Friday , September 22 2017
Home / သတင်း / အထူးသတင်း (page 20)

အထူးသတင်း

ပန်းဆိုးတန်းတွင် ၀ါယာရှောဖြစ်ရာမှတိုက်ခန်း(၂)ခန်း မီးလောင်မှုဖြစ်ပွား

အောက်တိုဘာ(၁၈)ရက်၊ ည(၈) နာရီ (၄၅)မိနစ်တွင် ရန်ကုန်မြို့၊ ပန်းဆိုးတန်း လမ်းမ အခန်း(၂၀၅) ၊ ပထမထပ်ယာခန်းတွင် ၀ါယာရှော့ ဖြစ်ပွားမှု ကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ အိမ်ခန်းအောက်ရှိ Samsung Electronic ဆိုင်သို့မီးဆက်လက်လောင်ကျွမ်းခဲ့ပြီး ည(၁၁) နာရီဝန်းကျင်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ကျောက်တံတားမီးသတ်ဌာနမှသိရသည်။

Read More »

ခွေးကြောင်လေးတွေချစ်တဲ့ ကိုမင်းကိုနိုင် သာမာန်မွေးနေ့သာ ကျင်းပ

ယနေ့ကျရောက်သော အောက်တိုဘာလ(၁၈)ရက်နေ့သည် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကျောင်းသား ခေါင်းဆောင်ကိုမင်းကိုနိုင်၏ (၅၁)နှစ်မြောက် မွေးနေ့ဖြစ်သည်။ ကိုမင်းကိုနိုင်၏ ၅၁ နှစ်မြောက်မွေနေ့တွင် ကြီးကျယ်ခမ်းနားစွာကျင်းပပြုလုပ်ခြင်းမရှိပဲ သာမန်ဘုန်းကြီးကျောင်း ဆွမ်းကပ် ယုံမျှဖြင့် မွေးနေ့ပွဲကျင်းပခဲ့ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ သိရှိရသည်။ ၎င်း၏ မိသားစုဝင်များမှာ ပါရမီလမ်း ကုန်ဆင်းတစ်ခုတွင်ရှိသည့် ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ဆွမ်းကပ်ခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသူတစ်ဦးဖြစ်သည့် မမီးမီးက ဆိုသည်။

Read More »

မန္တလေးမြို့၊ ရွှေဘဲစားသောက်ဆိုင်အနီး ဗုံးထားသွားသူဟု သံသယရှိသူလင်မယားအား စစ်ဆေးမေးမြန်း

အောက်တိုဘာ (၁၄)ရက်နေ့နံနက်ခင်း၌ မန္တလေးမြို့၊ ရွှေဘဲစားသောက်ဆိုင်အနီး အမေရိကန်လုပ်ဗုံးထားသွား သူဟု သံသယရှိသူလင်မယားအား အောင်မြေသာဇံမြို့နယ် အမှတ်(၃)ရဲစခန်း၌ စစ်ဆေးမေးမြန်းနေကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုရဲမှူး ဦးအောင်ရွှေထံကသိရသည်။

Read More »

ရန်ကုန်ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်သည့် သံသယရှိသူကို ဘီးလင်း၌ ဖမ်းမိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အောက်တိုဘာလ (၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်များနှင့် ပတ်သက်၍  သံသယရှိသူတစ်ဦးကို ဖမ်းမိပြီးဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုတိယဝန်ကြီး ဦးရဲထွဋ်က ၄င်း၏ လူမှုရေးကွန်ရက်၌ ဖော်ပြထားသည်။ စော်ဘွားကြီးကုန်း အဝေးပြေးကားဝင်းရှေ့ ဗုံးပေါက်ကွဲမှု၊ သာကေတအခွန် လွတ်ဈေးအနီး ဗုံးပေါက်ကွဲမှု၊ အလုံ Western Park စားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှု၊ ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်၍ သံသယရှိသူတစ်ဦးကို မွန်ပြည် နယ် ဘီးလင်းမြို့ ဘီးလင်းနတ်ကြီးကားလမ်းပေါ်၌ ဆိုင်ကယ်မောင်းလာစဉ် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ အထူးဖမ်းဆီးရေးအဖွဲ့မှ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သထုံခရိုင်ရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာ၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။

Read More »

အမျိုးသမီးတစ်ဦးထားခဲ့သည့် M67 ဗုံးအား သက်ဆိုင်ရာမှအချိန်မီရှင်းလင်းနိုင်ခဲ့

အောက်တိုဘာလ (၁၄)ရက် နေ့လည် (၁)နာရီခန့်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၊ ၁၆လမ်းနှင့် လမ်း(၈၀)ထောင့်ရှိ ရွှေဘဲစားသောက်ဆိုင်အနီး၌ အမေရိကန်နိုင်ငံထုတ် ဗုန်းအား စားပွဲတင်နာရီနှင့် AA ဓါတ်ခဲတို့ဖြင့်ချိတ်ဆက်ကာ ချထားခဲ့၍ မန္တလေးမြို့ရှိ စစ်မြေပြင်အင်ဂျင်နီယာတပ်က ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

Read More »