Thursday , October 18 2018
Home / သတင်း / စီးပွားရေးသတင်း (page 5)

စီးပွားရေးသတင်း

မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များ ပိတ်ခံထားရခြင်းကြောင့် ဆန်တင်ပို့မှု ရပ်နားထားသဖြင့် ဆန်ဈေး ကျဆင်းလာ

သူရ (မြစ်မခ) ရန်ကုန်၊ ဇွန် ၂၁ ရက်။ တရုတ်အစိုးရက မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များကို ဇွန် ၁၈ ရက်မှစတင်၍ ခေတ္တပိတ်ထားခြင်း ကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ကုန်သွယ်ရေးစခန်းမှ ဆန်တင်ပို့မှု ရပ်နားထားသဖြင့် ပြည်တွင်း၌ ဆန်ဈေးနှုန်းများကျဆင်းလာကြောင်း ပြည်တွင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရသည်။

Read More »

မွန်ပြည်နယ်အတွင်း နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ပမာဏ ကန်ဒေါ်လာသန်းပေါင်း (၅၄၀၀)ကျော် အထိရှိလာ

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ ဇွန် ၂၀ ရက်။ မွန်ပြည်နယ်အတွင်း ပြည်ပနိုင်ငံပေါင်း(၁၁)နိုင်ငံက ကဏ္ဍ(၃)ရပ်အတွက် လာရောက်ရင်းနှီးမြုပ်နှံထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း(၅၄၀၀)ကျော်ရှိလာကြောင်း မွန်ပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။ အဆိုပါ ကဏ္ဍ(၃)ရပ်အနက် စွမ်းအင်ကဏ္ဍအတွက် ရင်းနှီးမြုပ်နှံမှု အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ (၄၉၈၇.၉၅)သန်းအထိ ရင်းနှီးမြုပ်နှံထားကာ ကျန်ရှိသည့် ကဏ္ဍ(၂)ရပ်ဖြစ်သည့် စက်မှုကဏ္ဍအတွက် ဒေါ်လာ (၄၂၅.၀၅)သန်း၊ ဝန်ဆောင်မှုကဏ္ဍအတွက် ဒေါ်လာသန်း(၂၀) ရင်းနှီးမြုပ်နှံထားပြီးဖြစ်ကြောင်း သိရသည်။

Read More »

မြန်မာ့ရွှေဗဟိုဈေးကွက်အတွင်း ရင်းနှီးမြုပ်နှံရန် ပြည်ပနိုင်ငံပေါင်း(၃၀)ခန့် စိတ်ဝင်စားနေ

ယမုံ(မြစ်မခ) ရန်ကုန်၊ ဇွန် ၁၆ ရက်။ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်ရန်စီစဉ်ထားသည့် ရွှေဗဟိုဈေးကွက်အတွင်း ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရန် ပြည်ပနိုင်ငံပေါင်း(၃၀)ဝန်းကျင်က စိတ်ဝင်စားလျက်ရှိကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရှိရသည်။ ရွှေဗဟိုဈေးကွက်အတွင်း ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် ဂျပန်နိုင်ငံ၊ အာဆီယံနိုင်ငံများ၊ အာဖရိကနိုင်ငံများ၊ ရှန်ဟိုင်း၊ အမေရိက၊ ဥရောပနိုင်ငံများက စိတ်ဝင်စားလျှက်ရှိပြီး ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် ရှန်ဟိုင်း ရွှေစတော့အိတ်ချိန်း ဥက္ကဌ၊ အမေရိကန် ရွှေစတော့အိတ်ချိန်း ဥက္ကဌတို့က ဇူလိုင်လအတွင်း မြန်မာနိုင်ငံအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် လာရောက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Read More »

အုန်းသီးအခြေပြု SME စီးပွားရေးလုပ်ငန်းရှင်များကို တစ်ဦးလျှင် ကျပ်သိန်း(၁၀၀၀)ထုတ်ချေးပေးမည်

ဝေဖြိုး (မြစ်မခ) နေပြည်တော်၊ ဇွန် ၁၅ ရက်။ အုန်းသီးအခြေပြု စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် ငွေကြေးအခက်အခဲကြုံတွေ့နေရသော SME   လုပ်ငန်းရှင်များကို ဂျာမနီနိုင်ငံအခြေစိုက် KFW ဖွံ့ဖြိုးရေးဘဏ်နှင့် သမဝါယမဘဏ်(CB Bank)တို့က တစ်ဦးလျှင် ကျပ်သိန်း(၁၀၀၀)အထိ သြဂုတ်လတွင် ထုတ်ချေးပေးရန်စီစဉ်နေကြောင်း သိရှိရသည်။ “စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ဖို့ ငွေကြေးအခက်အခဲကြုံတွေ့နေရတဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းရှင်တွေကို ဂျာမနီနိုင်ငံ အစိုးရကနေ ငွေကျပ်(၆,၇၅၇.၃၂၅)သန်းကိုပေးမှာပါ။ နောက်ပြီး ဂျာမနီနိုင်ငံ အခြေစိုက် KFW ဖွံ့ဖြိုးရေးဘဏ်နဲ့ သမဝါယမ(CB)ဘဏ်တို့က တစ်ဦးကိုကျပ်သိန်း(၁၀၀၀)အထိ ထုတ်ချေးပေးသွားမှာပါ။”ဟု စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောဆိုလိုက်သည်။

Read More »

ရခိုင်ပြည်နယ်အတွင်းရှိ ပုစွန်ကန်များ သဘာဝဘေးဒဏ်ခံနိုင်ရေး ခိုင်ခံ့အောင် လုပ်ဆောင်ရန် ငွေကြေး ခက်ခဲနေ

ပန်လှအောင် (မြစ်မခ) မင်းပြား၊ ဇွန်​ ၇ ရက်။ မုန်​တိုင်းဒဏ်​နှင့် ရေကြီးသည့် ဒဏ်တို့ ခံနိုင်​ရန်​ ရခိုင်ပြည်နယ်အတွင်းရှိ ပုစွန်မွေးမြူရေးကန်များ၏ တာပေါင်များ ခိုင်ခံ့အောင်​ပြုလုပ်​ခြင်းနှင့်​ ကန်အောက်ခြေပြန်​လည်​တူး​ဖော်​ခြင်းလုပ်​ငန်းများ လုပ်​ဆောင်ရန်​ လိုအပ်နေသော်လည်း ငွေကြေးအခက်အခဲများ ရှိနေကြောင်း ပုစွန်​မွေးမြူရေးလုပ်​ငန်းရှင်​များထံမှ သိရှိရသည်​။ ပုစွန်ကန်များ ပြန်လည်တူးဖော်ရေး လုပ်ငန်းများအတွက် ပုစွန်​ကန်​​တစ်ကန်ကို ကျပ်သိန်း(၁၀၀)​ခန့်ကုန်ကျမည် ဖြစ်ကြောင်းနှင့် ပုစွန်လုပ်ငန်း​ရှင်များအနေဖြင့် ကျပ်သိန်း(၃၀)ခန့်သာ တက်နိုင်ကြောင်း ရခိုင်​ပြည်​နယ်​ပုစွန် လုပ်​ငန်းရှင်​များထံမှ သိရသည်။

Read More »