Sunday , May 28 2017
Home / သတင်း / အနုပညာသတင်း (page 2)

အနုပညာသတင်း

R ဇာနည်က ကမ္ဘာသား Audio တေးစီးရီးရောင်းရငွေ ကျပ်သိန်း(၃၀၀)ကျော်ကို လိုအပ်နေသော ဒေသများသို့ ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့

ဝါးဝါး (မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာ (၂၃)ရက်။ အဆိုတော် R ဇာနည်၏ စတုတ္တမြောက် ကမ္ဘာသား Audio တေးစီးရီးရောင်းရငွေ ကျပ်သိန်း(၃၀၀)ကျော်ကို အကူအညီ လိုအပ်နေသော ဒေသများသို့ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။   

Read More »

နာမည်ကြီးမင်းသမီးနှင့် အချစ်ဇာတ်လမ်းကို ဒီဇင်ဘာလမှာ အဆုံးသတ်လိုက်တဲ့ မိုးယံဇွန်

ဝါးဝါး (မြစ်မခ) ရန်ကုန်၊ ဒီဇင်ဘာ(၁၆)ရက်။ သရုပ်ဆောင် မိုးယံဇွန်နှင့် နာမည်ကြီးမင်းသမီးတစ်ဦး၏ အချစ်ဇာတ်လမ်းကို ဒီဇင်ဘာလအတွင်းက အဆုံး လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ မိုးယံဇွန်က ချစ်သူနှင့် အဆင်မပြေသော ကိစ္စအချို့ကြောင့် လမ်းခွဲလိုက်ကြောင်း သိရသည်။ “အချစ်ရေးကတော့ အရင်လိုချစ်သူမရှိတော့ဘူး။လမ်းခွဲထားတယ်။တစ်ချို့ကိစ္စတွေက ကျွန်တော့်အတွက် အဆင်မပြေလို့ သူနဲ့ လမ်းခွဲထားတယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ အချစ်ရေးရော၊ အိမ်ထောင်ရေးရော ဘာမှမစဉ်းစားသေးဘူး။”ဟု မိုးယံဇွန်က ပြောသည်။ သရုပ်ဆောင်မိုးယံဇွန်၏ အချစ်ရေးသည် မေလအတွင်း၌ သူနှင့်သူ၏ချစ်သူနာမည်ကြီး သရုပ်ဆောင်တို့ စကား များရန်ဖြစ်သည်ဟူသော အသံဖိုင်များသည် လူမှုကွန်ယက်တွင် ပျံနှံခဲ့ပြီး အဆိုပါကိစ္စသည် ကောလဟာလဖြစ် ကာ မသမာသူများမှ လုပ်ကြံဖန်တီးခြင်းဖြစ်ကြောင်း မိုးယံဇွန်ဘက်က ပြန်လည်ဖြေရှင်းခဲ့ကြောင်း သိရသည်။ လက်ရှိတွင် …

Read More »

ငဘရုပ်ရှင်ဇာတ်ကားတွင် ခေတ်အဆက်ဆက်မှ လယ်သမားတို့၏ ဘ၀များအား နှိုင်းယှဉ်ကြည့်နိုင်

သီဟလွင် (မြစ်မခ) ပြည်၊ နိုဝင်ဘာ(၁၇)ရက်။ ဆရာကြီးမောင်ထင်၏ ငဘ၀တ္ထုအား ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ရိုက်ကူးခဲ့ပြီး အဆိုပါ ရုပ်ရှင်ကားတွင် ခေတ်  အဆက်ဆက် လယ်သမားတို့၏ ဘ၀များအား နှိုင်းယှဉ်ကြည့်ရှုသုံးသပ်နိုင်ကြောင်း ရုပ်ရှင်ကား၏ ခေါင်းဆောင်မင်းသား ဦးကျော်သူက ပြောဆိုလိုက်သည်။ 

Read More »

ဟာသ သရုပ်ဆောင် ဧရာ ခွဲစိတ်ရန်သင့်၊ မသင့်စောင့်ကြည့်ရနေ

ဝါးဝါး (မြစ်မခ) ရန်ကုန်၊ နိုဝင်ဘာ (၁၄) ရက်။ ရန်ကုန်အရိုးအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ဟာသ သရုပ်ဆောင် ဧရာမှာ ခွဲစိတ်ရန်သင့်၊ မသင့်စောင့်ကြည့်နေရသည့်အခြေအနေတွင်ရှိကြောင်း လူမမာသတင်းသွားမေးခဲ့သူ လူရွှင်တော်အသင်းမှ တွဲဖက်အတွင်းရေးမှူး ပန်းသီးထံမှ သိရှိရသည်။

Read More »

ဦးလူမင်းနှင့် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) တို့ ပြေလည်မှုရရှိ

ဝါးဝါး(မြစ်မခ) ရန်ကုန်၊ နိုဝင်ဘာ(၁၀)ရက်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်းနှင့် ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)တို့၏ ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် ပတ်သက်၍ ပြန်လည်ပြေလည်သွားခဲ့ပြီဖြစ်ကြောင်းကို နိုဝင်ဘာလ ၁၀ ရက်နေ့ က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကနှင့် အမှုဆောင်အဖွဲ့ရှေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်း အစည်းအရုံး ထုတ်ပြန်ချက်အရ သိရှိရသည်။

Read More »