Sunday , December 3 2017
Home / သတင်း / အနုပညာသတင်း (page 30)

အနုပညာသတင်း

အိမ်ထောင်ရေးကို နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ ဖြိုးငွေစိုး

အိမ်ထောင်ကျသွားတဲ့ သရုပ်ဆောင်ဖြိုးငွေစိုးက အိမ်ထောင်ရေးကို နားလည်မှုတွေနဲ့ တည်ဆောက်ထားတာ ကြောင့် အလုပ်မှာထူးထူးခြားခြားပြောင်းလဲသွားတာတွေ                           မရှိဘူးလို့ ဆိုပါတယ်။ “ကိုယ့်ဘ၀နဲ့တစ်ထပ်တည်းကျတယ်လို့ယူဆလို့ အိမ်ထောင်ပြုခဲ့တာပါ။သိပ်အမှားအယွင်း အပြောင်းအလဲ မရှိပါဘူး။ ကျွန်တော်လုပ်ချင်တဲ့အလုပ်ကို လွတ်လွတ်လပ်လုပ်ခွင့်ရရင်ကျေနပ်တယ်”လို့ ပြောပါတယ်။

Read More »

ပထမဆုံးရုပ်ရှင်အတွက် ပျူခေတ်စကားပြောနဲ့အ၀တ်အစားတွေပြင်နေတဲ့ မေမြင့်မိုရ်

တက်သစ်စသရုပ်ဆောင် မေမြင့်မိုရ်က သူ့ရဲ့ပထမဆုံးရုပ်ရှင်ကားက ရာဇ၀င်ဇာတ်ကား ဖြစ်တာကြောင့် ပျူခေတ်စကားပြောနဲ့ အ၀တ်အစားတွေ ပြင်နေတယ်လို့ ဆိုပါတယ်။ “အစ်မလုပ်ရမယ့် ကာရိုက်တာကတော့ အရမ်းကြိုက်တဲ့ ကာရိုက်တာဖြစ်တော့ အရမ်းလည်း ရင်ခုန်ပါတယ်။ ဒါကျတော့ ဒါရိုက်ဦးဝင်းထွန်းထွန်း ပြသပေးတဲ့ ပုံစံအတိုင်း သရုပ်ဆောင်ရမှာပါ။ ခေတ်ဟောင်း မှာ ပျူခေတ်လောက်ကို သွားကျတဲ့အတွက် စကားပြောတဲ့ အပိုင်းကအစ အ၀တ်အစားပိုင်းကအစ သေချာ ပြင်ရမှာပေါ့နော်” ဟု မေမြင့်မိုရ်ကပြောသည်။

Read More »

အဆိုတော်မီးမီးခဲက ခံစားချက်တွေအသက်သွင်းပြီး အသစ်ကပြန်စမယ်

အသစ်ကပြန်စမယ်ဆိုတဲ့ စီးရီးအသစ်ကို အများကြီးမျှော်လင့်နေပါတယ်လို့ အဆိုတော်မီးမီးခဲက ဆိုပါတယ်။ “ဒီဇင်ဘာမရောက်ခင်မှာ တစ်ကိုယ်တော်အခွေအသစ် နောက်တစ်ခွေရှိပါတယ်။ တစ်ခွေလုံး အစ်မကိုယ်တိုင် ရေးထားတာပါ။ Bandကိုတော့ အစ်မကိုယ်ပိုင် Band MMK THE ROCK နဲ့ပဲ ဆိုထားပါတယ်။ တစ်ခွေလုံး ကိုယ် တိုင်ရေးထား တယ်”လို့ မီးမီးခဲက ဆိုပါတယ်။

Read More »

လမ်းဘေးအရက်သမားဘ၀ကနေ ကိုယ့်ကိုကိုယ်ပြုပြင်ပြီး ရုန်းထွက်ခဲ့တဲ့ ဒိန်းဒေါင်

ဟာသသရုပ်ဆောင်ဒိန်းဒေါင်က သူငယ်ချင်းတွေ နာမည်ကြီးသွားတဲ့အချိန်မှာ လမ်းဘေးအရက်သမားဘ၀ ကနေ ကိုယ့်ကိုကိုယ်ရုန်းထွက်ဖို့ ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ “ငယ်သူချင်းတွေ ကိုခင်လိုင်၊ မျိုးကို၊ ကိုဘိုလှ၊ ကျွန်တော်ရယ်ပေါ့နော်။ သူငယ်ချင်းတွေလိုနေခဲ့ကြတာ။ ခင်လှိုင်ကနာမည်ကြီးသွားပြီးတော့ ကျွန်တော်က လမ်းဘေးက အရက်သမားဘ၀နဲ့ ကျန်နေခဲ့တယ်။ အဲဒါနဲ့ ကိုယ့်ကိုကိုယ်ပြုပြင်ပြီး၊ ထိန်းသိမ်းပြီးတော့ ဘာသာရေးဘက်ကို ကိုင်းရိုင်းပြီးတော့ ဒီဘ၀ကိုရောက်ခဲ့တာပါ” လို့ ဒိန်းဒေါင်က ဆိုပါတယ်။

Read More »

အသည်းကွဲရင်အလုပ်အကိုင်ပျက်လို့ ရည်းစားမထားတော့တဲ့ အဆိုတော် ရဲရင့်အောင်

လူငယ်အဆိုတော် ရဲရင့်အောင်က အသည်းကွဲရင် အလုပ်အကိုင်တွေပျက်လို့ ရည်းစားမထားတော့ဘူးလို့ ဆိုလိုက်ပြီး လက်ရှိမှာတော့ စီးရီးအသစ်ထုတ်ဖို့နဲ့ သရုပ်ဆောင်ဘက်ကို လှမ်းဖို့ ပြင်ဆင်နေပါတယ်လို့ ဆိုပါတယ်။ “ခံစားချက်ပြောင်းသွားတာလည်းပါမယ်။ ကျွန်တော် အခုအခြေအနေနဲ့ အသည်းကွဲနေလို့မရတော့ဘူး။ အသည်းကွဲနေရင် အလုပ်ပျက်အကိုင်ပျက်တယ်။ အသည်းလည်းမကွဲချင်တော့ဘူး။ ရင့်ကျက်တာလည်းပါမယ်။ ကျွန်တော်ရည်းစားလည်းမထားပါဘူး” ဟုရဲရင့်အောင်ကဆိုသည်။

Read More »