Monday , December 18 2017
Home / သတင်း / အနုပညာသတင်း (page 8)

အနုပညာသတင်း

ဖေ့စ်ဘွတ်တွင်ပျံ့နှံ့မှုများမှာ တစ်စုံတစ်ယောက် အကွက်ချစီစဉ်ခြင်းဖြစ်ကြောင်း မိုးယံဇွန်ဖြေရှင်း

ဝါးဝါး (မြစ်မခ) သရုပ်ဆောင်မိုးယံဇွန်နှင့် သရုပ်ဆောင်ယုသန္တာတင်တို့ နှစ်ဦးနှင့်ပတ်သတ်သော ဓာတ်ပုံနှင့် အသံဖိုင်များသည် ဧပြီ ၁၉ ရက်က လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိပြီး ဖေ့စ်ဘွတ်သုံးစွဲသူများအကြား စိတ်အဝင်စားဆုံး သတင်းတစ်ပုဒ်ဖြစ်နေကြောင်း သိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ ကာယကံရှင်ဖြစ်သူ သရုပ်ဆောင် မိုးယံဇွန်က ပြန်လည်ဖြေရှင်းခဲ့ပြီး အဆိုပါ ကိစ္စရပ်သည် မသမာသူတစ်ဦး၏လုပ်ကြံမှုဖြစ်ကာ ထွက်ပေါ်လာသည့် အသံဖိုင်များမှာလည်း ၎င်းတို့၏ အသံ ဖိုင်များမဟုတ်ကြောင်း မိုးယံဇွန်ကငြင်းဆိုလိုက်သည်။ 

Read More »

Style Plus H Organization မှ  အလှမယ်အေးချမ်းမြေ့ကို နှစ်ကူးအလှူအဖြစ် စာချုပ်မှ ကင်းလွတ်ခွင့်ပေး

  ဝါးဝါး(မြစ်မခ) အလှမယ်အေးချမ်းမြေ့ကို ကတိတည်ခြင်းနှင့် စည်းကမ်းလိုက်နာမှုရှိခြင်းတို့ကြောင့် နှစ်ကူးအလှူအဖြစ် Style Plus H Organization မှ လက်ကျန်စာချုပ်သက်တမ်းမှ ကင်းလွတ်ခွင့်ပေးလိုက်ကြောင်း သိရှိရသည်။ အလှမယ်အေးချမ်းမြေ့သည် Miss Globe International 2014နှင့်Miss Asean 2014 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ်အဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး Style Plus H Organization ၃ နှစ်တာ သဘောတူစာချုပ်ကို ၂၀၁၄ ခုနှစ်မှ စတင်ချုပ်ဆိုထားခြင်းဖြစ်ပြီး ကျန်ရှိနေသော စာချုပ်သက်တမ်း ၂ နှစ်တာ ကာလကို ကင်းလွတ်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

Read More »

စတုတ္တအကြိမ်မြောက် လယ်တောသူအလှပြိုင်ပွဲတွင် မြန်မာ့ရိုးရာကျေးလက်အကပါ ထည့်သွင်းသွားမည်

ကြယ်စင်လင်း (မြစ်မခ) ရန်ကုန်၊ ဇန်နဝါရီလ(၁၂) ရက် ၂၀၁၆ ခုနှစ်တွင် ကျင်းပမည့် စတုတ္တအကြိမ်မြောက် လယ်တောသူအလှပြိုင်ပွဲ Miss Farmer Contest 2016 ၌ တောဓလေ့ကိုဖော်ပြသည့် မြန်မာ့ရိုးရာကျေးလက်အကပြိုင်ပွဲကိုပါ ထပ်မံထည့်သွင်းကျင်းပသွားမည်ဖြစ် ကြောင်း သိရှိရသည်။ အဆိုပါပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် UMFCCI တို့၏ ဆုံးဖြတ်ချက်ဖြင့်  မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှတာဝန်ယူကြီးမှူး၍ ကျင်းပခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လ(၃) ရက် တွင် MCC ခန်းမ၌ ကျင်းပသွားမည်ဖြစ်သည်။

Read More »

နားလည်မှုနှင့် လက်တွဲလုပ်ဆောင်သွားမည့် ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုမေ

ဝါးဝါး(မြစ်မခ)   Myanmar Media 7 နှင့် ဗီယက်နမ်မင်းသမီး ငုယင်ထရန်ဟုရန်မေတို့ အကျိုးတူပူးပေါင်း၍ ၂၀၁၆ ခုနှစ် ဖေ ဖော်ဝါရီလမှစတင်၍ မြန်မာနိင်ငံတွင် ရုပ်ရှင်ဇာတ်ကားရိုက်ကူးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်က ရန် ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်ဂါးဒင်းဟိုတယ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။ Myanmar Media 7အနေဖြင့် မြန်မာနှင့်ဗီယက်နမ်နိုင်ငံတို့ ချစ်ကြည်ရေးအပြင် နှစ်နိုင်ငံကြား အနုပညာ အလုပ်များ ဖလှယ်ခွင့်ရရန်ယခုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read More »

ကရင်နှစ်သစ်ကူးပွဲ မင်းသားဖိုးချစ် အခမဲ့ဖျော်ဖြေမည်

ပီတီတီ (မြစ်မခ) ဘားအံ၊ နိုဝင်ဘာလ(၂၃) ရက်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြိုင်ခန်းမတွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်၌ ကျင်းပ မည့် ကရင်နှစ်သစ်ကူးပွဲတွင် ဇာတ်မင်းသား ဖိုးချစ်က အခမဲ့ ကပြဖျော်ဖြေမည်ဖြစ်ကြောင်း ကရင် နှစ်သစ်ကူးပွဲတော် ကျင်းပရေးကော်မတီ အကြိုဆွေးနွေးပွဲမှ သိရှိရသည်။ “မင်းသားဖိုးချစ်ကိစ္စက ဟို ၂၀၁၀ တုန်းကလည်း ဒီအစီအစဉ်ပြောထားခဲ့တာရှိတယ်။ ခင်မင်မှုအရ ဒီတစ်ကြိမ်လည်း ပြောထားတာ။ ပြင်ဆင်လိုက်ဖို့အားနာတယ်။ မဲဆောက်ဘက်မှာရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလည်း လာကြည့်လို့ရအောင် ကျွန်တော်တို့ကလူမျိုးဘာသာခွဲခြားမှု မရှိဘူးဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ လက်ခံသင့်တယ်လို့မြင်တယ်”  ဟု ကရင်နှစ်သစ်ကူးပွဲဖြစ်မြောက်ရေး အကြိုဆွေးနွေးပွဲမှ အခမ်းအနားမှူး ဦးစောဝင်းစိုးက ပြောသည်။

Read More »