Sunday , May 28 2017
Home / သတင်း / အနုပညာသတင်း (page 5)

အနုပညာသတင်း

တေးသံရှင်ဂျက်မြသောင်း ဂီတအစည်းအရုံးကို တရားစွဲဆိုသွားမည်

ဝါးဝါး (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ (၂) ရက်။ မြန်မာနိုင်ငံဂီတအစည်းအရုံးသည် အဆိုတော် ဂျက်မြသောင်း၏ သီချင်းများကို ခွင့်ပြုချက်မယူဘဲ ထုတ်လွှင့် ခွင့်ပေးသောကြောင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း တေးသံရှင် ဂျက်မြသောင်းက စက်တင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့၊ မြန်မာဂျာ နယ်လစ်ကွန်ရက်ရုံးခန်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုလိုက်သည်။

Read More »

Myanmar Idol Season (2) သီချင်းဆိုပြိုင်ပွဲကို မြို့ကြီး (၅)မြို့အပြင် မြို့နယ် ပေါင်း(၁၅)မြို့နယ်တွင် Mobile Casting စနစ်ဖြင့် ကျင်းပမည်

ယမုံ (မြစ်မခ) ရန်ကုန်၊ သြဂုတ်လ(၂၄)ရက်။ Myanmar Idol Season(2) သီချင်းဆိုပြိုင်ပွဲကို မြန်မာနိုင်ငံ၏ အထင်ကရမြို့ကြီး (၅)မြို့အပြင် မြို့နယ် ပေါင်း(၁၅)မြို့ နယ်တွင် Mobile Casting စနစ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ရန်ကုန်မြို့ရှိ Novotel Hotel တွင် သြဂုတ်လ(၂၄) ရက်နေ့က ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် Myanmar Idol Season(2) ပြိုင်ပွဲအား ကမ္ဘာ့အကျော်ကြားဆုံး American Idol ပြိုင်ပွဲ၏ နည်းစနစ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Read More »

ရဲလေး၏ (၈)ခွေမြောက်တစ်ကိုယ်တော်တေးစီးရီးကို ပွင့်လင်းရာသီတွင် ထွက်ရှိရန်ပြင်ဆင်

ဝါးဝါး(မြစ်မခ) ရန်ကုန်၊ သြဂုတ် (၁၅)ရက်။ သရုပ်ဆောင်၊ အဆိုတော် ရဲလေးအနေဖြင့် ၎င်း၏ (၈)ခွေမြောက်တစ်ကိုယ်တော်တေးစီးရီးကို ပွင့်လင်းရာသီ တွင် ထွက်ရှိနိုင်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ အဆိုပါတေးစီးရီးတွင် သီချင်းအမျိုးအစားစုံလင်အောင် ထည့်သွင်းသွားမည်ဖြစ်ပြီး Big Album အဖြစ် ထုတ် လုပ်သွားမည်ဖြစ်ကြောင်း ရဲလေးကပြောသည်။

Read More »

အခမဲ့အငြိမ့်ဖျော်ဖြေပွဲကို နိုဝင်ဘာလမှစတင်၍ တစ်နိုင်ငံလုံးအနှံ့ကျင်းပသွားမည်

ဝါးဝါး(မြစ်မခ) အခမဲ့ အငြိမ့်ဖျော်ဖြေပွဲများကို ဇာဂနာမှ ဦးစီးကာ နိုဝင်ဘာလမှစတင်၍ တစ်နိုင်ငံလုံးအနှံ့ ကျင်းပသွားမည်ဖြစ် ကြောင်း Myanmar Media 7 မှ သိရှိရသည်။ အဆိုပါအခမဲ့ငြိမ့်ဖျော်ဖြေပွဲများကို Myanmar Media 7 မှ တာဝန်ယူတင်ဆက်မည်ဖြစ်ပြီး လက်ရှိသဘင်လော ကကို ရုပ်ရှင်ဂီတကဲ့သို့အောင်မြင်စေလိုသည့်ရည်ရွည်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း Myanmar Media 7 ဥက္ကဌ ဝေမင်းမောင်ကပြောသည်။

Read More »

ရေဘေးသင့်ဒေသများကိုလှူဒါန်းရန် အဆိုတော်ပိုပို၏ ဖေ့စ်ဘွတ်ပရိုဖိုင်ဓါတ်ပုံကို ကြမ်းခင်းဈေးငါးသိန်း ဖြင့် လေလံခေါ်

ဝါးဝါး (မြစ်မခ) ရန်ကုန်၊ သြဂုတ် (၉) ရက်။ အဆိုတော်ပိုပိုအနေဖြင့် ရေဘေးသင့်ဒေသများကို လှူဒါန်းရန်အတွက် သူမသုံးစွဲနေသော ဖေ့စ်ဘွတ်အကောင့် ပရိုဖိုင်ဓါတ်ပုံနေရာကို တစ်လငှားရမ်းပေးမည်ဖြစ်ကြောင်း သိရှိရသည်။ ပိုပိုအနေဖြင့် သူမသုံးစွဲနေသော ဝတ်ရည်မိုး(Po Po Singer)ဖေ့စ်ဘွတ်ပရိုဖိုင်ဓါတ်ပုံနေရာကို ငှားရမ်းရာတွင် ကြမ်းခင်းဈေး ငါးသိန်းကျပ်မှစပြီး လေလံခေါ်ယူသွားမည်ဖြစ်ကာ တစ်လသာ ငှားရမ်းမည်ဖြစ်ကြောင်း သူမက ပြောသည်။

Read More »