Thursday , November 30 2017
Home / သတင်း / အနုပညာသတင်း (page 9)

အနုပညာသတင်း

ပြည်သူလူထု အကျိုးရှိပြီး သင်ခန်းစာယူနိုင်သော ဇာတ်ကားများသာ ရိုက်ကူးတော့မည့် ကျော်သူ

သီဟလွင် (မြစ်မခ) ပြည် – နိုဝင်ဘာလ (၁၇) ရက်။ ပရဟိတသမားအဖြစ်ရပ်တည်နေရာမှ ရုပ်ရှင်လောကသို့ တစ်ကျော့ ပြန်လည်ဝင်ရောက်လာသူ အကယ်ဒမီကျော်သူအနေဖြင့် ၎င်းရိုက်ကူးသည့် ရုပ်ရှင်ဇာတ်ကားများကို ပြည်သူလူထုအတွက်အကျိုးရှိပြီး သင်ခန်းစာ ယူနိုင်သော ဇာတ်ကားများသာ ရိုက်ကူးတော့မည်ဖြစ်ကြောင်း သိရှိရသည်။ ရန်ကုန် နာရေးကူညီမှုအသင်းကို တည်ထောင်ပြီး လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် သရုပ်ဆောင် ကျော်သူအား ရုပ်ရှင်ရိုက်ကူးခွင့် ပိတ်ပင်ခံထားရခြင်းကြောင့် ရုပ်ရှင်လောကမှ (၈)နှစ်ခန့် အနားယူခဲ့ရခြင်း ဖြစ်သည်။

Read More »

အနုပညာကြေး  ၁၀ သိန်းရသောကြောင့်   ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေးပွဲတွင် ဖျော်ဖြေခြင်းဖြစ်ဟု ဇွန်သဉ္ဖာဆို

ဝါးဝါး (မြစ်မခ)   Sexy Model ဇွန်သဉ္ဖာသည် နိုဝင်ဘာလ (၁) ရက်နေ့တွင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကမ်းလှမ်းမှုဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်  မဲဆွယ်စည်းရုံးရေးပွဲတွင် အနုပညာကြေး (၁၀) သိန်းရ၍ ပါဝင်သီဆိုပေးခြင်းဖြစ်ကြောင်း၊ မည်သည့်ပါတီမဆို အနုပညာကြေးရရှိပါက ဖျော်ဖြေသွားမည်ကြောင်း  ဇွန်သဉ္ဖာက ပြောဆိုသည်။ “ ပြည်ခိုင်းဖြိုးပါတီက မဲဆွယ်စည်းရုံးရေးပွဲမှာ ဖျော်ဖြေပေးပါဆိုပြီး လာကမ်းလှမ်းတယ်။ အနုပညာကြေး၁၀သိန်းရတယ်။ ဒါကြောင့် ပါဝင်ပေးဖြစ်တယ်၊ ဇွန်အနေနဲ့ကတော့ ဘယ်ပါတီမှ မဟုတ်ပါဘူး လာကမ်းလှမ်းရင်တော့ သီဆိုပေးမှာပါ။ အနုပညာကြေး ယူတယ်ဆိုတာကလည်း တစ်ချို့ ငွေကြေးအဆင်ပြေတဲ့ အနုပညာရှင်က ငွေကြေးနဲ့ပက်သက်ပြီး ပြဿနာမရှိပေမယ့် ညီမတို့လို Underground က လူတွေက စားဝတ်နေရေးဆိုတာ ရှိသေးတယ်၊ …

Read More »

