Saturday , October 20 2018
Home / သတင်း / စီးပွားရေးသတင်း (page 50)

စီးပွားရေးသတင်း

ပဲခူးဟံသာဝတီ လေဆိပ်စီမံကိန်းသတင်းကြောင့် တက်လာသည့်မြေဈေး ဆက်လက်မြင့်တက်ဆဲ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ပြင်ရှိ အိမ်ခြံမြေဈေးများသည် ဟံသာဝတီလေဆိပ်အား နိုင်ငံတကာအဆင့်မီ လေယာဉ်ကွင်းပြောင်းလဲမည်ဟု သတင်းထွက်ပေါ်ပြီး တစ်နှစ်ခွဲနီးပါး ကြာမြင့်သည်အထိ ဈေးနှုန်းများ ထပ်မံ မြင့်တက်နေကြောင်း အိမ်ခြံမြေဈေးကွက်အတွင်းမှ သိရှိရသည်။ စီမံကိန်းမတိုင်ခင်ကာလများတွင် ပဲခူးမြို့ပြင်ရှိ မြေများသည် တစ်ဧကလျှင် ကျပ်သိန်း (၁၀၀) ၀န်းကျင်ခန့်သာ ရှိခဲ့ပြီး စီမံကိန်းရှိသည်ဟု သတင်းများထွက်ပေါ်ပြီးနောက်ပိုင်းတွင် ဟံသာဝတီလေဆိပ်အနီးရှိ မြေဈေးများမှာ တစ်ဧကလျှင် ကျပ် သိန်း (၁၀၀၀) ၀န်းကျင်အထိ မြင့်တက်လာခဲ့ပြီး လက်ရှိတွင် ကျပ်သိန်း (၂၀၀၀) ၀န်းကျင်အထိ မြင့်တက်လာကြောင်း သိရသည်။

Read More »

ကန်ဒေါ်လာဈေးတက်သဖြင့် ကမ္ဘာ့ရွှေဈေးအကျနှင့်အတူ မြန်မာ့ရွှေဈေး စံချိန်တင်ကျဆင်း

အမေရိကန်နိုင်ငံ၏ စီးပွားရေးအခြေအနေကောင်းမွန်မှုကြောင့် ကမ္ဘာ့ရွှေဈေးကျဆင်းခဲ့ပြီး မြန်မာ့ရွှေဈေးမှာ လည်း ယခုနှစ်အတွင်း၌ စံချိန်တင်ဈေးနှုန်းအဖြစ် ကျဆင်းခဲ့ကြောင်း ရန်ကုန်မြို့ ရွှေဈေးကွက်အတွင်းမှ သိရသည်။ စက်တင်ဘာလ(၁၅)ရက်နေ့၌ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၂၈ သို့ကျဆင်းခဲ့ပြီး မြန်မာ့ရွှေဈေးမှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၅၁၀၀၀ ကျပ် သို့ကျဆင်းခဲ့သည်။

Read More »

လက်ရှိကားဈေးနှုန်းမှာ သင့်တင့်၍ ၂၀၁၅ ခုနှစ်အတွင်း ကားဈေးနှုန်းကျဆင်းဖွယ်မရှိဟုဆို

မြန်မာနိုင်ငံ၏ လက်ရှိကားဈေးနှုန်းမှာ သင့်တင့်သည့် အနေအထားတွင်ရှိနေပြီး လာမည့် ၂၀၁၅ ခုနှစ်အထိ ကားဈေးထပ်မံကျနိုင်ဖွယ်မရှိဟု ကားဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းပြောဆိုလိုက်သည်။ “ဒီမှာလေလံဈေးက သိန်း(၂၀) လောက် ကျပေမဲ့ ဂျပန်မှာကားဈေးက သိန်း(၂၀)လောက်ပြန်တက်လာတယ်။ ဒီတော့ ဒီမှာအခွန်ငွေ ပေးဆောင်ရတာနဲ့ ဂျပန်ပြည်က၀ယ်ရတာ၊ သင်္ဘောလိုင်းတွေရဲ့စရိတ်နဲ့ဆိုရင် လက်ရှိ မြန်မာနိုင်ငံကားဈေးဟာ အာဆီယံနိုင်ငံတွေထဲမှာ အသင့်တော်ဆုံးကားဈေးပေါ့နော်။ ဈေးအပေါဆုံးလို့ ထင်နေတဲ့ ထိုင်းနိုင်ငံတောင်မှ မြန်မာနိုင်ငံထက် ဈေးကြီးနေပါသေးတယ်။” ဟု မင်းမြန်မာချစ်ခန့် ကားရောင်းဝယ်ရေးကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာကိုမင်းဇော်ဖေက ပြောသည်။

