Monday , May 29 2017
Home / သတင်း / အနုပညာသတင်း (page 38)

အနုပညာသတင်း

ရိုက်ကူးခကြောင့် ၂၀၀၅ နောက်ပိုင်း ပုဂံနောက်ခံဇာတ်လမ်း မရှိသလောက် ဖြစ်လာ

ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း ရုပ်ရှင်၊ ဗွီဒီယိုနှင့်ကြော်ငြာရိုက်ကူးခ မြင့်မားမှုကြောင့် ရိုက်ကူး ထုတ်လုပ်သူများအနေဖြင့် အခက်အခဲဖြစ်နေသည်ဟု ရုပ်ရှင်နှင့် ဗွီဒီယိုအသိုင်းအ၀ိုင်းက ပြောသည်။ ပုဂံယဉ်ကျေးမှုနယ်မြေတွင် ရုပ်ရှင်၊ဗွီဒီယို၊ကြော်ငြာရိုက်ကူးပါက (၁၂)နာရီကို ကျပ်(၅)သိန်းပေးရပြီး သတ်မှတ်ထားသည့် နာရီကျော်လွန်သွားပါက (၁)နာရီလျှင် ကျပ်(၅)သောင်းနှုန်းဖြင့် ထပ်ပေးရ ကြောင်း သိရသည်။

Read More »

စာပေနှင့်သတင်းသမားများက မြို့မနှင့်တွဲ၍ ငလျင်ဒဏ်သင့်ရံပုံငွေပွဲ ဆင်နွှဲမည်

အထက်မြန်မာပြည်မှ ငလျင်ဒဏ်ခံရသော ပြည်သူများအား လှူဒါန်းနိုင်ရန်အတွက် မန္တလေးစာပေအနုပညာရှင် များနှင့် သတင်းသမားများ စုစည်းကာ ရံပုံငွေဖျော်ဖြေပွဲတစ်ရပ်အား ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေး သတင်းသမားများထံမှ သိရှိရသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ(၁၁)နေ့က လှုပ်ခက်ခဲ့သည့် ငလျှင်ကြောင့် သပိတ်ကျင်းနှင့် စဉ်ကူးဒေသမှ   ငလျင် ဒဏ်ခံခဲ့ရသော ပြည်သူများကို လှူဒါန်းရန်အတွက် ရံပုံငွေဖျော်ဖြေပွဲအား ဇန်န၀ါရီိလ(၅)ရက်နေ့၌ မန္တလေးမြို့ ပန်တြာကျောင်းဝင်းအတွင်းရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်ပပြုလုပ်သွားမည်ဖြစ်သည်။ ”အဓိက ရည်ရွယ်ချက်ကတော့ ကိုယ်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြည်သူတွေ အခုလိုဒုက္ခရောက်တဲ့ အတွက် စာပေပညာရှင်တွေကပြန်ကူညီတဲ့ သဘောပါပဲ။ နောက်ပြီိးတော့ သတင်းသမားတွေဆိုတာ သတင်းအလုပ် တစ်ခုတည်း လုပ်တာမဟုတ်ဘဲအခု လိုပရဟိတအလုပ်တွေလည်း လုပ်တယ်ဆိုတာလည်း သိစေချင်တာလည်း ပါပါတယ်။ နောက်ပြီးမန္တလေးက၀ါရင့် စာပေအနုပညာရှင်တွေနဲ့ သတင်းသမားတွေ …

Read More »