ခွဲခြားဆက်ဆံခံနေရတယ်လို့ Sexy Model နန်းမြင့်မိုရ် ပြောပြီ

ဝါးဝါး(မြစ်မခ)   အနုပညာအသိုင်းအဝိုင်းမှ အနုပညာရှင်အချို့ရဲ့ ခွဲခြားဆက်ဆံမှုကို ခံစားနေရတယ်လို့ Sexy Model မော်ဒယ် နန်းမြင့်မိုရ်က ဆိုသည်။ “ဘီးဘီကို အနုပညာရှင်အချို့က ခွဲခြားဆက်ဆံတာတွေရှိတယ်။ ဘီးဘီအနေနဲ့ ဒါကိုမကြိုက်ပေမဲ့ အပြုံးမပျက် ခဲ့ပါဘူး။ ဘီးဘီက အနုပညာရှင်အချင်းချင်း ဖေးမပြီး ဆွဲခေါ်သွားစေချင်တာပါ” ဟု ဘီးဘီ(ခေါ်)နန်းမြင့်မိုရ်က  ပြောကြားလိုက်ခြင်းဖြစ်သည်။

Read More »

နိုးဘရာဒေးမှာ ဘရာမပါပုံတွေ အွန်လိုင်းတင်ဦးမယ့်  Sexy မော်ဒယ် ဇွန်သဉ္ဖာ

စုသက်နှင်း (မြစ်မခ) နိုးဘရာဒေး အထိမ်းအမှတ်အဖြစ် ဘရာစီယာမပါပဲ ရိုက်ထားသည့်ပုံများ အွန်လိုင်းတွင် ပြန်တင်ပေးသွား မည်ဖြစ်ကြောင်း မြန်မာ Sexy မော်ဒယ် ဇွန်သဉ္ဇာက ဆိုသည်။ “ ညီမအနေနဲ့ ကတော့ မြန်မာ့ယဉ်ကျေးမှုအရ ရိုင်းတယ်ဆိုပေမယ့် ကျန်းမာရေး ရှုထောင့်ဘက်ကပဲ မြင်ပေး စေချင်တယ်၊ ဒီနေ့အတွက် အမှတ်တရအနေနဲ့ သီးသန့် လှုပ်ရှားတာမျိုး မရှိပေမယ့်၊ အရင်က ဘရာမပါပဲ sexy ပို့စ် ပေးထားတဲ့ ဓါတ်ပုံတွေကို အွန်လိုင်းမှာ ပြန်တင်ဖို့ စီစဉ်ထားတယ်” ဟု မော်ဒယ် ဇွန်သဉ္ဖာက ဆိုသည်။

Read More »

အောင်မြင်မှုထိန်းရတာ ပိုခက်တယ်ဆိုတဲ့ ဝတ်မှုန်ရွှေရည်

ဝါးဝါး (မြစ်မခ)   အောင်မြင်သည့် အနုပညာရှင်တစ်ယောက်ရဲ့ဘဝအတွက် စိတ်ဓါတ်ကြံ့ခိုင်မှုရှိရန်လိုအပ်ပြီး အနာဂတ်အစီစဉ်တွေကိုလည်း အစီအစဉ်တကျရေးဆွဲတတ်ဖို့ လိုတယ်လို့ အကယ်ဒမီသရုပ်ဆောင် ဝတ်မှုန်ရွှေရည်က ဆိုပါတယ်။ ”အောင်မြင်ဖို့ဆိုရင် အဓိကက စိတ်ဓါတ်ကြံ့ခိုင်ဖို့နဲ့ ကိုယ့်အနာဂတ်အတွက်  Plan ချတတ်ဖို့ အဓိက လိုတယ် လို့ ကစ်ထင်ပါတယ်။ ကစ်လည်း ကိုယ့်အလုပ်အတွက် plan ထားတယ်။ အဲ့ဒါမှ အလုပ် တစ်ခုပြီးတာနဲ့ နောက် ဘာလုပ်ရမယ်ဆိုတာ ရှိလာတယ်။ နောက်ပြီး စိက်ဓာတ်ကျစရာတွေ ကြုံလာတဲ့အခါ လွယ်လွယ်နဲ့ စိတ်ဓါတ်မကျဘဲ စိက်ကိုအမြဲ ကြံ့ကြံ့ခံနိုင်အောင်ထားတယ်။” လို့  ဝတ်မှုန်ရွှေရည်(ခေါ်) ကစ်ကစ်က ပြောခဲ့တာပါ။

Read More »