Read More »

ဈေးကွက်ချဲ့ထွင်ရေး ထိုင်းလုပ်ငန်းရှင်များကို ၀န်ကြီးဌာနမှ မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာ

ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ထိုင်းစီးပွားရေးဝန်ကြီးဌာနက ဦးဆောင်၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုအသစ်များပြုလုပ်နိုင်ရေး ထိုင်းကုမ္ပဏီ ၂၁ ခုမှ စီးပွားရေးလုပ်ငန်းရှင်များကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်လာကြောင်း သိရသည်။ “အရင်က မြန်မာနိင်ငံနဲ့ စီးပွားရေးဖလှယ်မှုလုပ်ဖြစ်ပေမဲ့ ခုတစ်ခေါက်က မြန်မာ့စီးပွားရေးသမားတွေနဲ့တွေ့ဖို့ ဈေးကွက်ကို သေချာသင်ကြားပြီးမှ သူတို့ကိုခေါ်လာတာပါ။ ဘာကြောင့်လဲဆိုရင် ထိုင်းက  မြန်မာနိင်ငံကို အခြားနိင်ငံတွေနဲ့စာရင် ကူးသန်းရောင်းဝယ်မှု အများဆုံးလုပ်တဲ့အတွက်ဖြစ်ပါတယ်။မြန်မာ့ဈေးကွက်ကို သေချာ Train လုပ်ထားတဲ့အတွက် အချင်းချင်းတွေ့တဲ့အခါ ရင်းနီးမြုပ်နှံမှု ဖြစ်ပေါ်လာမှာဖြစ်တယ်” ဟု OFFICE OF COMMERCIAL AFFAIRS, Royal Thai က ပြောကြားလိုက်သည်။

Read More »

ပြည်တွင်းပန်းပုလုပ်ငန်းရှင်များ နိုင်ငံခြားဈေးကွက်သို့ ထိုးဖောက်လာ

မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ၀င်ရောက်သူများပြားလာခြင်းကြောင့် ပြည်တွင်း ပန်းပုလုပ်ငန်းမှာလည်း တွင်ကျယ်လာပြီး ကမ္ဘာလှည့်ခရီးသွားများမှ မြန်မာနိုင်ငံ၏ ပန်းပုလုပ်ငန်းနဲ့ လုပ်ကွက်များကို သဘောကျနှစ်သက်ခြင်းကြောင့် ပြည်ပဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ကြိုးစားလာကြကြောင်း ပန်းပုလုပ်ငန်းရှင်များက ဆိုသည်။ “တရုတ်နဲ့ထိုင်းက ဒီရာသီအ၀င်များတယ်၊ ကျွဲပုံစံတွေ ၊ နွားပုံတွေက တရုတ်ကြိုက်ပစ္စည်း ၊ထိုင်းကတော့ ဘုရားပုံတွေအများစုဝယ်ကြတယ်၊ ကိုရင်ရုပ်တုလေးတွေ ၊ရိုးရာ ဖန်စီပုံစံလေးတွေ အ၀ယ်များတယ်။”ဟု ရွှေတိဂုံဘုရားတောင်ဘက်မုတ်မှ ပန်းပုအရောင်းဆိုင်ပိုင်ရှင် ကောင်းမိုးဆက်ကပြောသည်။

Read More »