Saturday , June 3 2017
Home / သတင်း / အနုပညာသတင်း (page 4)

အနုပညာသတင်း

မိသားစု တကွဲတပြားနေထိုင်ရသောကာလတွင် ဖြစ်ပွားခဲ့သော ကိစ္စအပေါ် စိတ်မကောင်းဖြစ်မိကြောင်း အောင်ရင်ပြော

ဝါးဝါး(မြစ်မခ) ရန်ကုန်၊ အောက်တိုဘာ (၁၃)ရက်။ အခြေအနေအရပ်ရပ်ကြောင့် မိသားစုဝင်များ တကွဲတပြားနေထိုင်နေရသောကာလတွင် မိုးအောင်ရင်မှာ မူးယစ် ဆေးဝါးမှုဖြင့် တရားရင်ဆိုင်နေရသည့်အပေါ် လွန်စွာစိတ်မကောင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ အဆိုတော် အောင်ရင်က ပြောဆိုလိုက်သည်။  

Read More »

လူမှုကွန်ယက် စာမျက်နှာမှ မြန်မာကားမကြိုက်သူများတွေ့ဆုံပွဲ Event တွင် မြန်မာဇာတ်လမ်းများအပေါ် ဝေဖန်မှုများ မြင့်တက်လာ

ဝါးဝါး (မြစ်မခ) ရန်ကုန်၊ အောက်တိုဘာ (၁၀) ရက်။ လူမှုကွန်ရက်ဖေ့စ်ဘွတ်တွင် International Movie News စာမျက်နှာမှ အောက်တိုဘာ ၇ ရက်တွင် အပျော် တမ်းစတင်ပြုလုပ်ခဲ့သည့် မြန်မာကားမကြိုက်သူများတွေ့ဆုံပွဲ Event ကို စိတ်ဝင်စားသူမှာ (၄)ရက်အတွင်း သောင်းဂဏန်းထိရှိလာပြီး မြန်မာဇာတ်လမ်းများအပေါ် ဝေဖန်မှုများလည်းမြင့်တက်လာကြောင်း သိရှိရသည်။

Read More »

ခိုးဆိုးလုနှိုက်ရုပ်ရှင်ဇာတ်ကားကြီး အကယ်ဒမီစာရင်းမှပယ်ချခံရမှု မဟုတ်မှန်

ဝါးဝါး(မြစ်မခ) ယခုနှစ်အတွင်းပြသအောင်မြင်ခဲ့သော ခိုးဆိုးလုနှိုက်ရုပ်ရှင်ဇာတ်ကားကြီးသည် ၂၀၁၆ ခုနှစ် မြန်မာရုပ်ရှင်ဇာတ် ကားအကယ်ဒမီစာရင်းမှပယ်ချခံရသည်ဟု ထွက်ပေါ်နေသည့်သတင်းမှာ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ သိရှိရသည်။ ၂၀၁၆ ခုနှစ်အတွင်း ရုံတင်ပြသနေသော ရုပ်ရှင်ဇာတ်ကားအားလုံးသည် အကယ်ဒမီစာရင်းတွင် အလို အလျောက် ပါဝင်ပြီးဖြစ်သည့်အတွက် ခိုးဆိုးလုနှိုက်ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ယခုနှစ်အကယ်ဒမီ စာရင်းတွင် ပါဝင်ကြောင်း မြန်မာ နိုင်ငံရုပ်ရုင်အစည်းအရုံးမှ ဒုတိယဥက္ကဌ ဦးအေးကြူလေးကပြောသည်။

Read More »

ရိုက်ကူးရေးပျက်ကွက်ခဲ့သည့် ဖွေးဖွေးကိစ္စ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တိကျသော အဖြေမပေးနိုင်

ဝါးဝါး (မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ (၁၃) ရက်။ Miniso ကြော်ငြာရိုက်ကူးခြင်းနှင့် ပတ်သက်၍ ပျက်ကွက်ခဲ့သည့် သရုပ်ဆောင်ဖွေးဖွေးကိစ္စအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် လက်ရှိတွင် တိကျသောအဖြေမပေးနိုင်သေးကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှ ဒုတိယဥက္ကဌ ဦးအေးကြူလေး၏ ပြောဆိုချက်အရသည်။

Read More »

စိတ်ကြိုက်ဇာတ်လမ်းနှင့် ဇာတ်ကောင်အား ရွေးချယ်နိုင်သည့်အခွင့်အရေးမရှိကြောင်း သရုပ်ဆောင် ညီထွဋ် ခေါင်ပြော

ဝါးဝါး(မြစ်မခ) ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက်။ လက်ရှိဗီဒီယိုလောက၌ ဈေးကွက်အနေအထားကြောင့် စိတ်ကြိုက်ဇာတ်လမ်းနှင့် ဇာတ်ကောင်အား ရွေးချယ်နိုင်သည့်အခွင့်အရေးမျိုးမရှိကြောင်း သရုပ်ဆောင်ညီထွဋ်ခေါင် က ပြောဆိုလိုက်သည်။ “ကျွန်တော့်မှာ ရွေးချယ်ရမယ့်အခွင့်အရေးမျိုးတွေ မရှိသေးဘူး။ ဒါပေမဲ့ အရင်တုန်းကထက်စာရင် အဓိကနေရာ တွေ သရုပ်ဆောင်လို့ရမယ့်အခွင့်အရေးတွေ ရလာတယ်။ ထုတ်လုပ်သူနဲ့ ကျွန်တော်တို့နဲ့က ပရိသတ်ကြိုက် မယ့်ကားတွေကိုတိုင်ပင်ပြီးတော့ ရိုက်နေရတယ်။ ကိုယ့်စိတ်ကြိုက်ချည်းပဲ ရိုက်လို့တော့မရဘူး။ ဈေးကွက်အ ခြေအနေအရ လောလောဆယ်မှာ ဈေးကွက်ကိုမနည်းလိုက်ရှာနေရတဲ့အတွက် ဈေးကွက်အနေအထားကြောင့် ပရိသတ်ကြိုက်မယ့်ကားကိုပဲ ရွေးရိုက်နေရတာပေါ့”ဟု ညီထွဋ်ခေါင်က ပြောသည်။

Read More »