Tuesday , January 16 2018
Home / သတင်း / စီးပွားရေးသတင်း (page 73)

စီးပွားရေးသတင်း

(၄၆)နှစ်အတွင်း ဆန်တန်ချိန်အများဆုံး တင်ပို့နိုင်သည့်နှစ်အဖြစ် မှတ်တမ်းဝင်

မြန်မာနိုင်ငံမှဆန်စပါးများအား ကမ္ဘာ့နိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချနေရာမှ နိုင်ငံအသစ်များကပါ စပါးတင်ပို့ရန် ကမ်းလှမ်းလာမှုကြောင့် ယခုဘဏ္ဍာနှစ်မှာ (၄၆)နှစ်တာ ကာလအတွင်း ဆန်တန်ချိန် အများဆုံးတင်ပို့နိုင်သည့်နှစ်အဖြစ် မှတ်တမ်းဝင်နေကြောင်း မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှ သိရသည်။ ယခုဘဏ္ဍာနှစ်ကို ဆန်တန်ချိန်အများဆုံးတင်ပို့နိုင်သည့်နှစ်ဟု သတ်မှတ်ခံရနိုင်သည့် အကြောင်းအရင်းမှာ ပြည်ပမှဆန်တင်သွင်းရန်ကမ်းလှမ်းမှုများနှင့် နိုင်ငံတော်မှ အရန်ဆန်အ၀ယ်နည်းနေခြင်းကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှ ဥက္ကဌ ဒေါက်တာစိုးထွန်းကဆိုသည်။ “ဆန်တင်ပို့ဖို့ နိုင်ငံသစ်တွေ တိုးလာတာရယ်၊ လယ်သမားတွေက နွေစပါးစိုက်ဧက (၅၀)နှုန်း လျှော့ စိုက်ကြတော့ စပါးလက်ကျန် နည်းတယ်၊ အဲ့တော့ ဈေးကောင်းရနိုင်တယ်။ ပြီးတော့၊ နိုင်ငံတော်အရန်ဆန် အ၀ယ်နည်းတာလည်း ပါတယ်။”ဟု ဥက္ကဌ ဒေါက်တာစိုးထွန်းက ပြောသည်။    

Read More »

ကန်တော်ကြီးရေချိုငါးဥယျာဉ်နှင့်သာကေတမိချောင်းစခန်းအား တင်ဒါခေါ်မည်

ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူများအား တင်ဒါခေါ်ယူကာ ရန်ကုန်တိုင်းဒေသတွင်းရှိ ကန်တော်ကြီး ရေချိုငါးဥယျာဉ်နှင့် သာကေတမိချောင်းမွေးမြူးရေးစခန်းတို့အား အဆင့်မြင့် တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရှိရသည်။ “ရေချိုငါးဥယျာဉ်နဲ့ မိချောင်းမွေးမြူရေးစခန်းကို တီထွင်ဆန်းသစ်ပြီးတော့ ပြကွက်တွေနဲ့ အဆင့်မြင့် နည်းပညာတွေနဲ့ လုပ်ဖို့လိုအပ်လာတယ်လို့ သမ္မတရုံးကို တင်ပြခဲ့တော့ ရုံးကလည်း ခွင့်ပြုပါတယ်။ ဒါ့ကြောင့် တိုးချဲ့ဆောင် ရွက်သွားဖို့ ရှိပါတယ် ” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနမှ ဒု-ညွှန်ချုပ် ဦးကျော်မျိုးဝင်းက ပြောသည်။  

Read More »

မွေး/ရေ ကဏ္ဍဖွံ့ဖြိုးရေး လျာထားချက်လုပ်ငန်းများ လုပ်ဆောင်တော့မည်

၂၀၁၃ခုနှစ်အတွင်း မြန်မာ့မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍများ တိုးတက်မြင့်မားလာစေရန် တိုင်း၊ခရိုင်၊ မြို့နယ်များအလိုက် လျာထားချက်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာနက ဒုဝန်ကြီးမှ သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ “အခုကစပြီးတော့ နိုင်ငံတကာအဆင့်ရောက်အောင် မြှင့်နေပါပြီ။ သားငါးကဏ္ဍနဲ့ပါတ်သတ်ပြီးတော့ ဒီနှစ်အတွင်းမှာ ဆောင်ရွက်မှာတွေကိုလည်း လျာထားပြီးပါပြီ။ (၃)လလောက် အချိန်ယူပြီး ဒီလုပ်ငန်း က အောင်မြင်နိုင်လား မအောင်မြင်နိုင်ဘူးလားဆိုတာတွေ အကုန်လုံးညှိနှိုင်းပြီးတော့ ဆောင်ရွက်သွား မယ်။ အဓိကကတော့ plan ခွဲထားပြီး အချိန် ကာလတစ်ခုအထိ ဆက်လုပ်သွားမယ် ” ဟု မွေးမြူရေး နှင့်ရေလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်အေးက ပြောသည်။

Read More »

ဆန်ဈေးနှင့်အတူ ၀ယ်လိုအားပါ ကျဆင်းနေသည့် မော်တင်ဆန်ဈေးကွက်

ယခုရက်ပိုင်းအတွင်း ရန်ကုန်ဈေးကွက်အတွင်း၌် ဆန်ကြမ်း၊ဆန်ချောနှင့်ဆန်ကွဲဈေးနှုန်းများ အနည်း ငယ်ကျဆင်းမှုနှင့်အတူ ၀ယ်လိုအားပါ ကျဆင်းနေကြောင်း မော်တင်၊ဆန်စပါးကုန်စည်ဒိုင်ရှိ ဆန်ကုန် သည်များထံမှ သိရသည်။ “အခု ဘယ်ဆန်မှ အရောင်းမသွက်ဘူး။ ဆန်ဈေး၊ဆန်ကွဲဈေး ကျသွာတယ်။ မြ၀တီလမ်းက သွားလို့မရတော့ ၊ မ၀ယ်ကြဘူး။ တရုတ်သမားတွေလည်း မ၀ယ်တော့ ဆန်ကွဲဈေးကွက်က ဆင်းသွားတယ်။ နိုင်ငံခြားဈေးကွက်က ဈေးချပြီး ၀ယ်တယ် ကြားတယ်၊ ဒီတော့ ဒီမှာလည်း ဈေးကျတာပေါ့။”ဟု မော်တင် ဆန်စပါးကုန်စည်ဒိုင်၊ ကျိုက်လတ်လိုင်းမှ ဦးသိန်းညွှန့်က ပြောသည်။

Read More »

ကုန်တင်ယာဉ်ဈေးကွက်၌ အရစ်ကျ Suzuki Carry ကားများ အရောင်းသွက်နေ

ဈေးနှုန်းကွာဟချက်ကြောင့် ရန်ကုန်ကုန်တင်ယာဉ်ဈေးကွက်အတွင်း Suzuki Carry ကားများမှာ Light Truck ကားများထက် ပိုမိုရောင်းသွက်နေကြောင်း ကားအရောင်းပြခန်းများထံမှ သိရသည်။ Suzuki Carry ကားများအား ဂျပန်မှ တိုက်ရိုက်တင်သွင်းခြင်းဖြစ်ပြီး Light Truck ကားအများစုမှာ တရုတ်မှ တင်သွင်းပြီး ပြည်တွင်းတွင် ပြန်လည်တပ်ဆင်သည်ဟု သိရသည်။

Read More »