Saturday , May 27 2017
Home / သတင်း / စီးပွားရေးသတင်း (page 20)

စီးပွားရေးသတင်း

ဇင်းကျိုက်ရေတံခွန်ရှိ လုပ်ငန်းများအားလုံး လေလံတင်ခဲ့ရာ ကြမ်းခင်းဈေးမြင့်တက်

အောင်မြင့်ထွန်း (မြစ်မခ) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ရှိ ဇင်းကျိုက်ရေတံခွန်မှ လုပ်ငန်းများအားလုံး ဇွန် ၂ ရက်က လေလံ တင်ခဲ့ရာ ၂၀၁၅ ခုနှစ်က လေလံကြမ်းခင်းဈေးထက် ငါးသိန်းဝန်းကျင်မြင့်တက်ခဲ့ခြင်းကြောင့် အကျိုးအမြတ် ရရှိမှု နည်းပါးနိုင်ကြောင်း လေလံဆွဲသူများထံမှ သိရှိရသည်။ ဇင်းကျိုက်ရေတံခွန်လုပ်ငန်း လေလံကြမ်းခင်းဈေးနှုန်းမြင့်တက်လာသော်လည်း ကား၊ ဆိုင်ကယ်ရပ်နားခွင့်၊ ပျံ ကျဈေးသည်၊ ဘောကွင်းငှားသည့်လုပ်ငန်းများအတွက် ကောက်ခံရမည့်ဈေးနှုန်းမှာ မြင့်တက်မှုမရှိသဖြင့် ယခု နှစ်လုပ်ငန်းလုပ်ကိုင်မည့်သူများအနေဖြင့် အကျိုးအမြတ်နည်းပါးနိုင်ကြောင်း ကားဆိုင်ကယ်ငွေကောက်ခံလုပ် ငန်းလေလံရရှိသူ ကိုသန့်ဇင်ဦးက ပြောသည်။

Read More »

အင်ဂျင်ပါဝါကောင်းပြီး လူ ၈ ယောက်စီးနိုင်သော NOAH ကားများ ကျပ်သိန်း(၂၀၀)ခန့်ဖြင့် ရောင်းအားကောင်းနေ

ချစ်သူ (မြစ်မခ) ရန်ကုန်၊ ဇွန်(၃)ရက်။ ရန်ကုန်မြို့ ကားအရောင်းအဝယ်ဈေးကွက်တွင် NOAH ကားအမျိုးအစားများကို ရန်ကုန်မြို့သာမက နယ်မြို့များကပါ ဝယ်ယူနေခြင်းကြောင့် ဇွန်လပထမပတ်အတွင်း အရောင်းအဝယ်သွက်နေကြောင်း လှိုင်မြို့နယ် ယာဉ်ရောင်းဝယ်ရေး စခန်းမှ သိရှိသည်။ “အရင်တုန်းကတော့ WISH ကားအမျိုးအစားကို စီးကြတယ်။ အခုနောက်ပိုင်းမှာတော့ WISH ကားအမျိုးအစား က ကားစိုက်သေးတာရယ်၊ တစ်လလောက်ကြာသွားရင် အဲယားကွန်းက မနိုင်တော့ဘူး NOAH က ဈေးနှုန်းလည်း ကျသွားတာရယ် အင်ဂျင်ပါဝါကောင်းတာရယ်ကြောင့် ပြောင်းဝယ်စီးလာကြတယ်။” ဟု လှိုင်မြို့နယ် ယာဉ်ရောင်းဝယ် ရေးစခန်းမှ ကားအကျိုးဆောင်  ဦးဖြိုးဝေထွန်းက ပြောသည်။

Read More »

ပဲခူးမြို့နယ်တွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဧပြီနှင့် မေလတို့တွင် ဆိုင်းဘုတ်အခွန်ငွေကျပ်သိန်း(၃၀)ကျော် ကောက်ခံရရှိ

