Tuesday , May 30 2017
Home / သတင်း / စီးပွားရေးသတင်း (page 3)

စီးပွားရေးသတင်း

လားရှိုးဆိုင်ကယ်ဈေးကွက်တွင် တရုတ်ယွမ်ဈေးတက်ခြင်းကြောင့် ဆိုင်ကယ်ဈေးမြင့်တက်ကာ အရောင်းပါး

နောင် (မြစ်မခ) လားရှိုး၊ မေ(၁၆) ရက်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးဆိုင်ကယ်ဈေးကွက်တွင် တရုတ်ယွမ်ဈေးတက်နေခြင်းကြောင့် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်များ ဈေးနှုန်းမြင့်တက်ပြီး အရောင်းဝယ်အေးနေကြောင်း လားရှိုးမြို့ရှိ ဆိုင်ကယ် အရောင်းစင်တာများထံမှ သိရှိရသည်။ “ကုမ္ပဏီတွေက ကုန်ကြမ်းရှားလို့ ဆိုင်ကယ်ဈေးတွေ တက်တာလို့လည်း ကြားတယ်။ တရုတ်ယွမ်ဈေးကလည်း တက်တော့ ဆိုင်ကယ်ဈေးကလိုက်တက်။ အရင်လကတစ်ရက်ကို သုံးစီးလောက်ရောင်းရတယ်။ အခုမေလထဲ မှာ တစ်ရက်ကိုတစ်စီးတောင် တော်တော်ရောင်းနေရတယ်။”ဟု လားရှိုးမြို့မှ ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင် ကိုဖက်စ်က ပြောသည်။

Read More »

မြောက်ဦးခရိုင်တွင် ငရုတ်သီးခြောက်များ ဈေးနှုန်းကျဆင်းသော်လည်း ဝယ်ယူသူနည်းပါးနေ

ပန်လှအောင် (မြစ်မခ) မင်းပြား၊ မေလ(၁၅)ရက်။ ရခိုင်ပြည်နယ် မြောက်ဦးခရိုင်တွင် ငရုတ်သီးခြောက်များ ဈေးနှုန်းကျဆင်းသော်လည်း ဝယ်ယူသူ မရှိဖြစ်နေကြောင်း ဒေသခံ တောင်သူများထံမှ သိရှိရသည်။ ရခိုင်ပြည်နယ်ထွက် ငရုတ်သီးခြောက်များအား ဒေသခံကုန်သည်များမှ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ရောင်း ချကြလေ့ရှိပြီး မောင်တောဒေသတွင်း ဖြစ်စဉ်ပြီးနောက် နယ်စပ်ကုန်သွယ်မူ ကျဆင်းခဲ့ကြောင်း သိရသည်။

Read More »

မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကွမ်းပင်များ အသီးအထွက်နှုန်းနည်းလာသဖြင့် ကွမ်းသီးဈေးနှစ်ဆမြင့်တက်နေ

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေလ(၁၁)ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကွမ်းပင်များ အသီးအထွက်နှုန်းနည်းလာသဖြင့် ဒေသဈေးကွက်တွင် ကွမ်းသီးဈေးနှစ်ဆမြင့်တက်နေကြောင်း ကွမ်းသီးစိုက်ပျိုးသူနှင့် ရောင်းချသူများထံမှ သိရှိရသည်။ ”ကွမ်းသီးခြံတွေက အရမ်းကို အထွက်နှုန်း နည်းလာတယ်။ ကွမ်းသီးပင်တွေက အပင်အိုတွေ၊ အသက်ကြီး ပင်တွေ များလာတယ်။ ဦးတို့ဒေသဘက်မှာက အခုနောက်ပိုင်း အပင်ပျို၊ အပင်အသစ် သိပ်မစိုက်ကြတော့ အပင်အိုတွေက ကွမ်းသီးတွေ အရင်တုန်းကလို သိပ်မထွက်တော့ဘူးဖြစ်နေတာ။ အဲလို ကွမ်းသီးထွက်တဲ့ ဒေသက ကွမ်းသီးအထွက်လျော့သွားတော့ ကွမ်းသီးဈေးက အလွန်အမင်းမြောက်တက်နေတာပေါ့။”ဟု ကွမ်းခြံ ပိုင်ရှင် ဦးတင်ရွှေက ပြောသည်။

Read More »

မော်လမြိုင်ကျွန်းမြို့နယ် ပန်းဈေးကွက်အတွင်း ဇော်စိမ်းနှင့် ဇော်ကြားပန်းအမျိုးအစားများ ဝယ်လိုအား ကောင်းနေ

ကျော်ထက်လင်း (မြစ်မခ) မော်လမြိုင်ကျွန်း၊ မေလ(၉)ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်မှ ဇော်စိမ်းနှင့် ဇော်ကြားပန်းအမျိုးအစားများ ၂၀၁၇ ခုနှစ် နှစ်စပိုင်းမှစ၍ ဒေသတွင်း ဝယ်ယူမှုများလာသည်သာမက အခြားဒေသများသို့လည်း တင်ပို့ရောင်းချနေရ ကြောင်း ဒေသတွင်း ပန်းစိုက် တောင်သူများထံမှ သိရှိရသည်။

Read More »

သာပေါင်းမြို့နယ်အတွင်း သစ်တောစိုက်ပျိုးခြင်းကို စကာင်္ပူနိုင်ငံအခြေစိုက်ကုမ္ပဏီနှင့် ပြည်တွင်း ကုမ္ပဏီ ပူးပေါင်း၍ ကန်ဒေါ်လာ (၃.၈၀၉)သန်း ရင်းနှီးမြှုပ်နှံ

ယမုံ (မြစ်မခ) ရန်ကုန်၊ မေ(၄)ရက်။ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်အတွင်း သစ်တောစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းကို စင်္ကာပူ နိုင်ငံ အခြေစိုက် Timberland Plantation Investment ကုမ္ပဏီနှင့် ပြည်တွင်း ကုမ္ပဏီတစ်ခု ပူးပေါင်း၍ အမေရိကန် ဒေါ်လာ (၃.၈၀၉)သန်း ရင်းနှီးမြှုပ်နှံ၍ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရသည်။ အဆိုပါ သစ်တောစိုက်ခင်းသည် ဧပြီလ(၂၈)ရက်တွင် ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အစည်းအဝေး၌ ခွင့်ပြုပေးခဲ့သည့် ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၉)ခုထဲမှ တစ်ခုအပါအဝင်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် မေလ(၂)ရက်က ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။ “သစ်တောစိုက်ခင်းထူထောင်တဲ့ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်။ အဲ့ဒါက ပုသိမ်မြို့နယ်မှာ အကေးရှား (မန်ဂျန်ရှား)၊ အကေးရှား(အော်ရီရှား)လုပ်ငန်းအမျိုးအစားနဲ့ သစ်စိုက်ပျိုးထုတ်လုပ်ရောင်းချမှာ ဖြစ်တယ်။ ဒါက ဖက်စပ် ရင်းနှီးမြှုပ်နှံမှုပါ။ စင်္ကာပူနိုင်ငံက(၆၅)ရာခိုင်နှုန်းနဲ့ မြန်မာနိုင်ငံက (၃၅)ရာခိုင်နှုန်း ပူးပေါင်းရင်းနှီးမြှုပ်နှံတဲ့  လုပ်ငန်းဖြစ်ပါတယ်။ စိုက်ပျိုးရေးဆိုပေမယ့် သစ်တောစိုက်ခင်းစိုက်ပျိုးရေးမှာ ဝင်ရောက်တာပါ။”ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။ 

Read More »