Wednesday , September 27 2017
Home / သတင်း / အထူးသတင်း (page 35)

အထူးသတင်း

စမ်းချောင်းမြို့နယ် ရေနုတ်မြောင်းမှ ကျည်ထောင့်များတွေ့ရှိ

ဇန်န၀ါရီလ (၂၂)ရက်နေ့ မနက်(၉း၃၀) နာရီတွင် ရန်ကုန်မြို့နယ် စမ်းချောင်းမြို့ လင်းလွန်းမြောက်ရပ်ကွက်အတွင်း   ရေနုတ်မြောင်းတူးဖော်ရာမှ အသုံးပြုရခြင်းမရှိသေးသော ကျည်ဆံအသစ်(၁၄)တောင့် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ လင်းလွန်းမြောက်ရပ်ကွက်၊ သရ၀ဏ်ရိပ်သာ (၂) လမ်း၊ အိမ်နံပါတ် (၁၁) ဘေး (၆)ပေခန့် အကွာတွင် ရေနုတ်မြောင်းကို စည်ပင်ဝန်ထမ်း (၇) ဦးမှ တူးဖော်ရှင်းလင်းရာတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Read More »

ငွေဝင်တိုးစက်လှေကိစ္စ ရဲနှင့်အပြန်အလှန် လေးဂွတိုက်ပွဲဆင်နွဲခဲ့ကြ

ဇန်နဝါရီလ(၁၆)ရက်နေ့က ဘုရင့်နောင်ဗောတံတား အမှတ်(၁) တွင် နစ်မြုတ်ခဲ့သည့် ငွေဝင်တိုး စက်လှေ အတွင်း၌ရှိသည့် ကုန်ပစ္စည်းများကို လာရောက်ယူဆောင်ကြသူများအား ရဲမှ လေးဂွဖြင့် ခြောက်လန့်ပစ်ခတ်ခဲ့ပြီး လာရောက်ယူဆောင်သူများမှလည်း လေးဂွများဖြင့် အပြန်အလှန်ပစ်ခတ် ခဲ့ကြောင်း သိရသည်။ ရန်ကုန်မှမြိတ်သို့ ကုန်ပစ္စည်းတင်ဆောင်သော ငွေဝင်တိုးစက်လှေ သည် ကုန်ပစ္စည်းအပြည့်ဖြင့် နစ်မြုတ်ခဲ့ကြောင်းသိရသည်။ ထိုစက်လှေအတွင်း၌ရှိသော ပစ္စည်းများအား လာရောက်ယူဆောင် ကြရာမှ ရဲမှလေးခွဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Read More »

မအူပင်နှင့်ညောင်တုန်းမှ ရေလုပ်သား/တောင်သူ(၆၀၀)ကျော် ဆန္ဒထုတ်ဖော်

ညောင်တုန်းနှင့် မအူပင်မြို့နယ်မှ တောင်သူလယ်သမားနှင့်ရေလုပ်သား(၆၀၀)၀န်းကျင်က ညောင်တုန်းမြို့လယ်ရှိ သွန်းဘုရားရှေ့မှ မြို့နယ်ငါးလုပ်ငန်းဦးစီးဋ္ဌာနအထိ ချီတက်ဆန္ဒထုတ်ဖော် နေကြောင်း သိရသည်။ အကြောင်းအမျိုးမျိုးကြောင့် အဓမ္မသိမ်းယူခံ လယ်မြေဧက(၂၀၀၀)ကျော် ပြန်လည်ရရှိရေးအပါအ၀င် ငါးဖမ်းကိရိယာများ အဓမ္မ ဖဖ်းဆီးမှု ရပ်တန့်စေရေးအတွက် မြို့နယ်(၂)မြို့နယ်မှ တောင်သူ လယ်သမားနှင်ရေလုပ်သားများက ဇန်န၀ါရီလ(၁၆)ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြမည် ဖြစ်သည်။

Read More »

ပြည်ထောင်စုလွှတ်တော်သဘောအတိုင်းသာ အတည်ပြုခဲ့သည့် ဥပဒေမူကြမ်း(၂)ရပ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြန်လည်ပေးပို့သော ဥပဒေကြမ်း(၂)ရပ်အား ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ နောက်ဆုံးတွင် ပြည်ထောင်စုလွှတ်တော်၏သဘောထားအတိုင်းသာ အတည်ပြုခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်အချို့ထံမှ သိရှိရသည်။ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ (၁၄)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပဉ္စမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယနေ့တွင် နိုင်ငံတော်သမ္မတမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေ နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေပြင်ဆင်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ ဒုတိယအကြိမ် ပေးပို့ခြင်းဖြစ်သည်။

Read More »