မျိုးမြတ် (မြစ်မခ) ပဲခူး၊ ဇွန်(၂) ရက်။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအပါအဝင် ဆိုင်း ဘုတ်တင်ဈေးဆိုင်(၂၈၀)ဆိုင်ထံမှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဧပြီနှင့် မေလအတွက် အခွန်ငွေကျပ်(၃၃)သိန်း ကျော် ကောက်ခံရရှိခဲ့ကြောင်း ပဲခူးမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့(အခွန်ဦးစီးဌာန)မှ သိရှိရသည်။ အခွန်ကောက်ခံခဲ့ရာတွင် စည်ပင်ပိုင်မြေနှင့် ပုဂ္ဂလိကပိုင်မြေဟူ၍ နှစ်မျိုးခွဲခြားထားပြီး စည်ပင်ပိုင်မြေပေါ်တွင် ဆိုင်းဘုတ်တစ်ခုတင်ပါက တစ်စတုရန်းပေလျှင်(၁၂၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း ကိုယ်ပိုင်မြေပေါ်တွင် ဆိုင်း ဘုတ်တင်ပါက တစ်စတုရန်းပေလျှင် (၃၀၀)ကျပ်နှုန်းဖြင့် အခွန်ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း အခွန်ဦးစီးဌာနမှ သိရသည်။

Read More »

(၅၃) ကြိမ်မြောက် ကျောက်မျက်ပြပွဲမှစ၍ အမြတ်ငွေ ၁% ကို ရန်ပုံငွေအဖြစ် ကျောက်မျက်လုပ်ငန်းရှင်များအသင်း စီမံခွင့်ရ

ထွယ်ဆန် (မြစ်မခ) (၅၃)ကြိမ်မြောက်ကျောက်မျက်ရတနာပြပွဲမှ စတင်ပြီး ကျောက်မျက်ရောင်းရငွေထဲမှ အမြတ်ငွေ တစ်ရာခိုင်နှုန်း ကို ပြပွဲကော်မတီ ရန်ပုံငွေအဖြစ် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက စီမံသွားမည်ဖြစ်ကြောင်း  သိရှိရသည်။ ၂၀၁၅ ခုနှစ် ဇွန်လတွင် ပြုလုပ်ခဲ့သည့် (၅၂) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲအထိ မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်းမှ ရန်ပုံငွေအဖြစ် ၁ ရာခိုင်နှုန်း ကောက်ခံခဲ့ကြောင်း သိရသည်။   

Read More »

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအ၀ယ်အေးနေပြီး အိမ်ငှားခ ဈေးနှုန်းများ မြင့်တက်

မင်းခန့်(မြစ်မခ) မန္တလေး၊ ဇွန်လ(၁)ရက်။ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအ၀ယ်အေးနေပြီး အိမ်ငှားခ ဈေးနှုန်းများသည် ၂၀၁၅ ခုနှစ်ထက် ကျပ်(၂)သိန်းနီးပါး မြင့်တက်လာကြောင်း မန္တလေးအိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရှိရသည်။ “အရောင်းအဝယ်ထက် အငှားလုပ်ငန်းကပိုပြီး အဆင်ပြေတယ်။ အငှားကလည်း နေရာနဲ့ အိမ်ကောင်းရင် ကောင်းသလို ဈေးနှုန်းတက်တာမျိုးရှိတယ်။ အဓိကကတော့ ကုန်ဈေးနှုန်း တက်တော့ အိမ်ခြံမြေအငှားဈေး တွေပါ လိုက်တက်နေတာပဲ။ ပိုင်ရှင်တွေက သူတို့ ကြိုက်တဲ့ဈေးရမှ ငှားတယ်။ မရရင် မငှားပေးဘူး။”ဟု မန္တလေးမြို့ရှိ အကျိုးတော်ဆောင် ဦးတင်လှိုင်က ပြောသည်။

Read More »