Thursday , March 8 2018
Home / သတင်း / စီးပွားရေးသတင်း (page 2)

စီးပွားရေးသတင်း

သတ္တု၊ ရွှေနှင့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ဗဟိုဈေးကွက် တည်ဆောက်နေချိန်တွင် ယာယီဈေး ကွက်နေရာတစ်ခု ဖော်ဆောင်နိုင်ရန်စီစဉ်နေ

ယမုံ (မြစ်မခ) ရန်ကုန်၊ သြဂုတ်(၂၉)ရက်။ မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်ဆောင်ရွက်မည့် သတ္တု၊ ရွှေနှင့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ဗဟိုဈေးကွက် တည်ဆောက်နေချိန်တွင် ယာယီဈေးကွက်ဖော်ဆောင်နိုင်ရန် ရန်ကုန်မြို့ရှိ (၆)မိုင် အနီးဝန်း ကျင်တွင်လုပ်ဆောင်နိုင်ရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များ အသင်းမှ သိရှိရသည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ သြဂုတ်(၂၈)ရက်က ကျင်းပသည့် နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲပြုလုပ်ခဲ့ကာ ယာယီဈေးကွက်ဖော်ဆောင်မည်ဟု မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်မောင်ဟန်က ပြောဆိုခဲ့ခြင်းဖြစ်သည်။  

Read More »

ကသာမြို့ ဧရာဝတီမြစ်ရေတိုးချိန် တစ်နိုင်တစ်ပိုင် ငါးဆားနယ်လုပ်ငန်းများ တွင်ကျယ်နေ

  နေမျိုးလှရွှေ (မြစ်မခ) ကသာ၊သြဂုတ်လ(၁၇)ရက်။ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ဒုတိယအကြိမ် ဧရာဝတီမြစ်ရေတိုးချိန်၌ တစ်နိုင်တစ်ပိုင် ပိုက်ဆွဲ ငါးဖမ်း ၍ ငါးဆားနယ်ပြုလုပ်ရောင်းချနေသည့် လုပ်ငန်းများ တွင်ကျယ်လာကြောင်း ငါးရောင်းဝယ်ရေးဒိုင်များမှ သိရှိရသည်။ ဧရာဝတီမြစ်ရေသည် သြဂုတ်လဆန်းပိုင်းမှ စတင်တိုးနေသဖြင့် ငါးနုသန်း၊ ငါးလူး၊ ငါးခုံးမ၊ ငါးဇင်ရိုင်း၊ ငါးရံပိုး စသည့် ငါးကလေးများကို ဆားနယ်၍ ကသာမြို့ပေါ်ရှိ ငါးဒိုင်များသို့ တစ်ပိုင်တစ်ပိုင်လာရောက် ရောင်းချကြ ခြင်းဖြစ်သည်။

Read More »

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးခွဲ ဖွင့်လှစ်မည်

  ယမုံ (မြစ်မခ) ရန်ကုန်၊ သြဂုတ် ၁၅ ရက်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဆိုပြုလွှာများ လျင်မြန်စွာဆောင်ရွက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ရုံးခွဲကို ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)မှ သိရှိရသည်။

Read More »

လားရှိုးမြို့တွင် တစ်ပါတ်လုံးမိုးရွာပြီး တရုတ်ယွမ်ဈေးတက်နေသဖြင့် ဆိုင်ကယ် ဈေးကွက် အရောင်းအေးနေ

နောင် (မြစ်မခ) လားရှိုး၊ ဇူလိုင် ၁၇ ရက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် တစ်ပါတ်ခန့်ကြာ မိုးဆက်တိုက်ရွာသွန်းခဲ့သည့်အပြင် တရုတ်ယွမ် ဈေးတက်နေသောကြောင့် ဆိုင်ကယ်ဈေးကွက်မှာ အရောင်းအေးနေကြောင်း သိရှိရသည်။

Read More »

ပြည်ကြီးငါး အဝင်နည်းပါးလာခြင်းကြောင့် ပိဿာချိန်ဈေးနှုန်းမြင့်တက်နေ

သူရ (မြစ်မခ) ရန်ကုန်၊ ဇူလိုင် ၁၆ ရက်။ ဇူလိုင်လအတွင်း ရေငံပင်လယ်ငါးဖြစ်သည့် ပြည်ကြီးငါးအမျိုးစားမှာ ဈေးကွက်သို့အဝင်နည်းပါးလာခြင်းကြောင့် ပိဿာချိန်ဈေးနှုန်းမြင့်တက်နေကြောင်း ငါးတင်ပို့သည့်လုပ်ငန်းများထံမှ သိရှိရသည်။ ရေထွက်ကုန်ဈေးကွက်သို့ ပင်လယ်ငါးအဝင်ရှားပါးသည့် ကာလဖြစ်သောကြောင့် ပြည်ကြီးငါးများမှာလည်း အ ဝင်နည်းလာကာ ပြည်ကြီးငါးပိဿာချိန်ဈေးနှုန်းမှာလည်း တစ်ပိဿလျှင် (၁၅၀၀၀)ကျပ်အထိ မှာယူဈေးရှိနေ ပြီး ပြန်လည်ရောင်းဈေးမှာ (၂)သောင်းကျပ်ဖြစ်ကြောင်း သိရသည်။

Read More »