Friday , September 22 2017
Home / သတင်း / အထူးသတင်း (page 10)

အထူးသတင်း

မင်းပြား၌ ဖမ်းဆီးရမိသည့် ရွှေရောင် ဆာဖာငါးအား စီးပွားရေးသမားများမှ ကျပ် ၅၅ သိန်းပေးကာ ၀ယ်ယူ

ပန်လှအောင် (မြစ်မခ) ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ပျောက်ကွက်လုနီးပါးဖြစ်သော ရွှေရောင်အမျိုးအစား ဆာဖာငါးတစ်ကောင်အား မေ ၁၇ ရက်နေ့တွင် သင်ပုတ်ချောင်းထဲမှ တံငါးသည်များမှ ဖမ်းဆီးရမိခဲ့ရာ အဆိုပါ ဆာဖာငါးအား စီးပွားရေးသမားများမှ စုပေါင်း၍ ကျပ် ၅၅ သိန်းပေးကာ ၀ယ်ယူသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ငါးမှာ ရှားပါးကာ ရွှေရောင်အဆင်းရှိပြီး ၅ ပေ ၃ လက်မ အရွယ်ရှိကာ ၂၂ ပိဿာခန့် အလေးချိန် ရှိကြောင်း နှင့် မြန်မာပြည်တွင်း ငါးဈေးကွက်၌ သိန်း ၁၀၀ ကျော်ခန့်အထိ အနိမ့်ဆုံးဈေးရနိုင်ကြောင်း ငါးကုန်သည်များထံမှ သိရသည်။

Read More »

အမျိုးသားပါတီနာယကအဖြစ်တာဝန်ယူမည့် ဒေါက်တာနေဇင်လတ်အားသမ္မတ၏အကြံပေးအဖွဲ့မှ အနားပေး

စောခ(မြစ်မခ) လာမည့်ရွေးကောက်ပွဲအမီမှတ်ပုံတင်လိုက်သည့် အမျိုးသားပါတီ၏ နာယကအဖြစ် တာဝန်ယူမည့် နိုင်ငံတော် သမ္မတ၏ နိုင်ငံရေးအကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်အား လက်ရှိတာဝန်မှ အနားယူ ခွင့်ပေးလိုက် ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ထံမှ သိရသည်။ “ဟုတ်ပါတယ်။ ဒေါက်တာနေဇင်လတ်ကပါတီတစ်ခုမှာ နာယကလုပ်မယ်ဆိုလို့ နိုင်ငံတော် အကျိုးကျေးဇူးထိခိုက်မှုရှိမှာကိုစိုးလို့ အနားပေးလိုက်ရတာပါ” ဟုဦးရဲထွဋ်ကဆိုသည်။

Read More »

တောင်ကုတ်-စစ်တွေ အမြန်ရေယာဉ်ဝမ်းဗိုက်ပေါက်၍ ကျောက်ဖြူဆိပ်ကမ်း၌ အရေးပေါ်ဆိုက်ကပ်

အာရကန်ကိုကို (မြစ်မခ) ဧပြီနံနက် (၅)ရက်နေ့ နံနက်(၆း၀၀)နာရီအချိန်တွင် ရခိုင်ပြည်နယ် တောင်ကုတ်မှ စစ်တွေသို့ ခရီးသည် (၁၅၀)ကျော် တင်ဆောင်လာသော ပြည်တွင်းပုဂ္ဂလိကပိုင် ရွှေပြည်တန် ရှပ်ပြေး အမြန်ရေယာဉ်တစ်စီးသည် ၀မ်းဗိုက်ပေါက်၍ ရေများဝင်ကာ ကျောက်ဖြူဆိပ်ကမ်းသို့ အရေးပေါ်ဆိုက်ကပ်ကာ ခရီးသည်များအား အခြားရေယာဉ်တစ်စီးနှင့် ပို့ဆောင်ပေးခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။ အဆိုပါ ရှပ်ပြေးရေယာဉ်မှာ အမှတ်(၁၈)ရေယာဉ်ဖြစ်ပြီး ခရီးသည်များအား အမှတ်(၁၅)ရယာဉ်ဖြင့် စစ်တွေသို့ ပြောင်းရွေ့ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

Read More »

ရခိုင်ကမ်းရိုးတန်းသွား သင်္ဘောတစ်စီးနစ်မြုပ်မှုကြောင့် လူ ၂၀ ကျော် သေဆုံးခဲ့ပြီး ၄၇ ဦး ပျောက်ဆုံးနေ

မိုးဝေ၊ အာရကန်ကိုကို (မြစ်မခ) ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ မြေပုံမြို့သို့ ထွက်ခွာလာသည့် ခရီးသည်(၂၀၀)ကျော် တင်ဆောင်လာသည့် အောင်တံခွန်(၃) ခရီးသည် သင်္ဘောသည် မတ်လ ၁၃ ရက်နေ့ ည(၈း၃၀)နာရီခန့်တွင် မြေပုံမြို့နယ် ငပယုန်ကျွန်းနှင့် မြောက်ကျွန်ကျွန်းအနီး လှိုင်းပုတ် နစ်မြုပ်ခဲ့သည့်အတွက် ၄၇ ဦး ပျောက်ဆုံးနေကာ ၂၁ ဦးမှာ သေဆုံးခဲ့ကြောင်း ကျောက်ဖြူဆိပ်ကမ်းအာဏာပိုင်မှ သိရှိရသည်။ အဆိုပါ သဘောင်္သည် မတ်လ ၁၂ ရက်နေ့ ည ၉ နာရီခန့်တွင် တောင်ကုန်းမြို့မှ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် ကျောက်ဖြူ ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ထိုမှ လိုက်ပါ …

Read More »

ငါးထောင်တန်ငွေစက္ကူအသစ်များကို အတုဟုယူဆသဖြင့် ကော့မှူးတွင် သုံးစွဲမရဖြစ်နေ

သန့်ဇော်စိုး(မြစ်မခ) ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်တွင် ငါးထောင်တန် ငွေစက္ကူအသစ်ထွက်ရှိသည်ကို မသိခြင်းကြောင့် အတုဟု ယူဆကြကာ သုံးစွဲမရဖြစ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။ “အမျိုးသားက လစာထုတ်လို့ ဆေးဖိုးဆိုပြီး ငါးထောင်တန် အရွက်နှစ်ဆယ်ကို အမေ့လာကန်တော့ တယ်။ အဲ့ဒီငွေနဲ့ အပေါင်ဆိုင်မှာ ပစ္စည်းသွားရွေးတာ အသစ်ထုတ်ဝေထားတဲ့ တစ်ရွက်ပါသွားတာ။ အပေါင်ဆိုင်က အတုဆိုပြီးမယူဘူး။ ဈေးဝယ်တော့လည်း အတုဆိုပြီး မယူဘူးဖြစ်နေတယ်။”ဟု နတ်စင်ကုန်း ကျေးရွာမှ ဒေါ်လင်းလင်းသော်က ပြောသည်။

Read More »