Wednesday , October 12 2016
Home / သတင်း / စီးပွားရေးသတင်း

စီးပွားရေးသတင်း

ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများ ရရှိရန် လိုအပ်

photo for news no 5

မြတ်မိုးကျော် (မြစ်မခ) ဟားခါး၊ အောက်တိုဘာ (၅) ရက်။ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်စေရန် ဦးစားပေးအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများ လိုအပ်ကြောင်း ချင်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီး ဦးဝီကောက သုံးသပ်ပြောဆိုလိုက်သည်။

Read More »

ရှေးဟောင်းဒင်္ဂါးများ ရောင်းဝယ်မှုလွယ်ကူစေရန် မြန်မာနိုင်ငံ ဒဂါင်္းစုဆောင်းသူများအသင်း ဖွဲ့စည်း

No 6

ပိုင်ထက် (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ(၂၇)ရက်။ မြန်မာနိုင်ငံတွင် ရှေးဟောင်းဒင်္ဂါးများ ရောင်းဝယ်မှုလွယ်ကူလာစေရန် မြန်မာနိုင်ငံဒင်္ဂါးစုဆောင်းသူများအသင်း ကို စက်တင်ဘာ ၂၅ ရက်က ဖွဲ့စည်းလိုက်ကြောင်း အသင်းတည်ထောင်သူများထံမှ သိရှိရသည်။

Read More »

မြန်မာ့ရွှေအခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ၈၇၈၅၀၀ ဖြင့် အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိ

PIC_0881

စောခ(မြစ်မခ) ရန်ကုန်၊ စက်တင်ဘာလ (၂၂) ရက်။ ကမ္ဘာ့ရွှေဈေးမြင့်တက်လာသောကြောင့် ၂၀၁၆ ခုနှစ် အတွင်း မြန်မာ့အခေါက်ရွှေဈေး အမြင့်ဆုံးဈေးသို့ ရောက်ရှိ လာကြောင်း ရွှေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရသည်။ မြန်မာ့ရွှေဈေးမှာ စက်တင်ဘာလ (၂၁)ရက်ဈေးအရ တစ်ကျပ်သားလျှင် (၈၇၃၀၀၀)ကျပ်ရှိရာမှ (၈၇၈၅၀၀) ကျပ်သို့ မြင့်တက်လာပြီး ၂၀၁၆ ခုနှစ်နှစ်ဆပိုင်းတွင် ၇၃၂၀၀၀သာ ဈေးပေါက်ခဲ့ကြောင်း သိရသည်။

Read More »

ပဲခူး ရေလုပ်သားများ မျှော့ ပိုမိုဖမ်းဆီးရမိပြီး ဈေးကွက်တွင် ဈေးကောင်း ရရှိနေ

photo for news no 9

မျိုးမြတ်(မြစ်မခ) ဝေါ၊ စက်တင်ဘာ (၁၉) ရက်။ ၂၀၁၆ မိုးတွင်းကာလတွင် မိုးရွာသွန်းမှုများခြင်းကြောင့် မြစ်ချောင်းအင်းအိုင်များတွင် ရေများပြားလာသဖြင့် မျှော့ဖမ်းခြင်းလုပ်ငန်းလုပ်ကိုင်နေသော ရေလုပ်သားများ မျှော့များ ပိုမိုဖမ်းဆီးရမိပြီး ဈေးကွက်တွင် ဈေးကောင်း ရရှိနေကြောင်း ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းရှိဒေသခံများထံမှ သိရှိရသည်။

Read More »

သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ရင်းနှီးမြုပ်နှံမှုမှအပ ကျန်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများအတွက် မှတ်ပုံတင် လျှောက်ထားနိုင်

NO 3 (global)

ယမုံ(မြစ်မခ) ရန်ကုန်၊ စက်တင်ဘာလ(၁၉)ရက်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်မှုလုပ်ငန်းများအတွက် မှတ်ပုံတင်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ရင်းနှီးမြုပ်နှံမှုများမှအပ ကျန်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံးခွဲများ၌ လုပ်ငန်းမှတ်ပုံတင် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။ 

Read More »