင် ရှိသည်။

Read More »

ဖားကန့်လုပ်ငန်းခွင်များ ရပ်ဆိုင်း၍ စက်ဆီချောဆီဈေးကွက် ၇၀ ရာခိုင်နှုန်း ရောင်းအားကျ

ကချင်ပြည်နယ်တွင် ဖားကန့်ဒေသ၌ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ရန်ကုန်ဘုရင်နောင်ဈေးရှိ အင်ဂျင်ဝိုင်၊ ဟိုက်ဒရောလစ်ဆီ အစရှိသည့် စက်ဆီ၊ချောဆီဈေးကွက်မှာ ရောင်းအားကျဆင်းလျှက်ရှိကြောင်း သိရသည်။ ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်သည့်လုပ်ငန်းအပါအ၀င် အခြားလုပ်ငန်းများပါ ရပ်ဆိုင်းလိုက်ရသော ကြောင့် ယခုနှစ် ဇန်န၀ါရီလအတွင်း စက်ဆီ၊ ချောဆီ ရောင်းအားမှာ ပြီးခဲ့သည့်နှစ် ဇန်န၀ါရီလနှင့်ယှဉ်ပါက ၇၀% ကျဆင်းသွားခြင်းဖြစ်သည်။

Read More »

တရုတ်က အ၀ယ်လိုက်လာသော်လည်း ဈေးကွက်အတွင်းသို့ ဆန်အ၀င်နည်းနေ

ပြည်ပမှ ဆန်ဝယ်လိုအား မြင့်တက်နေခြင်းနှင့်အတူ ဆန်ဈေးနှုန်းများ မြင့်တက်နေသော်လည်း ရန်ကုန် ဈေးကွက်အတွင်းသို့ ဆန်ဝင်ရောက်မှုနည်းပါးလျှက်ရှိကြောင်း ဘုရင့်နောင် ဆန်ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရသည်။ “အခု တရုတ်က အ၀ယ်လိုက်တယ်။ တစ်ပတ်လောက်ပဲ ရှိသေးတယ်။ ဆန်ချောရော ဆန်ကြမ်းရော ဈေးတက်တယ်။ တစ်အိတ်ကို ၁၀၀၀-၂၀၀၀ လောက် ဈေးတက်တယ်။ ဈေးတက်တော့ အရောင်းအ၀ယ် အေးတယ်”ဟု ဘုရင့်နောင်ပွဲရုံ၊ ကောင်းမြတ်စံဆန်ဆိုင်မှ ကိုထွန်းဝင်းက ပြောသည်။

Read More »