Sunday , May 28 2017
Home / သတင်း / စီးပွားရေးသတင်း (page 4)

စီးပွားရေးသတင်း

မြန်မာနိုင်ငံမှထွက်ရှိသည့် ဝါးမီးသွေးကို ဂျပန်နိုင်ငံ၊ အမေရိကန်နှင့် ဗီယက်နမ်နိုင်များသို့ တင်ပို့မည်

ယမုံ(မြစ်မခ) ရန်ကုန်၊ မေ ၁။ မြန်မာနိုင်ငံမှထွက်ရှိသည့် ဝါးမီးသွေးကို ဂျပန်နိုင်ငံ၊ အမေရိကန်နှင့် ဗီယက်နမ်နိုင်များသို့ ဈေးကွက်တိုးချဲ့ တင်ပို့ သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါဝယ်ယူမည့်နိုင်ငံများသို့ တင်ပို့မည့် ကုန်ပစ္စည်းနမူနာများ ပေးပို့ထားကာ ၀ါးမီးသွေးတစ်ကီလိုလျှင် မြန်မာကျပ်ငွေ (၁၅၀၀)ဖြင့် တင်ပို့ရောင်းချ နိုင်ရန်စီစဉ်နေကြောင်း သိရသည်။

Read More »

အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေး စခန်းအား ဖြတ်သန်းခွင့် ပိတ်ထားမှုကြောင့် အိန္ဒိယမှ ဝင်ရောက်သည့် ဆေးရွက်ကြီး ဈေးနှုန်း မြင့်တက်

မြတ်မိုးကျော်(မြစ်မခ) အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေး စခန်းအား ဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အိန္ဒိယဘက်မှ ဝင်ရောက်သည့် ဆေးရွက်ကြီး ဈေးနှုန်း မြင့်တက်လာကြောင်း သိရှိရသည်။ အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာ ဇိုခွါထာ(အိန္ဒိယဘက်ခြမ်း)တွင် ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်မှ လက်ရှိ ၂၈ ရက်အထိ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး လည်ပတ်မှုအား ရပ်တန့်ထားသေးကြောင်း ကုန်သည်များထံမှ သိရသည်။

Read More »

မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်များ၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မိုးစပါးနှင့် နွေစပါးဧကပေါင်း(၃)သိန်းကို ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်မည်

ယမုံ (မြစ်မခ) ရန်ကုန်၊ မေလ(၁)ရက်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကန်ထရိုက်လယ်ယာစနစ်ဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မိုးစပါးနှင့် နွေစပါးဧကပေါင်း(၃)သိန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)မှ သိရှိရသည်။ 

Read More »

အရှုံးပေါ်ကာ ရပ်ဆိုင်းထားရသည့် နိုင်ငံပိုင်စက်ရုံများအား ပုဂ္ဂလိက လုပ်ငန်းရှင်များထံသို့ လွှဲပြောင်းခွင့် ပေးနိုင်ရန် အဆိုပါ စက်ရုံများကို စစ်ဆေးမည်

  ယမုံ (မြစ်မခ) ရန်ကုန်၊ ဧပြီ (၂၈)ရက်။ မြန်မာနိုင်ငံတွင် အရှုံးပေါ်၍ ရပ်ဆိုင်းရသည့် နိုင်ငံပိုင်စက်ရုံများအား ပုဂ္ဂလိက လုပ်ငန်းရှင်များထံသို့ လွှဲပြောင်း လုပ်ခွင့်ပေးနိုင်ရန် အဆိုပါ စက်ရုံများကို စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရှိရသည်။

Read More »

ဇောတိကစီမံကိန်း၏ အဆင့် 1C နှင့် 1D တိုးချဲ့လုပ်ကိုင်ခြင်းကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ တူးဖော်ရေးလုပ်ငန်း စတင်လုပ်ကိုင်မည်

ယမုံ (မြစ်မခ) ရန်ကုန်၊ ဧပြီ (၂၆)ရက်။ ကမ်းလွန်လုပ်ကွက် ဇောတိကစီမံကိန်း၏ အဆင့် 1C နှင့် 1D တိုးချဲ့လုပ်ကိုင်ခြင်းကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်း တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖော်ရေးလုပ်ငန်း စတင်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီမှ သိရှိရသည်။ အဆိုပါ စီမံကိန်းအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Read More »