Tuesday , November 28 2017
Home / သတင်း / အနုပညာသတင်း (page 20)

အနုပညာသတင်း

မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေး နှစ်(၆၀)ပြည့်အထိမ်းအမှတ် သံစုံတီးဝိုင်းဖျော်ဖြေပွဲ ရန်ကုန်တွင် ကျင်းပမည်

ဂျပန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး နှစ်(၆၀)ပြည့် အထိမ်းအမှတ်အဖြစ် သံစုံတီးဝိုင်းဖျော်ဖြေပွဲအား ရန်ကုန်မြို့ရှိ အမျိုးသားပြဇာတ်ရုံတွင် ဒီဇင်ဘာ(၂)ရက်နေ့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ “ဒီပွဲဟာ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ချစ်ကြည်ရင်းနှီးမှုနဲ့ ဆက်ဆံရေးကို ပိုပြီးလေးနက်ခိုင်မာစေမှာပါ။ နှစ်နိုင်ငံ ဂီတကိုရောနှောထားတဲ့ သီချင်းတွေအပြင် ရုပ်ရှင်သီချင်းတွေဂန္ထဝင်သီချင်းတွေပါဝင်မှာပါ။”ဟု ဂျပန်နိုင်ငံမှ ဂီတအဖွဲ့ခေါင်းဆောင်Mr.YAMAMOTO  YUNOSUKE က ပြောသည်။

Read More »

မသန်စွမ်းတွေကို စိတ်ချလက်ချ ပိုမိုပေါင်းသင်းလာတဲ့ ဇော်ဝင်းထွဋ်

ကျွန်တော့်ကို ဒုက္ခပေးနေသူတွေက မျက်စိနဲ့ နား၊ ပါးစပ်ဖွင့်ထားသူများသာ ဖြစ်သည်ဟု ၀ါရင့် Rock အဆိုတော်ဇော်ဝင်းထွဋ်က ထုတ်ဖော်ပြောကြားလိုက်သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာ(၂၆)ရက်က Park Royal ဟိုတယ်တွင် ပြုလုပ်သည့် Immense Spectrum အာဆီယံ မသန်စွမ်းသူများ အနုပညာပွဲတော်၏ ဒုတိယအကြိမ်မြောက် စာနယ်ဇင်းရှင်းလင်းပွဲအခမ်းအနားတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Read More »

ရိုးစင်းသောဘ၀မှာနေထိုင်တဲ့ သရုပ်ဆောင် နန်းစံ

မိမိလုပ်ငန်းတွင် ပျော်ရွှင်စွာ ရပ်တည်နေနိုင်လျှင် မိမိကိုယ်ကိုယ်အောင်မြင်ပြီဟု သတ်မှတ်နိုင်ကြောင်း ၂၀၁၄ ခုနှစ် ၊ Enat Beauty Award Masuri Consmetic(Miss)Xsellize (Collection) Brand Ambassador မော်ဒန် သရုပ်ဆောင် နန်းစံက ပြောသည်။ “ ညီမအနေနဲ့ကိုယ်ကို အောင်မြင်တယ်လို့ မသတ်မှတ်ထားပါဘူး။ အောင်မြင်ဆိုတာက ကိုယ်လုပ်တဲ့ လုပ်ငန်း မှာ ပျော်ရွင်စွာရပ်တည် နေနိုင်ပြီဆိုရင် ကိုယ်ဘ၀အတွက်လည်း အထောက်အကူဖြစ်သွားပြီ။ ကိုယ်လုပ်တဲ့ အရာတိုင်းက သက်ရောက်မှုရှိပြီး အရာတိုင်းက ဖြစ်မြောက်ပြီဆိုရင် အောင်မြင်ပြီဆိုလို့ရမယ်။ ဒါပေမဲ့ ညီမအဲဒီလိုအခြေအနေထိ မရောက်သေးပါဘူး”ဟု မော်ဒန်သရုပ်ဆောင်နန်းစံက ဆိုသည်။

Read More »

ပရိတ်သတ်အတွက် အမြင်ဆန်းဆန်းပေးနိုင်ရန် ကြိုးစားထားသည့် ဟန်ထွန်း

ပရိတ်သတ်အား အမြင်ဆန်းဆန်းပေးနိုင်ရန်ရည်ရွယ်ပြီး ခေါင်းနဲ့ပန်း DVD အား စင်္ကာပူနိုင်ငံနှင့် ဂျပန်နိုင်ငံအထိ သွားရောက်ရိုက်ကူးထားခြင်းဖြစ်သည်ဟု အဆိုတော် ဟန်ထွန်းကဆိုသည်။ “ခေါင်းနဲ့ပန်းအခွေကိုတော့ ပရိသတ်တွေကို အမြင်ဆန်းဆန်းလေးပေးချင်တာကြောင့် ပြင်ဆင်ခဲ့တာပါ။ ကုန်ကျစားရိတ်ကတော့ တော်တော်များပါတယ်။”ဟု အဆိုတော်ဟန်ထွန်းက ဆိုသည်။

Read More »

တကယ်ချစ်နိုင်တဲ့သူကို ရွေးသွားမယ်ဆိုတဲ့ မေဘရဏီသော်

Visit Japan သံတမန် အလှမယ် မေဘရဏီသော်နှင့် ခဏတာ Miss People 2013 ရဲ့ 1st Runner up ဆုရှင် အလှမယ်မေဘရဏီသော်က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့ကနေ နိုဝင်ဘာ ၁၁ ရက်နေ့ထိ ကျင်းပနေတဲ့ Miss International Beauty Pageant 2014 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဆိုပါပြိုင်ပွဲကျင်းပတဲ့ International Cultural Association ရဲ့ တင်ပြမှုကြောင့် ဂျပန်နိုင်ငံသို့ ပြည်ပဧည့်သည်များ လာရောက်မှု မြှင့်တင်ရေးဆိုင်ရာ သံအမတ်အဖြစ် ဂျပန်အစိုးရက ၂၀၁၄ နိုဝင်ဘာ (၆) ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ခန့်အပ်လွှာနဲ့ …

Read More »