Thursday , October 18 2018
Home / သတင်း / စီးပွားရေးသတင်း (page 30)

စီးပွားရေးသတင်း

ဒေသအတွင်း ဆန်လိုအပ်ချက် အပြည့်အဝဖြည့်တင်းနိုင်ရေး ဆန်တင်သွင်းခွင့်လွယ်ကူရန်လိုအပ်နေ

သီဟ (မြစ်မခ) ထားဝယ်၊ မေလ (၁၁)ရက်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆန်လိုအပ်ချက် အပြည့်အဝဖြည့်တင်းနိုင်ရန်အတွက် ဆန်တင်သွင်းခွင့် လွယ်ကူရန်လိုအပ်နေကြောင်း ထားဝယ်ခရိုင် ဆန်စပါးလုပ်ငန်းရှင်နှင့် ဆန်ကုန်သည်များအသင်းမှ သိရှိရသည်။ နှစ်စဉ်ဆန်လိုအပ်ချက်များရှိနေသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆန်တင်သွင်းခွင့်ကြန့်ကြာနေမှုများ ကြောင့် ဆန်လိုအပ်ချက်ကိုအချိန်မီဖြည့်တင်းနိုင်ရန် ဒေသတွင်းလုပ်ငန်းရှင်များအနေဖြင့် ရုန်းကန်နေရကြောင်း အဆိုပါ အသင်း ဥက္ကဌ ကိုနိုင်နိုင်က ပြောသည်။

Read More »

FMI ကုမ္ပဏီများမှ အစုရှယ်ယာဈေးနှုန်းများ ဧပြီ (၂၉)ရက်နေ့အထိ ဆက်တိုက်ကျဆင်းနေ  

ယမုံ (မြစ်မခ) FMI ကုမ္ပဏီများမှ အစုရှယ်ယာများ အရောင်းအဝယ်နည်းပါးလာခြင်းကြောင့် ဧပြီ (၂၉) ရက်နေ့အထိ အစုရှယ်ယာဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေကြောင်း စတော့အိတ်ချိန်း ဈေးကွက်အတွင်းမှ သိရှိရသည်။ ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဦးဆုံးရောင်းချခွင့်ရှိသည့် FMI ကုမ္ပဏီမှ အစုရှယ်ယာများကို မတ်လ (၂၅)  ရက်နေ့မှ စတင် အရောင်းအဝယ်ပြုလုပ်ခဲ့ကာ ဧပြီ(၂၅) ရက်နေ့အထိ ဈေးနှုန်းအတက်အကျဖြစ်ပေါ်ခဲ့ပြီး ဧပြီ (၂၆)ရက်နေ့မှ ဧပြီ(၂၉)ရက်နေ့ထိ အစုရှယ်ယာ ဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေကြောင်း သိရသည်။

Read More »

အသင့်ဖျော်ကွန်ကရစ်များ အသုံးပြုမှုများပြားလာသည့်အတွက် မွန်ပြည်နယ်တွင် သဲ၊ ကျောက်များ အရောင်းအဝယ်အေးနေ

  ချိုမာအောင်(မြစ်မခ) မော်လမြိုင်၊ ဧပြီ(၂၉)ရက်။ မွန်ပြည်နယ်၌ ပွင့်လင်းရာသီတွင် ဆောက်လုပ်ရေးလုပ်ငန်းများပြားစွာရှိသော်လည်း လုပ်ငန်းကြီးများအနေဖြင့် အသင့်ဖျော်ကွန်ကရစ်များကိုသာ အသုံးပြုမှုများပြားလာသည့်အတွက် မွန်ပြည်နယ် သဲ၊ ကျောက် အရောင်းဒိုင်များ အရောင်းအဝယ်အေးနေကြောင်း မွန်ပြည်နယ်၊ သဲကျောက်လုပ်ငန်းရှင်များထံမှ သိရှိရသည်။ “အသင့်ဖျော်ကွန်ကရစ်လုပ်ငန်းလုပ်တဲ့ လူတွေက ဘားအံဘက်ကနေ သဲ၊ ကျောက်တွေကို လှေနဲ့တိုက်ရိုက် ဝယ်တယ်။ ကျွန်တော်တို့ဆီမှာ မဝယ်တဲ့အတွက် မွန်သဲ၊ ကျောက်အရောင်းဒိုင်တွေ ဒီနှစ် အရောင်းအဝယ် အေးနေတယ်။”ဟု မွန်ပြည်နယ် သဲ၊ ကျောက်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးယဉ်ဝင်းကပြော သည်။

Read More »

ယခင်အစိုးရလက်ထက် ဝေဖန်ခံရသော တင်ဒါကိစ္စများကို အစိုးရသစ်လက်ထက်တွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မည် 

ချိုမာအောင် (မြစ်မခ) မော်လမြိုင်၊ ဧပြီ (၂၇) ရက်။ ယခင်အစိုးရလက်ထက်က ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်ခံခဲ့ရသောတင်ဒါများကို အစိုးရသစ်လက်ထက်တွင် ပွင့်လင်းမြင်သာစွာ ကြေညာဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန်က ဧပြီ(၂၅)ရက်တွင် ဒေသခံမီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားချက်အရ သိရှိရသည်။ “မကြာမီ ဌာနတွေတင်ဒါခေါ်ယူပါမယ်။ လူထုတွေကြိုတင်သိဖို့ အခုလို မီဒီယာကိုတွေ့ဆုံအသိပေးရခြင်းဖြစ်ပါ တယ်။ တကယ်အလုပ်လုပ်တဲ့သူတွေကို အလုပ်ရစေချင်ပါတယ်။ အရင်ကလို နီးစပ်ရာရတာမျိုးမဖြစ်စေချင်ပါ။ ကုမ္ပဏီ ကြီး၊ လတ်၊ ငယ်အားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ဖို့ပါ။ ဒေသခံတွေကို ဦးစားပေးမှာပါ။ ဒါကလည်း ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် စေတနာပါပါလုပ်ဆောင်နိုင်တာပေါ့။ အဓိကကတော့ တင်ဒါဖြစ်စဉ်တွေမှာ ပွင့်လင်းမြင်သာမှုအရှိဆုံးဆောင်ရွက်သွားမယ်ဆိုတာ အသိပေးလိုပါတယ်။”ဟု ဦးမင်းထင်အောင်ဟန်က ပြောသည်။

Read More »

မြန်မာ့ ရာဘာအထွက်နှုန်းလျော့နည်းလာသည့်အတွက် ဧပြီလကုန်တွင် ရာဘာဈေးထပ်မံ မြင့်တက်နိုင်

စောခ(မြစ်မခ) မြန်မာနိုင်ငံမှ ရာဘာအထွက်နှုန်းလျော့နည်းလာသည့်အတွက် ဧပြီလတွင် ရာဘာဈေးထပ်မံ မြင့်တက် လာကြောင်း ရာဘာလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။ ရာသီဥတုပူပြင်းမှုကြောင့်  ရာဘာအစေးထွက်မှုလျော့နည်းလာသည့်အတွက် မြန်မာ့ရာဘာသည် မတ်လ အတွင်းက RIBBED SMOTH SHEET(RSS3) ရာဘာအမျိုးအစားသည် တစ်ပေါင်လျှင် ၆၅၀ ကျပ် ဝန်းကျင် ရှိရာမှ ဧပြီလတတိယအပတ်အတွင်း တစ်ပေါင်လျှင်  (၇၀၀) ကျပ်ဝန်းကျင်သို့ ထပ်မံမြင့်တက်လာကြောင်း သိရသည်။

Read More »